Apple ဟာ အခုအချိန်မှာ iPhone 13 Series ကို မိတ်ဆက်ထားတာဖြစ်ပြီး ရောင်းအားကောင်းမွန်နေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်တုန်းက Apple ကနေ Mid Range ဖုန်းတစ်လုံးဖြစ်တဲ့ iPhone SE 2 ကို မိတ်ဆက်ခဲ့သလိုပဲ လာမယ့် ၂၀၂၁ ခုနှစ်မှာလည်း iPhone SE 3 ကို မိတ်ဆက်ဖို့ စီစဥ်ထားတယ်လို့ သတင်းထပ်မံထွက်ပေါ်လာပါပြီ။

ယခုသတင်းကိုတော့ တရုတ်နိုင်ငံတွင်း Media တွေကနေ ဖော်ပြခဲ့တာဖြစ်ပြီး iPhone SE 3 ဟာ OLED Display အစား LCD Display ကိုပဲ အသုံးပြုထားမှာဖြစ်တယ်လို့ သိရပါတယ်။ အရွယ်အစားအနေနဲ့လည်း သေးငယ်မှာဖြစ်ပြီး ယခင်တုန်းက မိတ်ဆက်ဖူးတဲ့ iPhone XR နဲ့ Design ဆင်တူမှာဖြစ်ပါတယ်။

iPhone SE 3 ဟာ Display Notch ပါဝင်လာမှာဖြစ်ပေမယ့် လက်ရှိထွက်ရှိထားတဲ့ iPhone တွေလိုမျိုး Face ID စနစ်ကို ထည့်သွင်းလာမလားဆိုတာကိုတော့ အတိအကျမသိရှိရသေးပါဘူး။ Apple ဟာ အဆိုပါ iPhone SE 3 ကို iPad တွေလိုမျိုး Side Button မှာပဲ Touch ID ထည့်သွင်းလာမယ်လို့လည်း သတင်းတွေထွက်ပေါ်နေပါသေးတယ်။

ဘာပဲဖြစ်ဖြစ် iPhone SE 3 ဟာ စွမ်းဆောင်ရည်ပိုင်းမှာတော့ လက်ရှိ iPhone 13 Series ဖုန်းတွေလိုမျိုးပဲ A15 Bionic Chip ကို အသုံးပြုထားမှာဖြစ်ပါတယ်။ စျေးနှုန်းအရလည်း ပြီးခဲ့တဲ့ iPhone SE 2 လိုမျိုးပဲ $399 ကနေ စတင်မှာဖြစ်တာကြောင့် စွမ်းဆောင်ရည်အကောင်းဆုံး iPhone ကို စျေးသက်သက်သာသာနဲ့ ကိုင်ချင်တယ်ဆိုရင် ကျိန်းသေစောင့်ကြည့်သင့်ပါတယ်။

Ref – GSM Arena