Unicode

Huawei ရဲ့ ပထမဆုံး Foldable ဟန်းဆက်ဖြစ်တဲ့ Mate X ဟာ တရုတ်ဈေးကွက်ထဲမှာ ရောင်းချနေခဲ့တာ အချိန်တစ်ခုရှိလာခဲ့ပါပြီ။ ဒါ့ပေမယ့် မျိုးဆက်သစ် ချစ်ပ်ဆက်ဖြစ်တဲ့ Kirin 990 နဲ့ ပြန်လည်ထုတ်လုပ်လာမယ့် ဗားရှင်းသစ် တစ်ခု ထွက်လာဦးမယ်လို့လည်း သတင်းတွေက ထွက်ထားခဲ့ပါတယ်။

အောက်တိုဘာလတုန်းက Huawei ဟာ Mate Xs ကို အရိပ်အမြွက်ဆိုရုံ ပြသခဲ့ဖူးပြီး ဒီဟန်းဆက်အသစ်မှာတော့ Kirin 990 5G ချစ်ပ်ဆက်အသစ်ကို သုံးစွဲလာမှာဖြစ်ကာ တရုတ်နိုင်ငံဈေးကွက်အတွင်းကို ၂၀၂၀ မတ်လလောက်မှာ ရောက်ရှိလာမယ်လို့ ဆိုခဲ့ပါတယ်။

ယနေ့မှာတော့ တရုတ်နိုင်ငံ ရှန်ကျန်းမြို့မှာ Huawei ရဲ့ Consumer Business CEO ဖြစ်တဲ့ Ricard Yu ဟာ မီဒီယာတွေနဲ့ တွေ့ဆုံအင်တာဗျူးခဲ့ရာမှာ အသစ်ထွက်လာမယ့် Mate X ဟာ Kirin 990 ကို အသုံးပြုလာမယ့်အပြင် အဖွင့်အပိတ် Hinge စနစ်ကို ပိုမိုကောင်းမွန်အောင် ပြုပြင်ပြီး Screen ကိုလည်း ပိုခံနိုင်ရည်ရှိအောင် ဖန်တီးလာမယ်လို့ အတည်ပြုပေးခဲ့ပါတယ်။

ဒါ့အပြင် စိတ်ဝင်စားစရာအချက်တစ်ခုအဖြစ် ဒီ Foldable မျိုးဆက်သစ်ကို လာမယ့် ဖေဖော်ဝါရီ ၂၄ ကနေ ၂၇ အတွင်း ဘာစီလိုနာမှာကျင်းပမယ့် MWC 2020 ပွဲမှာ ထုတ်ဖော်မိတ်ဆက်လာမယ်လို့ပါ ကြေညာပေးခဲ့တာပါ။ အဆိုပါ ဟန်းဆက်သစ်ဟာ အရင်က Tease လုပ်ခဲ့ပြီးသား Mate Xs လား၊ Mate X ရဲ့ Kirin 990 အနေနဲ့ပဲ ထွက်လာမလား ဆိုတာတော့ မရှင်းလင်းခဲ့ပါဘူး။

Ref – GSM Arena

Zawgyi

Huawei ရဲ႕ ပထမဆုံး Foldable ဟန္းဆက္ျဖစ္္တဲ့ Mate X ဟာ တရုတ္ေစ်းကြက္ထဲမွာ ေရာင္းခ်ေနခဲ့တာ အခ်ိန္တစ္ခုရွိလာခဲ့ပါၿပီ။ ဒါ့ေပမယ့္ မ်ဳိးဆက္သစ္ ခ်စ္ပ္ဆက္ျဖစ္တဲ့ Kirin 990 နဲ႔ ျပန္လည္ထုတ္လုပ္လာမယ့္ ဗားရွင္းသစ္ တစ္ခု ထြက္လာဦးမယ္လို႔လည္း သတင္းေတြက ထြက္ထားခဲ့ပါတယ္။

ေအာက္တုိဘာလတုန္းက Huawei ဟာ Mate Xs ကို အရိပ္အျမြက္ဆုိရုံ ျပသခဲ့ဖူးၿပီး ဒီဟန္းဆက္အသစ္မွာေတာ့ Kirin 990 5G ခ်စ္္ပ္ဆက္အသစ္ကို သုံးစြဲလာမွာျဖစ္ကာ တရုတ္ႏုိင္ငံေစ်းကြက္အတြင္းကို ၂၀၂၀ မတ္လေလာက္မွာ ေရာက္ရွိလာမယ္လို႔ ဆုိခဲ့ပါတယ္။

ယေန႔မွာေတာ့ တရုတ္ႏုိင္ငံ ရွန္က်န္းၿမိဳ႕မွာ Huawei ရဲ႕ Consumer Business CEO ျဖစ္တဲ့ Ricard Yu ဟာ မီဒီယာေတြနဲ႔ ေတြ႕ဆုံအင္တာဗ်ဴးခဲ့ရာမွာ အသစ္ထြက္လာမယ့္ Mate X ဟာ Kirin 990 ကုိ အသုံးျပဳလာမယ့္အျပင္ အဖြင့္အပိတ္ Hinge စနစ္ကို ပုိမုိေကာင္းမြန္ေအာင္ ျပဳျပင္ၿပီး Screen ကိုလည္း ပိုခံႏုိင္ရည္ရွိေအာင္ ဖန္တီးလာမယ္လို႔ အတည္ျပဳေပးခဲ့ပါတယ္။

ဒါ့အျပင္ စိတ္ဝင္စားစရာအခ်က္တစ္ခုအျဖစ္ ဒီ Foldable မ်ဳိးဆက္သစ္ကို လာမယ့္ ေဖေဖာ္ဝါရီ ၂၄ ကေန ၂၇ အတြင္း ဘာစီလိုနာမွာက်င္းပမယ့္ MWC 2020 ပြဲမွာ ထုတ္ေဖာ္မိတ္ဆက္လာမယ္လို႔ပါ ေၾကညာေပးခဲ့တာပါ။ အဆုိပါ ဟန္းဆက္သစ္ဟာ အရင္က Tease လုပ္ခဲ့ၿပီးသား Mate Xs လား၊ Mate X ရဲ႕ Kirin 990 အေနနဲ႔ပဲ ထြက္လာမလား ဆုိတာေတာ့ မရွင္္းလင္းခဲ့ပါဘူး။

Ref – GSM Arena