Samsung ဟာ နောက်မျိုးဆက် iPhone 13 Series အတွက် LTPO OLED မျက်နှာပြင်တွေ အဓိက ထောက်ပံ့သူ ဖြစ်လာမယ်လို့ The Elec က သတင်းပေးလိုက်ပါတယ်။ အဲဒီ မျက်နှာပြင်တွေကို Pro မော်ဒယ်နှစ် ၂ လုံးမှာ ထည့်သွင်းထားမှာ ဖြစ်ပြီး 120Hz Refresh Rate ပံ့ပိုးထားမှာပါ။

Report: the two iPhone 13 Pro models will use 120 Hz LTPO OLED displays from Samsung

LTPO မျက်နှာပြင်တွေဟာ LTPS တွေထက် စွမ်းအင် စားသုံးမှု သက်သာပါတယ်။ အားသာချက် ၁ ခုက ဟာ့ဒ်ဝဲ အပိုတွေမလိုဘဲ Adaptive Refresh Rate ကို ပံ့ပိုးပေးပါတယ်။ ရိုးရိုး iPhone 13 ၂ လုံးမှာတော့ LTPS တွေကိုပဲ ဆက်သုံးထားမှာ ဖြစ်တဲ့အတွက် နောက်နှစ်ထုတ် ဖုန်းမှာတောင် 60Hz ပဲ ပါလာမှာပါ။

iPhone 13 Pro, iPhone 13 Pro Max to Feature Power-Efficient LTPO Display Technology

၂၀၂၂ မှာတော့ ပြောင်းလဲမှုတွေ ရှိလာမှာဖြစ်ပြီး Apple ဟာ iPhone 14 မော်ဒယ် ၄ လုံးစလုံးမှာ LTPO OLED တွေ ထည့်သွင်းထားမယ်လို့ သတင်းထွက်နေပါတယ်။ အဲဒီအချိန်ကျရင် Samsung အပေါ် မှီခိုနေရတာကို လျှော့ချဖို့ LG Display ကို ဒုတိယ ထောက်ပံ့သူ အဖြစ် သုံးလာမှာပါ။

ဒီနှစ်ထုတ်မယ့် iPhone 13 တွေအတွက်တော့ Samsung ကပဲ လုံလုံလောက်လောက် ထုတ်လုပ်ပေးမှာ ဖြစ်ပါတယ်။ Asan က A3 မှာ ၁ လကို မျက်နှာပြင် ၆ သောင်း ထုတ်လုပ်ပေးဖို့ Samsung က စီစဉ်ထားပါတယ်။ LG ရဲ့ Paju က E6 ကနေ ၁ လကို ၅ ထောင်ပဲ ထုတ်လုပ်ပေးနိုင်ပြီး LG က ဒီနှစ် အကုန်မှာ ၂ သောင်းခွဲအထိ တိုးချဲ့ဖို့ စီစဉ်ထားပါတယ်။

LTPO တွေဟာ Oxide Layer အပို လိုအပ်တဲ့ အတွက် ထုတ်လုပ်ရတာ ပိုကြာ၊ ပိုခက်သလို ကုန်ကျစားရိတ် မြင့်မားပါတယ်။ စွမ်းအင် စားသုံးမှုက ၅ ကနေ ၁၅ ရာခိုင်နှုန်း လျှော့ချပေးနိုင်ပြီး ဘက်ထရီ မစားဘဲ 120Hz နဲ့ Run ပေးနိုင်ပါတယ်။ ဖုန်းတွေထဲမှာ LTPO ကို အစောဆုံး သုံးထားတာက Samsung Galaxy Note20 Ultra ဖြစ်ပြီး မကြာခင် ကြေညာမယ့် S21 Series မှာလည်း ဒီနည်းပညာ သုံးထားမယ်လို့ သတင်းထွက်နေပါတယ်။

Ref : gsmarena