[Zawgyi]

သိပ္မၾကာေသးခင္က Bluehole စတူဒီယုိဟာ သူတုိ႔ရဲ႕ Battle Royale အမ်ဳိးအစား PlayerUnknown’s Battlegrounds သို႔ PUBG ဂိမ္းကို PS4 ေပၚမွာ ရရွိႏုိင္ေတာ့မယ္လို႔ ေၾကျငာခဲ့ပါတယ္။ အခုဆုိရင္ ဒီဂိမ္းရဲ႕ မုိဘုိင္းဗားရွင္းကလည္း ေအာင္ျမင္မႈရရွိလာခဲ့ျပီျဖစ္ျပီး PUBG Mobile ဂိမ္းကို Capcom ရဲ႕နာမည္ေက်ာ္ Resident Evil ဂိမ္းစီးရီးမွ Resident Evil 2 Remake နဲ႔ ပူးေပါင္းကာ Crossover Event တစ္ခုကို ထုတ္လႊင့္သြားမယ္လို႔ ေၾကျငာလိုက္ပါတယ္။

သူ႕ရဲ႕တြစ္တာအေကာင့္မွာ ေဖာ္ျပထားတဲ့အတုိင္း သိပ္မၾကာခင္မွာ PUBG Mobile နဲ႔ Resident Evil 2 Remake ဂိမ္းတုိ႔ရဲ႕ Crossover DLC ကို ေတြ႕ျမင္ႏုိင္ေတာ့မယ္လို႔ ဆုိပါတယ္။ တြစ္တာပုိစ့္မွာ ပါဝင္တဲ့ ဗီဒီယုိ ကလည္း သိပ္ေတာ့ အခ်က္အလက္ေတြကို မေဖာ္ျပထားပါဘူး။ အနည္းဆုံးေတာ့ PUBG Mobile ထဲမွာ Resident Evil Skin ေတြကို တနည္းနည္းနဲ႔ ရရွိလာေစမယ္လို႔ ယူဆရတယ္။

ဒီ Event ဟာ PUBG အတြက္ေတာ့ အျခား Franchise ေတြနဲ႔ တြဲဖက္တာ ပထမဆုံးအၾကိမ္ မဟုတ္ေတာ့ပါဘူး။ အရင္ကလည္း Suicide Squad ထဲက Joker နဲ႔ Harley Quinn Skin ေတြကို ေဖာ္ျပခဲ့ဖူးပါတယ္။

ေလာေလာဆယ္မွာေတာ့ PUBG နဲ႔ RE တုိ႔ဟာ ဘယ္ေလာက္ထိ နက္နက္ရႈိင္းရႈိင္း လက္တြဲသြားမွာလဲ ဆုိတာ မသိရေသးပါဘူး။ RE ဟာ ဇြန္ဘီဖုတ္ေကာင္ေတြနဲ႔ နာမည္ေက်ာ္ Horror Action အမွတ္တံဆိပ္ တစ္ခု ျဖစ္တာေၾကာင့္ PUBG မွာ Zombie Mode တစ္ခု ထည့္လာမယ္ ဆုိရင္လည္း ျဖစ္ႏုိင္ပါတယ္။ ေလာေလာဆယ္ ဂိမ္မာေတြ အေနနဲ႔ ဂိမ္းကုမၸဏီေတြရဲ႕ ေနာက္ေျခလွမ္းကို ေစာင့္ၾကည့္ရဦးမွာပါ။

Ref – Game Rant

[Unicode]

သိပ်မကြာသေးခင်က Bluehole စတူဒီယိုဟာ သူတို့ရဲ့ Battle Royale အမျိုးအစား PlayerUnknown’s Battlegrounds သို့ PUBG ဂိမ်းကို PS4 ပေါ်မှာ ရရှိနိုင်တော့မယ်လို့ ကြေငြာခဲ့ပါတယ်။ အခုဆိုရင် ဒီဂိမ်းရဲ့ မိုဘိုင်းဗားရှင်းကလည်း အောင်မြင်မှုရရှိလာခဲ့ပြီဖြစ်ပြီး PUBG Mobile ဂိမ်းကို Capcom ရဲ့နာမည်ကျော် Resident Evil ဂိမ်းစီးရီးမှ Resident Evil 2 Remake နဲ့ ပူးပေါင်းကာ Crossover Event တစ်ခုကို ထုတ်လွှင့်သွားမယ်လို့ ကြေငြာလိုက်ပါတယ်။

သူ့ရဲ့တွစ်တာအကောင့်မှာ ဖော်ပြထားတဲ့အတိုင်း သိပ်မကြာခင်မှာ PUBG Mobile နဲ့ Resident Evil 2 Remake ဂိမ်းတို့ရဲ့ Crossover DLC ကို တွေ့မြင်နိုင်တော့မယ်လို့ ဆိုပါတယ်။ တွစ်တာပိုစ့်မှာ ပါဝင်တဲ့ ဗီဒီယို ကလည်း သိပ်တော့ အချက်အလက်တွေကို မဖော်ပြထားပါဘူး။ အနည်းဆုံးတော့ PUBG Mobile ထဲမှာ Resident Evil Skin တွေကို တနည်းနည်းနဲ့ ရရှိလာစေမယ်လို့ ယူဆရတယ်။

ဒီ Event ဟာ PUBG အတွက်တော့ အခြား Franchise တွေနဲ့ တွဲဖက်တာ ပထမဆုံးအကြိမ် မဟုတ်တော့ပါဘူး။ အရင်ကလည်း Suicide Squad ထဲက Joker နဲ့ Harley Quinn Skin တွေကို ဖော်ပြခဲ့ဖူးပါတယ်။

လောလောဆယ်မှာတော့ PUBG နဲ့ RE တို့ဟာ ဘယ်လောက်ထိ နက်နက်ရှိုင်းရှိုင်း လက်တွဲသွားမှာလဲ ဆိုတာ မသိရသေးပါဘူး။ RE ဟာ ဇွန်ဘီဖုတ်ကောင်တွေနဲ့ နာမည်ကျော် Horror Action အမှတ်တံဆိပ် တစ်ခု ဖြစ်တာကြောင့် PUBG မှာ Zombie Mode တစ်ခု ထည့်လာမယ် ဆိုရင်လည်း ဖြစ်နိုင်ပါတယ်။ လောလောဆယ် ဂိမ်မာတွေ အနေနဲ့ ဂိမ်းကုမ္ပဏီတွေရဲ့ နောက်ခြေလှမ်းကို စောင့်ကြည့်ရဦးမှာပါ။

Ref – Game Rant