Samsung ဟာ Galaxy Note Series မထုတ်တော့ဘူးဆိုတဲ့ သတင်းတွေ ဩဂုတ်လကတည်းက စတင် ထွက်ပေါ်လာခဲ့တာ ဖြစ်ပြီး ပြီးခဲ့တဲ့ လတွေထဲမှာလည်း ဒီသတင်းတွေ ဆက်ထွက်လာခဲ့ပါတယ်။ အခုတော့ ဒီသတင်းဟာ ပိုမို ခိုင်မာလာခဲ့ပြီ ဖြစ်ပါတယ်။ Reuters က ဒီကိစ္စနဲ့ ပတ်သက်ပြီး နီးစပ်တဲ့ သတင်းအရင်းအမြစ် ၃ ခုကို အခြေခံထားတာလို့ ပြောပါတယ်။

Samsung Galaxy Note 10+ - Notebookcheck.fr

COVID-19 ကမ္ဘာ့ ကပ်ရောဂါကြောင့် စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းတွေ ဝယ်လိုအား ကျဆင်းခဲ့တဲ့အတွက် Samsung က Galaxy Note Series ကို ဆက်လက် မထုတ်လုပ်တော့တာလို့ ထင်ကြေးပေးနေကြပါတယ်။ အဲဒီ အစား Samsung ဟာ Foldable စမတ်ဖုန်း ထုတ်လုပ်တာကို အလေးပေးလာနိုင်ပါတယ်။

Remap the S Pen button on the Samsung Galaxy Note 10 with sideActions

သတင်းအရင်းအမြစ် ၁ ခုက Samsung ဟာ Galaxy S21 Ultra မှာ S Pen ထည့်သွင်းပေးဖို့ စီစဉ်နေတယ်လို့ ဆိုထားပါတယ်။ ဒါတင်မကသေးဘဲ နောက်ထုတ်မယ့် Foldable စမတ်ဖုန်းအတွက်လည်း S Pen ကို သီးခြား ရောင်းချပေးမယ်လို့ သိရပါတယ်။

Samsung က Galaxy Note Series မထုတ်တော့ဘူးဆိုတဲ့ သတင်း မှန် ၊ မမှန် စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ Samsung ဟာ ဇန်နဝါရီလ အစောပိုင်းမှာ Galaxy S21 Series ကို ကြေညာမယ်လို့ သတင်းထွက်နေပြီး Galaxy S21 Ultra မှာ S Pen ပါလာရင်တော့ Note Series မထုတ်တော့ဘူးဆိုတာ ပိုသေချာလာမှာပါ။

Ref : gsmarena