၂၀၁၃ မှာ ရောင်းခဲ့တဲ့ Chromecast ဟာ လူကြိုက်အရမ်းများတဲ့ Streaming Devices ၁ ခု ဖြစ်ပြီး ဈေးပေါပေါနဲ့ ရိုးရိုးတီဗီကို စမတ်တီဗီ အဖြစ် ပြောင်းလဲပေးနိုင်တဲ့ ကိရိယာလေးပါ။ အခုတော့ Google က Chromecast အသစ်ကို ကြေညာတော့မယ်လို့ သတင်းထွက်လာပါတယ်။ 9to5Google က Sabrina လို့ လျှို့ဝှက်နာမည်ပေးထားတဲ့ Chromecast Ultra ရဲ့ မျိုးဆက်သစ်ကို Google က ဖန်တီးနေတယ်လို့ ပြောပါတယ်။ 4K HDR ထောက်ပံ့ထားပြီး Bluetooth နဲ့ WiFi လည်း ပါပါတယ်။ အရင်မျိုးဆက်တွေနဲ့ ကွာခြားတာက Android TV မောင်းနှင်ထားမှာ ဖြစ်ပြီး Bluetooth Remote ပါလာမှာပါ။

FCC ကနေ Remote ကို တွေ့လာရပြီ ဖြစ်ပြီး Daydream VR ရဲ့ Remote နဲ့ ဒီဇိုင်း တူပါတယ်။ Google Assistant ထောက်ပံ့ပြီး မိုက်ကရိုဖုန်း ပါလာမှာပါ။ တီဗီရဲ့ ပါဝါနဲ့ အသံကို ထိန်းချုပ်နိုင်မှာ ဖြစ်ပြီး Chromecast Ultra အသစ်ရဲ့ ဒီဇိုင်းဟာ အရင်မျိုးဆက်နဲ့ တူမှာပါ။ ဒါပေမယ့် ဒီဇိုင်းကို အနည်းငယ် အဆင့်မြှင့်ထားမှာပါ။

လက်ရှိမှာ Google Chromecast Ultra ကို ၆၉ ဒေါ်လာနဲ့ ရောင်းပေးထားပြီး မြန်မာငွေ ၉ သောင်းလောက်ရှိပါတယ်။ နောက်မျိုးဆက်ကိုလည်း ဒီဈေးလောက်နဲ့ ရောင်းပေးနိုင်ပြီး Amazon Fire TV Stick 4K နဲ့ ဈေး မတိမ်းမယိမ်းဖြစ်လာနိုင်ပါတယ်။ Chromecast Ultra အသစ်ကို Google Pixel 4a နဲ့အတူ Google I/O မှာ ကြေညာနိုင်ပါတယ်။

Ref : gsmarena