[Zawgyi]

အခုေနာက္ပိုင္း တစ္ေယာက္နဲ႔တစ္ေယာက္ ေျပာဆိုဆက္သြယ္ၾကတဲ့အခါမွာ ဒစ္ဂ်စ္တယ္ဝန္ေဆာင္မႈေတြနဲ႔ လူမႈကြန္ရက္ပလက္ေဖာင္းေတြ ပိုမိုမ်ားျပားလာၿပီး ပိုတြင္က်ယ္လာပါတယ္။ ဒီလိုတစ္ျဖည္းျဖည္း အသြင္ေျပာင္းလဲလာတဲ့ ဆက္သြယ္ေရးနဲ႔ေဒတာ အသုံးျပဳမႈ အေလ့အထေတြအတြက္ ကြန္ရက္ပံ့ပိုးမႈက လူေနမႈဘဝေတြကို အဆင့္တန္းျမင့္မားေစၿပီး အေရးႀကီးတဲ့ေနရာ တစ္ေနရာကေနပါဝင္ေနပါတယ္။

ေလာေလာဆယ္ ျမန္မာႏိုင္ငံမွာဆိုရင္ေတာ့ 3G နဲ႔ 4G ကြန္ရက္ေတြကို တြင္တြင္က်ယ္က်ယ္ သုံးလို႔ရေနတဲ့အျပင္ 4G+ နဲ႔ 4.5G ကြန္ရက္ေတြ အေနနဲ႔လည္း upgrade ၿပီး 5G ကြန္ရက္ဆီကို ဦးတည္ၿပီး ေျပာင္းလဲေနၾကပါတယ္။ ကြန္ရက္အသုံးျပဳတဲ့အခါမွာလည္း 4G ၊ 4G+ နဲ႔ 4.5G တို႔ရဲ႕ လုပ္ေဆာင္မႈမ်ားအလိုက္ အက်ိဳးသက္ေရာက္ပုံျခင္းလည္း မတူပါဘူး။ ဒီေတာ့ ေဒတာ ကြန္ရက္ေတြျဖစ္တဲ့ 4G ၊ 4G+ နဲ႔ 4.5G တို႔ရဲ႕ ကြာျခားပုံေတြကို ရွင္းျပခ်င္ပါတယ္။

4G နည္းပညာရဲ႕အက်ိဳးေက်းဇူးကေတာ့ အားလုံးသိၾကတဲ့အတိုင္း 3G နဲ႔ယွဥ္ရင္ အင္တာနက္အျမန္ႏႈန္းအမ်ားႀကီး ပိုေကာင္းလာပါတယ္။ online ေပၚကေန တိုက္႐ိုက္ HD quality video ေတြၾကည့္တာပဲျဖစ္ျဖစ္၊ သီခ်င္းနားေထာင္တာပဲျဖစ္ျဖစ္ 4G ကြန္ယက္ကို အသုံးျပဳတာက loading လုပ္တဲ့အခ်ိန္ကိုလည္း ပိုေလ်ာ့နည္းေစၿပီး လိုင္းထစ္တာေတြလည္း နည္းသြားေစပါတယ္။

4G+ နဲ႔ 4.5G ကေတာ့ 4G ကို အဆင့္ျမႇင့္ထားတဲ့ ကြန္ရက္ေတြပဲ ျဖစ္ပါတယ္။ 4G+ ကို 4G LTE လို႔လည္း ေခၚေဝၚ ၾကၿပီး 4.5G ကေတာ့ 4G+ ထက္ ပိုမိုေကာင္းမြန္တဲ့ ပိုမိုျမန္ဆန္တဲ့ ဗားရွင္းအသစ္ ျဖစ္ပါတယ္။ တစ္စကၠန႔္မွာ 4G ကြန္ရက္က 100Mbs ရွိတဲ့အခ်ိန္မွာ 4G+ ကြန္ရက္က 1Gbs ေက်ာ္ေက်ာ္ရွိႏိုင္ပါတယ္။ ေနာက္ၿပီး 4G+ နည္းပညာက မိုဘိုင္းအင္တာနက္အသုံးျပဳမႈ မ်ားတဲ့အခ်ိန္ေတြမွာဆိုရင္ ကြန္ရက္ရဲ႕အျမန္ႏႈန္းလိုင္းအားကို ပိုမိုတည္ၿငိမ္ေစဖို႔ အသားေပးၿပီး ဒီဇိုင္းေရးဆြဲထားတာေၾကာင့္ အသုံးျပဳသူေတြအတြက္ အမ်ားႀကီးပိုအဆင္ေျပေစမွာပါ။

ျပင္သစ္အေျခစိုက္ လူသိမ်ားတဲ့ website တစ္ခုကို ကိုယ္တိုင္ ဝင္ေရာက္ေလ့လာၿပီး အခုလက္ရွိျမန္မာႏိုင္ငံမွာရွိတဲ့ MPT ၊ Telenor ၊ Ooredoo နဲ႔ Mytel စတဲ့ ဆက္သြယ္ေရးေအာ္ပေရတာေတြက ဘယ္ေနရာေတြမွာ 4G ကြန္ရက္ကို ရေနၿပီး၊ 4G+ကြန္ရက္ကို ရေနလဲဆိုတာကို ကိုယ္တိုင္ ဝင္ၾကည့္လို႔ရပါတယ္။ ဒီ website မွာဆိုရင္ ေအာ္ပေရတာအကုန္ကို ေနရာေဒသအလိုက္ခြဲ ၾကည့္လို႔လည္းရပါတယ္။

ဒီ website ထဲဝင္ၾကည့္ၿပီး ေလ့လာေတြ႕ရွိထားတာကေတာ့ တစ္ခ်ိဳ႕ ေအာ္ပေရတာေတြက 3G ကို က်ယ္က်ယ္ျပန႔္ျပန႔္ ႏိုင္ငံအႏွံ႔ ျဖန႔္ၾကက္ထားႏိုင္ၿပီး 4G နဲ႔ 4G+ မွာေတာ့ အားနည္းတာေတြ႕ ရပါတယ္။ ေနာက္ဆုံးမွ ဝင္ေရာက္လာတဲ့ ေအာ္ပေရတာကေတာ့ 5G ရရွိေနတာ ေတြ႕ရၿပီး 4G+ (သို႔) 4.5G ကို တစ္ႏိုင္ငံလုံး အႏွံ႔ ျဖန႔္က်က္ထားႏိုင္တာ ေတြ႕ရပါတယ္။

Photo: nPerf site မွ Mytel network coverage ကို ၾကည့္ရႈစဥ္

အေသးစိတ္သိလိုရင္ေတာ့ ဒီ link ထဲဝင္ၾကည့္ၿပီး https://www.nperf.com/en/map/MM/-/-/signal/?ll=19.34388685108229&lg=96.685&zoom=5 အသုံးျပဳသူေတြအေနနဲ႔ ပိုအဆင္ေျပေစၿပီး ပိုအက်ိဳးရွိေစဖို႔ ကိုယ္ေနေနတဲ့ေနရာေပၚမူတည္ၿပီး ဘယ္ဆက္သြယ္ေရးေအာ္ပေရတာက လိုင္းအေကာင္းဆုံးျဖစ္မလဲ ဆိုတာကို စဥ္းစားေ႐ြးခ်ယ္ႏိုင္ပါတယ္။

References;
https://www.bit.com.au/news/optus-now-has-4g-plus-what-is-that-357026
https://www.nperf.com/en/map/MM/-/-/signal/?ll=19.34388685108229&lg=96.685&zoom=5
https://www.quora.com/What-is-the-difference-between-4G-and-4G-shown-on-a-mobile-Internet-display

[Unicode]

4G ထက်ပိုမိုဆန်းသစ်ပြီး 5G ကို ရောက်ရှိဖို့ ခရီးလမ်းကို ပံ့ပိုးနေတဲ့ 4.5G

အခုနောက်ပိုင်း တစ်ယောက်နဲ့တစ်ယောက် ပြောဆိုဆက်သွယ်ကြတဲ့အခါမှာ ဒစ်ဂျစ်တယ်ဝန်ဆောင်မှုတွေနဲ့ လူမှုကွန်ရက်ပလက်ဖောင်းတွေ ပိုမိုများပြားလာပြီး ပိုတွင်ကျယ်လာပါတယ်။ ဒီလိုတစ်ဖြည်းဖြည်း အသွင်ပြောင်းလဲလာတဲ့ ဆက်သွယ်ရေးနဲ့ဒေတာ အသုံးပြုမှု အလေ့အထတွေအတွက် ကွန်ရက်ပံ့ပိုးမှုက လူနေမှုဘဝတွေကို အဆင့်တန်းမြင့်မားစေပြီး အရေးကြီးတဲ့နေရာ တစ်နေရာကနေပါဝင်နေပါတယ်။

လောလောဆယ် မြန်မာနိုင်ငံမှာဆိုရင်တော့ 3G နဲ့ 4G ကွန်ရက်တွေကို တွင်တွင်ကျယ်ကျယ် သုံးလို့ရနေတဲ့အပြင် 4G+ နဲ့ 4.5G ကွန်ရက်တွေ အနေနဲ့လည်း upgrade ပြီး 5G ကွန်ရက်ဆီကို ဦးတည်ပြီး ပြောင်းလဲနေကြပါတယ်။ ကွန်ရက်အသုံးပြုတဲ့အခါမှာလည်း 4G ၊ 4G+ နဲ့ 4.5G တို့ရဲ့ လုပ်ဆောင်မှုများအလိုက် အကျိုးသက်ရောက်ပုံခြင်းလည်း မတူပါဘူး။ ဒီတော့ ဒေတာ ကွန်ရက်တွေဖြစ်တဲ့ 4G ၊ 4G+ နဲ့ 4.5G တို့ရဲ့ ကွာခြားပုံတွေကို ရှင်းပြချင်ပါတယ်။

4G နည်းပညာရဲ့အကျိုးကျေးဇူးကတော့ အားလုံးသိကြတဲ့အတိုင်း 3G နဲ့ယှဉ်ရင် အင်တာနက်အမြန်နှုန်းအများကြီး ပိုကောင်းလာပါတယ်။ online ပေါ်ကနေ တိုက်ရိုက် HD quality video တွေကြည့်တာပဲဖြစ်ဖြစ်၊ သီချင်းနားထောင်တာပဲဖြစ်ဖြစ် 4G ကွန်ယက်ကို အသုံးပြုတာက loading လုပ်တဲ့အချိန်ကိုလည်း ပိုလျော့နည်းစေပြီး လိုင်းထစ်တာတွေလည်း နည်းသွားစေပါတယ်။

4G+ နဲ့ 4.5G ကတော့ 4G ကို အဆင့်မြှင့်ထားတဲ့ ကွန်ရက်တွေပဲ ဖြစ်ပါတယ်။ 4G+ ကို 4G LTE လို့လည်း ခေါ်ဝေါ် ကြပြီး 4.5G ကတော့ 4G+ ထက် ပိုမိုကောင်းမွန်တဲ့ ပိုမိုမြန်ဆန်တဲ့ ဗားရှင်းအသစ် ဖြစ်ပါတယ်။ တစ်စက္ကန့်မှာ 4G ကွန်ရက်က 100Mbs ရှိတဲ့အချိန်မှာ 4G+ ကွန်ရက်က 1Gbs ကျော်ကျော်ရှိနိုင်ပါတယ်။ နောက်ပြီး 4G+ နည်းပညာက မိုဘိုင်းအင်တာနက်အသုံးပြုမှု များတဲ့အချိန်တွေမှာဆိုရင် ကွန်ရက်ရဲ့အမြန်နှုန်းလိုင်းအားကို ပိုမိုတည်ငြိမ်စေဖို့ အသားပေးပြီး ဒီဇိုင်းရေးဆွဲထားတာကြောင့် အသုံးပြုသူတွေအတွက် အများကြီးပိုအဆင်ပြေစေမှာပါ။

ပြင်သစ်အခြေစိုက် လူသိများတဲ့ website တစ်ခုကို ကိုယ်တိုင် ဝင်ရောက်လေ့လာပြီး အခုလက်ရှိမြန်မာနိုင်ငံမှာရှိတဲ့ MPT ၊ Telenor ၊ Ooredoo နဲ့ Mytel စတဲ့ ဆက်သွယ်ရေးအော်ပရေတာတွေက ဘယ်နေရာတွေမှာ 4G ကွန်ရက်ကို ရနေပြီး၊ 4G+ကွန်ရက်ကို ရနေလဲဆိုတာကို ကိုယ်တိုင် ဝင်ကြည့်လို့ရပါတယ်။ ဒီ website မှာဆိုရင် အော်ပရေတာအကုန်ကို နေရာဒေသအလိုက်ခွဲ ကြည့်လို့လည်းရပါတယ်။

ဒီ website ထဲဝင်ကြည့်ပြီး လေ့လာတွေ့ရှိထားတာကတော့ တစ်ချို့ အော်ပရေတာတွေက 3G ကို ကျယ်ကျယ်ပြန့်ပြန့် နိုင်ငံအနှံ့ ဖြန့်ကြက်ထားနိုင်ပြီး 4G နဲ့ 4G+ မှာတော့ အားနည်းတာတွေ့ ရပါတယ်။ နောက်ဆုံးမှ ဝင်ရောက်လာတဲ့ အော်ပရေတာကတော့ 5G ရရှိနေတာ တွေ့ရပြီး 4G+ (သို့) 4.5G ကို တစ်နိုင်ငံလုံး အနှံ့ ဖြန့်ကျက်ထားနိုင်တာ တွေ့ရပါတယ်။

Photo: nPerf site မှ Mytel network coverage ကို ကြည့်ရှုစဉ်

အသေးစိတ်သိလိုရင်တော့ ဒီ link ထဲဝင်ကြည့်ပြီး https://www.nperf.com/en/map/MM/-/-/signal/?ll=19.34388685108229&lg=96.685&zoom=5 အသုံးပြုသူတွေအနေနဲ့ ပိုအဆင်ပြေစေပြီး ပိုအကျိုးရှိစေဖို့ ကိုယ်နေနေတဲ့နေရာပေါ်မူတည်ပြီး ဘယ်ဆက်သွယ်ရေးအော်ပရေတာက လိုင်းအကောင်းဆုံးဖြစ်မလဲ ဆိုတာကို စဉ်းစားရွေးချယ်နိုင်ပါတယ်။
References;
https://www.bit.com.au/news/optus-now-has-4g-plus-what-is-that-357026
https://www.nperf.com/en/map/MM/-/-/signal/?ll=19.34388685108229&lg=96.685&zoom=5
https://www.quora.com/What-is-the-difference-between-4G-and-4G-shown-on-a-mobile-Internet-display