Virgin Galactic အာကာသ ကုမ္ပဏီကို တည်ထောင်ထားတဲ့ Richard Branson ဟာ အာကာသကို သွားတဲ့ ပထမဆုံး ဘီလီယမ်နာအဖြစ် သမိုင်းမှတ်တမ်းဝင်တော့မှာပါ။ Amazon ရဲ့ Founder & CEO ဖြစ်သူ Jeff Bezos ထက် ၉ ရက်စောပြီး ဒီလ ၁၁ ရက်နေ့မှာ Branson က အာကာသကို ခရီးနှင်တော့မှာပါ။

Virgin Galactic aborts first powered spaceflight from New Mexico spaceport - The Verge

Branson ဟာ VSS Unity အာကာသယာဉ်ကို စီးနင်းမှာ ဖြစ်ပြီး ပိုင်းလော့နဲ့ အာကာသ ခရီးစဉ် ကျွမ်းကျင်သူတွေပါတဲ့ ဝန်ထမ်း ၆ ယောက် လိုက်ပါမှာပါ။ ဒါဟာ ကုမ္ပဏီရဲ့ ၄ ကြိမ်မြောက် စမ်းသပ် ခရီးစဉ် ဖြစ်ပြီး ဝန်ထမ်း အပြည့်အစုံ ပါတဲ့ ပထမဆုံး ခရီးစဉ်လည်း ဖြစ်ပါတယ်။

Watch Virgin Galactic launch VSS Unity to the edge of space

ကုမ္ပဏီက အာကာသ ခရီးစဉ်ကို ပလက်ဖောင်းများစွာကနေ တိုက်ရိုက်ပြသမှာ ဖြစ်တယ်လို့ ပြောပါတယ်။ ဒါဟာ ပြိုင်ဖက်ကြီး Bezos ရဲ့ အရှိုက်ကို ထိုးလိုက်သလိုပါပဲ။ Virgin Galactic ဟာ အာကာသကို ခရီးသည် ပို့ဆောင်မှုအတွက် ပြီးခဲ့တဲ့ လကပဲ လေကြောင်း ညွှန်ကြားမှု ဌာနရဲ့ ခွင့်ပြုချက်ရခဲ့ပါတယ်။ ကုမ္ပဏီဟာ ၂၀၂၂ ခုနှစ်မှာ စီးပွားဖြစ် အာကာသကို ခရီးသည် ပို့ဆောင်ဖို့ စီစဉ်ထားပါတယ်။

Bezons ဟာ သူ့ အစ်ကို၊ အခကြေးငွေ ပေးပြီး စီးနင်းတဲ့ ခရီးသည်တွေနဲ့အတူ ဒီလ ၂၀ ရက်နေ့မှာ အာကာသကို သွားဖို့ စီစဉ်ထားပါတယ်။ အခုတော့ Branson က သူ့ထက် နှာတစ်ဖျားသာသွားပြီ ဖြစ်ပါတယ်။ Branson က “ အာကာသကို လူတိုင်း ပိုင်ပါတယ်။ လကမ္ဘာကို သွားဖို့အတွက်လည်း မစောင့်နိုင်တော့ပါဘူး။” လို့ ပြောပါတယ်။

Ref : tnw