Samsung က Galaxy Note Series အသစ်ကို ဩဂုတ်လမှာ ကြေညာတော့မှာ ဖြစ်ပြီး အခုတော့ Galaxy Note20 မျက်နှာပြင်ဟာ Galaxy Note20+ လောက်ကောင်းမှာ မဟုတ်ဘူးလို့ သတင်းထွက်လာပါတယ်။ Note10 ထက်တောင် အားနည်းမှာ ဖြစ်တဲ့အတွက် သိပ်တော့ မမိုက်ပါဘူး။ နာမည်ကျော် Leakster ၁ ယောက် ဖြစ်တဲ့ Ice Universe က Note20 မှာ 60Hz FHD+ မျက်နှာပြင် အပြားပါလာမယ်လို့ သတင်းပေးလိုက်ပါတယ်။ တခြား Note20 Series မှာ 120Hz Refresh Rate ပါနိုင်တဲ့အတွက် Note20 မှာ ပိုညံ့တဲ့ မျက်နှာပြင် ထည့်သွင်းထားတာက Samsung ဟာ Customers တွေကို ဈေးပိုကြီးတဲ့ မော်ဒယ်ကို ကိုင်အောင် တွန်းအားပေးတဲ့ သဘော ဖြစ်နိုင်ပါတယ်။

Samsung ဟာ Galaxy Note10 Series တုန်းကလည်း ဒီလို  လုပ်ခဲ့ပါတယ်။ Note10 မှာ ပိုသေးတဲ့ ဘက်ထရီ ၊ ပိုသေးတဲ့ FHD+ မျက်နှာပြင်၊ ပိုနည်းတဲ့ RAM တွေပဲ ထည့်ထားပြီး Note10+ ထက် ကင်မရာ ၁ လုံး ပိုနည်းပါတယ်။ Note10 မှာ မျက်နှာပြင်ကွေး ထည့်ထားပါတယ်။

Samsung က S20 Series တွေမှာ မျက်နှာပြင်ကွေး မသုံးထားသလို   Note20 Series မှာလည်း အလားတူ လမ်းစဉ်ကို လိုက်နိုင်ပါတယ်။ Galaxy Note20 Series ကို ဩဂုတ်လမှာ ကျင်းပမယ့် Samsung Unpacked Event မှာ ကြေညာမှာ ဖြစ်ပြီး အဲဒီပွဲမှာ Galaxy Fold 2 , Z Flip 5G နဲ့ Galaxy Watch 3 တို့ကိုပါ ချပြနိုင်ပါတယ်။

Ref: gsmarena