iPhone 13 Series ရဲ့ နောက်ဆုံးထွက်လာတဲ့ သတင်းက အားသွင်း အမြန်နှုန်း ဖြစ်ပါတယ်။ MyDrivers က Apple ဟာ iPhone 13 မော်ဒယ်တချို့မှာ အမြန်ဆုံး အနေနဲ့ 25W အားသွင်းနှုန်း ထည့်သွင်းပေးထားမယ်ဆိုတာ Supply Chain Partners တွေကနေတဆင့် သိထားတယ်လို့ သတင်းပေးလာပါတယ်။

1TB option for iPhone 13 Pro duo, LiDAR on all models, say analysts -  GSMArena.com news

Apple iPhone 12 Series မှာ အမြင့်ဆုံး အားသွင်းနှုန်း အနေနဲ့ 20W ပဲ ပါလာခဲ့တာ ဖြစ်ပြီး Apple က iPhone 13 မော်ဒယ်တချို့မှာ 25W အားသွင်းနှုန်းထည့်သွင်းပေးမယ် ဆိုပေမယ့် သိသိသာသာ တိုးတက်လာမှာ မဟုတ်ပါဘူး။ MyDrivers က Apple ဟာ 18W Charger ကို မထုတ်လုပ်တော့ဘူးလို့ ပြောပါတယ်။ လက်ရှိမှာ ၁၉.၉၉ ဒေါ်လာနဲ့ ရောင်းပေးထားတဲ့ Apple ရဲ့ 20W Charger ထက် 25W Charger က ဈေးအနည်းငယ် ပိုများနိုင်ပါတယ်။

Apple Scrapped iPhone 13 Touch ID Plans Reveals Top Insider

Apple ဟာ iPhone 13 Series မှာ Charger တွေ ထည့်သွင်းပေးမှာ မဟုတ်တဲ့အတွက် ဖုန်း ဝယ်ယူသူတွေဟာ Apple ရဲ့ အားသွင်း အမြန်နှုန်း စနစ် အသစ်ကို ရချင်ရင်တော့ Charger အသစ်တစ်ခု ဝယ်ယူရမှာ ဖြစ်ပါတယ်။

Apple ဟာ iPhone 13 Series တွေကို စက်တင်ဘာလလောက်မှာ ကြေညာမယ်လို့ ထင်ရပါတယ်။ iPhone အသစ်တွေမှာ Always-on Display လုပ်ဆောင်ချက် ပါလာမှာ ဖြစ်ပြီး 1TB Storage အထိ ရွေးချယ်နိုင်မယ်လို့ သတင်းထွက်နေပါတယ်။ အနောက်ဘက်က လေးထောင့် ကင်မရာ အကွက်ဟာ အရင်မျိုးဆက်ထက် ပိုကြီးလာနိုင်ပြီး ကြိုးမဲ့ အားသွင်း အမြန်နှုန်း ပိုမြန်လာနိုင်ပါတယ်။

Ref : gsmarena