ဈေးကွက်သုတေသန အဖွဲ့အစည်း Canalys က ၂၀၂၁ ခုနှစ် ကွာတား ၂ ရဲ့ ကမ္ဘာ့ ပီစီ ရောင်းအားကို စစ်တမ်းပြုစုလိုက်ပါတယ်။ အဲဒီပီစီတွေထဲမှာ All-in-one ၊ Towers တို့လို ဒတ်စတော့ ကွန်ပြူတာမျိုးစုံ၊ Chromebooks နဲ့ လက်ပ်တော့တွေ ပါဝင်ပါတယ်။

Report: Worldwide PC market rises 13% in Q2 2021, Lenovo and HP take the top two spots

စစ်တမ်းအရ ၂၀၂၁ ခုနှစ် ကွာတား ၂ ဖြစ်တဲ့ ဧပြီလကနေ ဇွန်လအတွင်း ပီစီ ဈေးကွက်ဟာ ၁၃ ရာခိုင်နှုန်း တိုးတက်လာပြီး အလုံးရေ ၈၂.၃ သန်း ရောင်းချနိုင်ခဲ့ပါတယ်။ Lenovo က ရောင်းအား အများဆုံး ဖြစ်ပြီး အလုံးရေ သန်း ၂၀ တောင် ရောင်းချနိုင်ခဲ့ပါတယ်။ အရင်ကွာတားမှာ ၁၇.၄ သန်းပဲ ရောင်းထွက်ခဲ့ပြီး အရင်နှစ်ကထက် ၁၄.၇ ရာခိုင်နှုန်း ရောင်းအားတက်လာပါတယ်။ Lenovo ဟာ ကွာတား ၂ မှာ ဈေးကွက်ဝေစု ၂၄.၃ ရာခိုင်နှုန်း ရထားပါတယ်။ နံပါတ် ၂ နေရာကို HP က ဈေးကွက်ဝေစု ၂၂.၆ ရာခိုင်နှုန်းနဲ့ သိမ်းပိုက်ထားပြီး အလုံးရေ ၁၈.၆ သန်း ရောင်းချနိုင်ခဲ့ပါတယ်။ အရင်နှစ်ကထက် ၂.၈ ရာခိုင်နှုန်းပဲ တိုးတက်လာတာပါ။

Report: Worldwide PC market rises 13% in Q2 2021, Lenovo and HP take the top two spots

Dell က နံပါတ် ၃ နေရာကို ဈေးကွက်ဝေစု ၁၇ ရာခိုင်နှုန်းနဲ့ ရယူထားပြီး အလုံးရေ ၁၃.၉ သန်း ရောင်းချနိုင်ခဲ့ပါတယ်။ Apple က နံပါတ် ၄ နေရာမှာပဲရှိပြီး ဈေးကွက်ဝေစု ၇.၈ ရာခိုင်နှုန်းရထားပါတယ်။ ရောင်းချနိုင်တဲ့ အလုံးရေက ၆.၄ သန်းပဲ ရှိပါတယ်။ နံပါတ် ၅ နေရာကို Acer ရထားပြီး ဈေးကွက်ဝေစုက ၇.၃ ရာခိုင်နှုန်း ဖြစ်ပါတယ်။ ကျန်တဲ့ ကုမ္ပဏီတွေက ဈေးကွက်ဝေစု ၂၁ ရာခိုင်နှုန်း ပိုင်ဆိုင်ထားပြီး အလုံးရေ ၁၇.၃ သန်း ရောင်းချနိုင်ခဲ့ပါတယ်။

နောက်နှစ်မှာ Apple ရဲ့ M1 ကွန်ပြူတာတွေဟာ ဈေးကွက်မှာ ထိုးဖောက်ဝင်ရောက်လာမယ့်အတွက် ပီစီ ဈေးကွက်ဟာ ရောင်းအား ဆက်လက်ကောင်းနေမယ်လို့ ခန့်မှန်းရပါတယ်။ ChromeOS ၊ macOS နဲ့ Windows 11 Update အသစ်တွေကြောင့်လည်း ပီစီဈေးကွက် အခြေအနေကောင်းမယ်လို့ ထင်ပါတယ်။

Ref : gsmarena