[Unicode]

iPhone ကိုင်ချင်ပေမယ့် ဈေးကြီးလို့ မကိုင်နိုင်သူတွေအတွက် Apple က ဈေးသက်သာတဲ့ iPhone ကို ထုတ်လုပ်ရောင်းချမယ်လို့ သတင်းတွေထွက်နေပါတယ်။ အခုတော့ Bloomberg က အဲဒီ တန်ဖိုးနည်း iPhone ကို အစောဆုံး အနေနဲ့ မတ်လမှာ ကြေညာမယ်လို့ သတင်းပေးလိုက်ပါတယ်။ အဲဒီ ဖုန်းဟာ iPhone 8 နဲ့ ဒီဇိုင်း တူမယ်လို့ သတင်းထွက်နေပြီး ၄.၇ လက်မ မျက်နှာပြင်နဲ့ Home Button ပါလာမယ်လို့ သိရပါတယ်။

Home Button ပါတဲ့အတွက် Touch ID Fans တွေအတွက် ဝမ်းသာစရာ သတင်းပါ။ ဒါပေမယ့် Face ID နည်းပညာတော့ မပါလာနိုင်ပါဘူး။ iPhone 11 ရဲ့ Processor သုံးထားနိုင်ပြီး တန်ဖိုးနည်း ဖုန်းဈေးကွက်မှာ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

Bloomberg က Apple ရဲ့ Suppliers တွေဟာ ဖေဖော်ဝါရီလမှာ အဲဒီဖုန်း အသစ်တွေကို စတင် ထုတ်လုပ်ပေးဖို့ စီစဉ်ထားတယ်လို့ ပြောပါတယ်။ Apple အကြောင်း လေ့လာဆန်းစစ်သူ Ming-Chi Kuo က တန်ဖိုးနည်း iPhone ရဲ့ အခြေခံ မော်ဒယ်ဟာ ၃၉၉ ဒေါ်လာရှိမယ်လို့ အရင်က ပြောထားပါတယ်။ Kuo က 3GB RAM ထည့်သွင်းထားနိုင်ပြီး 64/128GB Storage တွေ ရွေးချယ်နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ Space Gray , Silver နဲ့ Red အရောင်တွေ ထုတ်လုပ်ထားနိုင်ပါတယ်။

လက်ရှိမှာ တန်ဖိုးနည်း iPhone ရဲ့ သတင်းအချက်အလက်တွေကို ဒီလောက်ပဲသိရပါသေးတယ်။ Android စမတ်ဖုန်း ကုမ္ပဏီတွေဟာ တန်ဖိုးနည်း ဖုန်း ဈေးကွက်မှာ အဓိက နေရာယူထားကြပါတယ်။ အဲဒီအတွက် Apple ကလည်း တန်ဖိုးနည်း ဖုန်း ဈေးကွက်မှာ ပါဝင် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

Ref : mashable

[Zawgyi]

Apple က တန္ဖိုးနည္း iPhone ကို မတ္လေလာက္မွာ ေၾကညာႏိုင္

iPhone ကိုင္ခ်င္ေပမယ့္ ေဈးႀကီးလို႔ မကိုင္ႏိုင္သူေတြအတြက္ Apple က ေဈးသက္သာတဲ့ iPhone ကို ထုတ္လုပ္ေရာင္းခ်မယ္လို႔ သတင္းေတြထြက္ေနပါတယ္။ အခုေတာ့ Bloomberg က အဲဒီ တန္ဖိုးနည္း iPhone ကို အေစာဆုံး အေနနဲ႔ မတ္လမွာ ေၾကညာမယ္လို႔ သတင္းေပးလိုက္ပါတယ္။ အဲဒီ ဖုန္းဟာ iPhone 8 နဲ႔ ဒီဇိုင္း တူမယ္လို႔ သတင္းထြက္ေနၿပီး ၄.၇ လက္မ မ်က္ႏွာျပင္နဲ႔ Home Button ပါလာမယ္လို႔ သိရပါတယ္။

Home Button ပါတဲ့အတြက္ Touch ID Fans ေတြအတြက္ ဝမ္းသာစရာ သတင္းပါ။ ဒါေပမယ့္ Face ID နည္းပညာေတာ့ မပါလာႏိုင္ပါဘူး။ iPhone 11 ရဲ႕ Processor သုံးထားႏိုင္ၿပီး တန္ဖိုးနည္း ဖုန္းေဈးကြက္မွာ ယွဥ္ၿပိဳင္မွာ ျဖစ္ပါတယ္။

Bloomberg က Apple ရဲ႕ Suppliers ေတြဟာ ေဖေဖာ္ဝါရီလမွာ အဲဒီဖုန္း အသစ္ေတြကို စတင္ ထုတ္လုပ္ေပးဖို႔ စီစဥ္ထားတယ္လို႔ ေျပာပါတယ္။ Apple အေၾကာင္း ေလ့လာဆန္းစစ္သူ Ming-Chi Kuo က တန္ဖိုးနည္း iPhone ရဲ႕ အေျခခံ ေမာ္ဒယ္ဟာ ၃၉၉ ေဒၚလာရွိမယ္လို႔ အရင္က ေျပာထားပါတယ္။ Kuo က 3GB RAM ထည့္သြင္းထားႏိုင္ၿပီး 64/128GB Storage ေတြ ေ႐ြးခ်ယ္ႏိုင္မယ္လို႔ ခန႔္မွန္းထားပါတယ္။ Space Gray , Silver နဲ႔ Red အေရာင္ေတြ ထုတ္လုပ္ထားႏိုင္ပါတယ္။

လက္ရွိမွာ တန္ဖိုးနည္း iPhone ရဲ႕ သတင္းအခ်က္အလက္ေတြကို ဒီေလာက္ပဲသိရပါေသးတယ္။ Android စမတ္ဖုန္း ကုမၸဏီေတြဟာ တန္ဖိုးနည္း ဖုန္း ေဈးကြက္မွာ အဓိက ေနရာယူထားၾကပါတယ္။ အဲဒီအတြက္ Apple ကလည္း တန္ဖိုးနည္း ဖုန္း ေဈးကြက္မွာ ပါဝင္ ယွဥ္ၿပိဳင္မွာ ျဖစ္ပါတယ္။

Ref : mashable