ကိုရိုနာဗိုင်းရက်စ်ကြောင့် ကမ္ဘာ့ အထင်ကရ နည်းပညာ ပြပွဲ ဖြစ်တဲ့ Mobile World Congress ကို ဖျက်သိမ်းလိုက်ပြီး အခုတော့ ဒီဗိုင်းရက်စ်က Apple ကိုလည်း မွှေတော့မှာပါ။ Apple က နောက်လာမယ့် ကွာတားမှာ ဝင်ငွေကျဆင်းနိုင်တယ်လို့ မနေ့က ခန့်မှန်းလိုက်ပါတယ်။ အခုတော့ Nikkei က Apple ဟာ iPhone SE 2 အမြောက်အများ ထုတ်လုပ်မယ့် အချိန် နောက်ကျသွားနိုင်တယ်လို့ ပြောပါတယ်။ လက်ရှိ ရောင်းချထားတဲ့ မော်ဒယ်တွေဟာလည်း ဧပြီလမတိုင်ခင်မှာ ပစ္စည်းနည်းသွားနိုင်သလို ဒီထက်လည်း အချိန်ကြာသွားနိုင်တယ်လို့ သိရပါတယ်။

Nikkei က Apple ဟာ တန်ဖိုးနည်း iPhone ကို နွေဦးမှာ ရောင်းဖို့ အစောပိုင်းက စီစဉ်ထားတယ်လို့ ပြောပြီး မနေ့ကတက်လာတဲ့ သတင်းအရ မတ်လ ၃၁ ရက်နေ့မှာ ကြေညာမှာပါ။ Apple ဟာ ဒီလကုန်မှာ Devices အသစ်တွေကို စတင် ထုတ်လုပ်နိုင်တယ်လို့ Nikkei က ပြောပါတယ်။ ဒါပေမယ့် ရည်မှန်းထားသလောက် ထုတ်လုပ်ဖို့ဆိုတာ အရမ်းကို စိန်ခေါ်မှုမြင့်မားနေပါတယ်။ မတ်လမတိုင်ခင် ထုတ်လုပ်မှု နှောင့်နှေးနိုင်ပြီး လက်ရှိမှာ Apple ရဲ့ iPhone Suppliers တွေဟာ ၃၀ ကနေ ၅၀ ရာခိုင်နှုန်းလောက်ပဲ ထုတ်လုပ်နိုင်တယ်လို့ သတင်းထွက်နေပါတယ်။

iPhone SE 2 ကို မတ်လမှာ မကြေညာဘူးလို့ မဆိုလိုပါဘူး။ Bloomberg က မိတ်ဆက်ပွဲကို စီစဉ်ထားတဲ့ အချိန်မှာ ပြုလုပ်မှာ ဖြစ်ပေမယ့် စတင်ရောင်းချပြီးနောက်မှာ ပစ္စည်းပြတ်တာတွေဖြစ်နိုင်တယ်လို့ ပြောပါတယ်။ Bloomberg က iPad Pro အသစ်ကို ဒီနှစ် ပထမနှစ်ဝက်မှာ ရောင်းဖို့ စီစဉ်ထားပေမယ့် ဗိုင်းရက်စ်ကြောင့် စီစဉ်ထားတာတွေ နောက်ကျနိုင်တယ်လို့ ပြောပါတယ်။

iPhone SE 2 ဟာ ၃၉၉ ဒေါ်လာ (၆သိန်း နီးပါး)လောက်ရှိနိုင်ပြီး Specs တွေဟာ iPhone 11 နဲ့ ဆင်တူနိုင်တယ်လို့ သတင်းထွက်နေပါတယ်။ iPhone 11 မှာလို တူညီတဲ့ A13 CPU ပါလာနိုင်ပြီး 3GB RAM နဲ့ 64GB or 128GB Storage တွေ ထည့်သွင်းထားနိုင်ပါတယ်။ ဈေးသက်သာအောင် စွမ်းရည်နိမ့် မျက်နှာပြင်နဲ့ Recycle လုပ်ထားတဲ့ iPhone 8 ရဲ့ ကိုယ်ထည်တွေ တပ်ဆင်ထားနိုင်ပါတယ်။ ကြိုတင်မှာယူခွင့် ပြုတဲ့အချိန်မှာ စောစော စာရင်းသွင်းထားမှ iPhone SE 2 ကို ရဖို့ သေချာမှာပါ။

ref : tnw