OPPO Reno3 4G နဲ့ Reno3 Pro 4G ကို မတ်လမှာ ကြေညာခဲ့ပြီး အဲဒီအချိန်က Android 10 အခြေပြု ColorOS 7  ထည့်သွင်းပေးခဲ့တာပါ။ အဲဒီဖုန်း ၂ လုံးမှာ MediaTek Helio P90 နဲ့ Helio P95 Processor တွေ အသီးသီး ပါလာပြီး နိုင်ငံများစွာမှာ ရောင်းပေးထားပါတယ်။ အခုတော့ တရားဝင် ColorOS Global အကောင့်က ဒီ ၁ ပတ်ထဲမှာ အဲဒီဖုန်း ၂ လုံးအတွက် Android 11 အခြေပြု ColorOS 11 Update ဖြန့်ချိပေးမယ်လို့ ကြေညာလိုက်ပါတယ်။

ColorOS 11 Reno3 and Reno3 Pro 4G

ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ မြန်မာနိုင်ငံအပါအဝင် Thailand, Malaysia, the Philippines, Nigeria, Egypt, Vietnam, Indonesia, Cambodia, UAE, Saudi Arabia, Pakistan, Nepal, Sri Lanka, Algeria, Tunisia, Kenya နဲ့ Singapore နိုင်ငံတို့အတွက် ဖြန့်ချိပေးမှာပါ။ Russia နဲ့ Kazakhstan က Reno3 4G ပိုင်ရှင်တွေကတော့ ဒီလ ၃၀ ရက်နေ့အထိ စောင့်ရမှာပါ။

OPPO Reno 3 Pro 4G India - Full Phone Specifications, Specs, Features, Price

OPPO မျှဝေလိုက်တဲ့ ပိုစတာမှာ Australia က Reno4 5G အတွက် ဒီလ ၁၆ ရက်နေ့နဲ့ Kazakhstan က OPPO A72 အတွက်လည်း အဲဒီနေ့မှာပဲ ရမယ်လို့ ဆိုထားပါတယ်။ ဒီလ ၂၄ ရက်ကစပြီး Indonesia, Vietnam, Egypt, Myanmar, Bangladesh, Cambodia, Pakistan နဲ့ India က Reno4 4G နဲ့ Reno4 Pro 4G တို့အတွက် Update ရမှာ ဖြစ်ပြီး ဒီလ ၂၉ ရက်နေ့မှာ Kazakhstan က Reno4 Pro 4G အတွက် ဖြန့်ချိပေးမှာပါ။

Update မှာ Icons , Wallpapers, Ringtones နဲ့ Always-on Display Styles တို့အတွက် Customization Option များစွာ ပါလာမှာ ဖြစ်ပါတယ်။ ColorOS 11 မှာ ညဘက် အားသွင်းရင် အပူမလွန်ကဲအောင် အားသွင်းနှုန်းကို လျှော့ချပေးတဲ့ Night Charging ပါလာပြီး Screen ရဲ့ တစ်စိတ်တစ်ပိုင်းကို လက် ၃ ချောင်းနဲ့ ဘာသာပြန်ပေးတဲ့ လုပ်ဆောင်ချက် ထည့်ထားပါတယ်။ Multitasking ပိုကောင်းစေဖို့ Floating Window သုံးနိုင်တဲ့ FlexDrop လည်း ပါလာပါတယ်။

OPPO က Update ကို ဒီလထဲမှာ ဥရောပက Find X2 Pro , Find X2 , Reno 4 Lite နဲ့ Renbo3 တို့အတွက် ဖြန့်ချိဖို့ စီစဉ်ထားပါတယ်။

Ref : gizmochina