[Unicode]

Apple အကြောင်း လေ့လာဆန်းစစ်သူ Ming-Chi Kuo က နောက် ၂ နှစ်ကြာမှ ထွက်မယ့် iPhone တွေအကြောင်းကိုတောင် ကြိုတင်ဟောကိန်းထုတ်လိုက်ပါတယ်။ သူက 2021 iPhone မော်ဒယ် ၁ လုံးမှာ Ports လုံး၀ မပါလာနိုင်ဘူးလို့ ပြောပါတယ်။ Apple ဟာ အနာဂတ်မှာ USB-C ကို ပြောင်းသုံးမယ်လို့ ထင်နေခဲ့ကြတာပါ။ အခုတော့ USB-C ကိုလည်း Apple မရွေးချယ်တော့ဘူး ထင်ပါတယ်။

Kuo က 2021 iPhone ဟာ လုံး၀ Wireless ဒီဇိုင်း ဖြစ်မယ်လို့ ပြောပါတယ်။ သူက စွမ်းရည်မြင့် မော်ဒယ်မှာ Charging Port ကို စဖြုတ်မယ်လို့ ဟောကိန်းထုတ်လိုက်ပါတယ်။ Ports လုံး၀ မပါတဲ့ iPhone တွေ အနာဂတ်မှာ ထွက်လာမယ်ဆိုတဲ့ သတင်းတွေ ထွက်နေတာ ကြာပါပြီ။ ဒါပေမယ့် Apple ရဲ့ တက်ဘလက်နဲ့ လက်ပ်တော့တွေမှာ USB-C ကို သုံးနေတဲ့အပြင် USB-C ဟာ အရမ်းကို လူကြိုက်များနေတဲ့ အတွက် ဒီလောက်မြန်မြန်နဲ့ iPhone မှာ USB-C ကို ကျော်သွားမယ်လို့ မထင်ခဲ့ကြပါဘူး။

Ports မပါတဲ့ iPhone ဟာ Apple ကနေ ထွက်ခွာသွားပြီဖြစ်တဲ့ ဒီဇိုင်နာ Jony Ive ရဲ့ အိပ်မက် ဖြစ်ပါတယ်။ သူဟာ iPhone ကိုယ်ထည် ၁ ခုလုံးကို ဖန်နဲ့ တည်ဆောက်ထားတဲ့ ဒီဇိုင်းအကြောင်းကို ပြောခဲ့ဖူးပါတယ်။ သူက လက်ရှိမှာ Apple ကနေ အလုပ်ထွက်သွားပြီး ကိုယ်ပိုင် ဒီဇိုင်း ကုမ္ပဏီ တည်ထောင်ထားပါတယ်။ ဒါပေမယ့် Apple ထုတ်ကုန်တွေရဲ့ ဒီဇိုင်းကို သူ့ ကိုယ်ပိုင် ကုမ္ပဏီကနေ ဆက်လက်ဖန်တီးပေးမယ်လို့ သတင်းထွက်နေပါတယ်။

Kuo က Apple ဟာ ၂၀၂၁ ခုနှစ်မှာ iPhone SE 2 Plus ကို ရောင်းမယ်လို့ ပြောထားပြီး အဲဒီ ဖုန်းမှာ ၅.၅ လက်မ သို့မဟုတ် ၆.၁ လက်မ မျက်နှာပြင် တပ်ဆင်ထားနိုင်ပါတယ်။ အဲဒီအတွက် လာမယ့်နှစ်တွေမှာ iPhone မော်ဒယ်များစွာ ထွက်လာနိုင်ပါတယ်။

Ref : tnw

[Zawgyi]

Apple ရဲ႕ စြမ္းရည္ျမင့္ 2021 iPhone မွာ Ports လံုး၀ မပါလာႏုိင္

Apple အေၾကာင္း ေလ့လာဆန္းစစ္သူ Ming-Chi Kuo က ေနာက္ ၂ ႏွစ္ၾကာမွ ထြက္မယ့္ iPhone ေတြအေၾကာင္းကိုေတာင္ ႀကိဳတင္ေဟာကိန္းထုတ္လိုက္ပါတယ္။ သူက 2021 iPhone ေမာ္ဒယ္ ၁ လံုးမွာ Ports လံုး၀ မပါလာႏိုင္ဘူးလို႔ ေျပာပါတယ္။ Apple ဟာ အနာဂတ္မွာ USB-C ကို ေျပာင္းသံုးမယ္လို႔ ထင္ေနခဲ့ၾကတာပါ။ အခုေတာ့ USB-C ကိုလည္း Apple မေရြးခ်ယ္ေတာ့ဘူး ထင္ပါတယ္။

Kuo က 2021 iPhone ဟာ လံုး၀ Wireless ဒီဇိုင္း ျဖစ္မယ္လို႔ ေျပာပါတယ္။ သူက စြမ္းရည္ျမင့္ ေမာ္ဒယ္မွာ Charging Port ကို စျဖဳတ္မယ္လို႔ ေဟာကိန္းထုတ္လိုက္ပါတယ္။ Ports လံုး၀ မပါတဲ့ iPhone ေတြ အနာဂတ္မွာ ထြက္လာမယ္ဆိုတဲ့ သတင္းေတြ ထြက္ေနတာ ၾကာပါၿပီ။ ဒါေပမယ့္ Apple ရဲ႕ တက္ဘလက္နဲ႔ လက္ပ္ေတာ့ေတြမွာ USB-C ကို သံုးေနတဲ့အျပင္ USB-C ဟာ အရမ္းကို လူႀကိဳက္မ်ားေနတဲ့ အတြက္ ဒီေလာက္ျမန္ျမန္နဲ႔ iPhone မွာ USB-C ကို ေက်ာ္သြားမယ္လို႔ မထင္ခဲ့ၾကပါဘူး။

Ports မပါတဲ့ iPhone ဟာ Apple ကေန ထြက္ခြာသြားၿပီျဖစ္တဲ့ ဒီဇိုင္နာ Jony Ive ရဲ႕ အိပ္မက္ ျဖစ္ပါတယ္။ သူဟာ iPhone ကိုယ္ထည္ ၁ ခုလံုးကို ဖန္နဲ႔ တည္ေဆာက္ထားတဲ့ ဒီဇိုင္းအေၾကာင္းကို ေျပာခဲ့ဖူးပါတယ္။ သူက လက္ရွိမွာ Apple ကေန အလုပ္ထြက္သြားၿပီး ကိုယ္ပိုင္ ဒီဇိုင္း ကုမၸဏီ တည္ေထာင္ထားပါတယ္။ ဒါေပမယ့္ Apple ထုတ္ကုန္ေတြရဲ႕ ဒီဇိုင္းကို သူ႔ ကိုယ္ပိုင္ ကုမၸဏီကေန ဆက္လက္ဖန္တီးေပးမယ္လို႔ သတင္းထြက္ေနပါတယ္။

Kuo က Apple ဟာ ၂၀၂၁ ခုႏွစ္မွာ iPhone SE 2 Plus ကို ေရာင္းမယ္လို႔ ေျပာထားၿပီး အဲဒီ ဖုန္းမွာ ၅.၅ လက္မ သို႔မဟုတ္ ၆.၁ လက္မ မ်က္ႏွာျပင္ တပ္ဆင္ထားႏိုင္ပါတယ္။ အဲဒီအတြက္ လာမယ့္ႏွစ္ေတြမွာ iPhone ေမာ္ဒယ္မ်ားစြာ ထြက္လာႏုိင္ပါတယ္။

Ref : tnw