[Unicode]

နှစ်ပေါင်းများစွာ လူသန်းပေါင်းများစွာကို အသုံးတော် ခံခဲ့တဲ့ Windows 7 တော့ ဇာတ်သိမ်းသွားရှာပါပြီ။ Microsoft က Windows 7 အတွက် Support ပေးနေတာကို ရပ်နားလိုက်ပါပြီ။ Windows 7 User တွေ Upgrade လုပ်ဖို့ အချိန်ရောက်ပါပြီ။ Microsoft က Support ပေးတာကို ရပ်နားလိုက်ပြီဆိုတဲ့ ဆောင်းပါးမှာ “ Windows 7 Computer တွေဟာ အလုပ်ဆက်လုပ်နေမှာ ဖြစ်ပေမယ့် Software Updates, Security Updates , Fixes နဲ့ Technical Support တွေကို မရတော့ပါဘူး။ Virus နဲ့ Malware တွေအတွက် အန္တရာယ် များပါတယ်။ လုံခြုံစိတ်ချစေဖို့အတွက် Windows 10 က အကောင်းဆုံး ဖြစ်ပါတယ်။ “ လို့ ရေးသားထားပါတယ်။

Microsoft က Windows 7 ကို ဖြန့်ချိပေးထားတာ ၁၀ နှစ်ကျော်ပြီဖြစ်ပေမယ့် လက်ရှိအချိန်အထိ Windows 7 ထည့်သွင်းထားတဲ့ ကွန်ပြူတာတွေဟာ ၂၆ ရာခိုင်နှုန်း ရှိနေပါသေးတယ်။ Microsoft က ပြီးခဲ့တဲ့ ၁ နှစ်ကတည်းက Windows 7 အတွက် Support ပေးတာကို ရပ်နားမယ်ဆိုတာ ကြေညာထားခဲ့တာ ဖြစ်ပါတယ်။ ဇန်နဝါရီလ ၁၄ ရက်နေ့ဟာ Support ပေးတဲ့ နောက်ဆုံးနေ့ ဖြစ်ပါတယ်။ Security Updates တွေ မရတော့တဲ့အတွက် မသုံးသင့်တော့ပါဘူး။

Windows 7 PC တွေ သုံးနေသေးတဲ့ စီးပွားရေး လုပ်ငန်းများစွာ ရှိနေသေးပြီး Microsoft က နောက်ထပ် ၃ နှစ်အထိ အခကြေးငွေနဲ့ Windows 7 ကို Support ပေးမယ့် Extended Security Updates (ESU) ကို ပြုလုပ်ပေးထားပါသေးတယ်။ အချိန်ကာလကြာလာတာနဲ့အမျှ ဈေးကြီးလာမှာ ဖြစ်ပါတယ်။ ESU ကို စီးပွားရေး လုပ်ငန်းတွေပဲ သုံးလို့ရပြီး သာမာန် User တွေ အတွက် ပံ့ပိုးပေးမှာ မဟုတ်ပါဘူး။ Microsoft က Windows 10 ကို လုံခြုံမှု အရှိဆုံး Windows လို့ ညွှန်းဆိုထားတဲ့အတွက် အမြန်တင်ဖို့ တိုက်တွန်းလိုက်ပါတယ်။

Ref : tnw

[Zawgyi]

Windows 7 ဇာတ္သိမ္းသြားရွာၿပီ

ႏွစ္ေပါင္းမ်ားစြာ လူသန္းေပါင္းမ်ားစြာကို အသုံးေတာ္ ခံခဲ့တဲ့ Windows 7 ေတာ့ ဇာတ္သိမ္းသြားရွာပါၿပီ။ Microsoft က Windows 7 အတြက္ Support ေပးေနတာကို ရပ္နားလိုက္ပါၿပီ။ Windows 7 User ေတြ Upgrade လုပ္ဖို႔ အခ်ိန္ေရာက္ပါၿပီ။ Microsoft က Support ေပးတာကို ရပ္နားလိုက္ၿပီဆိုတဲ့ ေဆာင္းပါးမွာ “ Windows 7 Computer ေတြဟာ အလုပ္ဆက္လုပ္ေနမွာ ျဖစ္ေပမယ့္ Software Updates, Security Updates , Fixes နဲ႔ Technical Support ေတြကို မရေတာ့ပါဘူး။ Virus နဲ႔ Malware ေတြအတြက္ အႏၲရာယ္ မ်ားပါတယ္။ လုံၿခဳံစိတ္ခ်ေစဖို႔အတြက္ Windows 10 က အေကာင္းဆုံး ျဖစ္ပါတယ္။ “ လို႔ ေရးသားထားပါတယ္။

Microsoft က Windows 7 ကို ျဖန႔္ခ်ိေပးထားတာ ၁၀ ႏွစ္ေက်ာ္ၿပီျဖစ္ေပမယ့္ လက္ရွိအခ်ိန္အထိ Windows 7 ထည့္သြင္းထားတဲ့ ကြန္ျပဴတာေတြဟာ ၂၆ ရာခိုင္ႏႈန္း ရွိေနပါေသးတယ္။ Microsoft က ၿပီးခဲ့တဲ့ ၁ ႏွစ္ကတည္းက Windows 7 အတြက္ Support ေပးတာကို ရပ္နားမယ္ဆိုတာ ေၾကညာထားခဲ့တာ ျဖစ္ပါတယ္။ ဇန္နဝါရီလ ၁၄ ရက္ေန႔ဟာ Support ေပးတဲ့ ေနာက္ဆုံးေန႔ ျဖစ္ပါတယ္။ Security Updates ေတြ မရေတာ့တဲ့အတြက္ မသုံးသင့္ေတာ့ပါဘူး။

Windows 7 PC ေတြ သုံးေနေသးတဲ့ စီးပြားေရး လုပ္ငန္းမ်ားစြာ ရွိေနေသးၿပီး Microsoft က ေနာက္ထပ္ ၃ ႏွစ္အထိ အခေၾကးေငြနဲ႔ Windows 7 ကို Support ေပးမယ့္ Extended Security Updates (ESU) ကို ျပဳလုပ္ေပးထားပါေသးတယ္။ အခ်ိန္ကာလၾကာလာတာနဲ႔အမွ် ေဈးႀကီးလာမွာ ျဖစ္ပါတယ္။ ESU ကို စီးပြားေရး လုပ္ငန္းေတြပဲ သုံးလို႔ရၿပီး သာမာန္ User ေတြ အတြက္ ပံ့ပိုးေပးမွာ မဟုတ္ပါဘူး။ Microsoft က Windows 10 ကို လုံၿခဳံမႈ အရွိဆုံး Windows လို႔ ၫႊန္းဆိုထားတဲ့အတြက္ အျမန္တင္ဖို႔ တိုက္တြန္းလိုက္ပါတယ္။

Ref : tnw