Microsoft Surface Book အသစ်ကြေညာဖို့ အချိန်ရောက်လာပါပြီ။ ကုမ္ပဏီက ပြီးခဲ့တဲ့ အောက်တိုဘာလမှာ Devices အသစ်တွေကို ကြေညာခဲ့ပေမယ့် Surface Book အသစ် မပါလာပါဘူး။ Surface Book ကို နောက်ဆုံး မိတ်ဆက်ခဲ့တာက ၂၀၁၇ ခုနှစ် နိုဝင်ဘာလမှာ ဖြစ်ပါတယ်။

ဒါပေမယ့် မော်ဒယ် အသစ်ကို မြင်ရဖို့ သိပ်မလိုတော့ဘူးလို့ ထင်ပါတယ်။ Microsoft က Surface Book 3 ကို နွေဦးမှာ ကြေညာနိုင်တယ်လို့ သတင်းထွက်လာပါတယ်။ ကုမ္ပဏီက အရွယ်အစား ကျစ်လစ်ပြီး ဈေးချိုတဲ့ Surface Go 2 ကိုပါ ကြေညာနိုင်ပါတယ်။ Surface အသစ်တွေရဲ့ ဒီဇိုင်းဟာ အရင်မျိုးဆက်နဲ့ သိပ်မကွာခြားနိုင်ပါဘူး။ ဒါပေမယ့် အတွင်းပိုင်း အစိတ်အပိုင်းတွေကို အဆင့်မြှင့်ထားမှာပါ။

Book 3 မှာ 10th Gen Intel Processors နဲ့ 16 Series Nvidia GTX GPUs တွေ ထည့်သွင်းထားမယ်လို့ သတင်းထွက်လာပါတယ်။ 20 Series RTX Cards မပါလာတာက သိပ်မကောင်းပါဘူး။ အများဆုံးအနေနဲ့ 32GB RAM နဲ့ 1TB SSD အထိ ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။

Go 2 မှာ စွမ်းရည်နိမ့် Pentium Gold ဒါမှမဟုတ် Core M Chip ကို အသုံးပြုထားနိုင်ပါတယ်။ ကုမ္ပဏီက ဘက်ထရီ သက်တမ်း တိုးတက်စေဖို့ Surface Pro X မှာလို ARM Chip ကို မသုံးထားတာ အံ့အားသင့်စရာကောင်းပါတယ်။ မော်ဒယ် ၂ ခုစလုံးရဲ့ ဈေးဟာ အရင်မျိုးဆက် မော်ဒယ်တွေလောက်ပဲရှိနိုင်ပါတယ်။ Book 3 နဲ့အတူ Surface Headphones Gen 2 ကိုလည်း ကြေညာနိုင်ပါတယ်။

Ref : tnw