[Zawgyi]

OnePlus က Brand Ambassador အျဖစ္ Iron Man ကို ခန္႔အပ္လိုက္တယ္လို႔ ေမလက ေၾကညာခဲ့ပါတယ္။ Iron Man ကေတာ့ လူတိုင္း သိၾကတဲ့ Robert Downey Jr. ပါ။ အခုေတာ့ နာမည္ေက်ာ္ မင္းသားႀကီးက လူေတြ ရီစရာ ျဖစ္ေစတဲ့ အမွားတစ္ခုကို ျပဳလုပ္မိခဲ့တယ္လို႔ Digit.in က ေရးသားထားပါတယ္။

Robert Downey Jr. က Huawei P30 Pro သံုးၿပီး တရုတ္ လူမႈကြန္ရက္ Weibo မွာ OnePlus ကို ေၾကာ္ျငာေပးတဲ့ ပို႔စ္တစ္ခု တင္ခဲ့ပါတယ္။ သူ႔ရဲ႕ ၀န္ထမ္းတစ္ေယာက္က သူ႔အေကာင့္ကေန  ပို႔စ္တင္ခဲ့တာလို႔ထင္ရပါတယ္။ ပို႔စ္တင္ၿပီး သိပ္မၾကာခင္မွာပဲ ပို႔စ္ကို အျမန္ျပန္ဖ်က္ခဲ့ပါတယ္။ OnePlus ဒါမွမဟုတ္ Users ေတြက ေျပာလို႔ သိသြားတာ ျဖစ္ႏုိင္ပါတယ္။ ဒါေပမယ့္ အဲဒီ ပို႔စ္ရဲ႕ Screenshot ေတြကေတာ့ အြန္လုိင္းမွာ ပ်ံ႕ႏွံ႔သြားခဲ့ပါတယ္။ အြန္လိုင္းမွာ တစ္ခုခု မွားၿပီး တင္မိရင္ေတာ့ အစေဖ်ာက္ဖို႔ မလြယ္ဘူးဆိုတာ သတိထားသင့္ပါတယ္။

ကုမၸဏီေတြရဲ႕ Brand Ambassador လုပ္ေနတဲ့ ဆယ္လီေတြ ဒီလို အမွားမ်ိဳး ျပဳလုပ္ေလ့ရွိၾကပါတယ္။ ေဟာလီး၀ုဒ္ရဲ႕ နာမည္ေက်ာ္ မင္းသမီး Gal Gadot ဟာ iPhone ကေန Huawei Phone အတြက္ ေၾကာ္ျငာေပးခဲ့ဖူးပါတယ္။ ရုရွားရဲ႕ နာမည္ေက်ာ္ တီဗီ အစီအစဥ္တင္ဆက္သူ Ksenia Sobchak ဟာလည္း တိုက္ရိုက္ ထုတ္လႊင့္တဲ့ တီဗီ အစီအစဥ္တစ္ခုမွာ ၿပိဳင္ဖက္ရဲ႕ စမတ္ဖုန္းကို ကိုင္ေနတာ မိသြားခဲ့ပါတယ္။

ဒါဟာ ဥပမာ အနည္းငယ္သာ ျဖစ္ပါတယ္။ နာမည္ေက်ာ္ ဆယ္လီေတြဟာ ဒီလို အမွားမ်ိဳးေတြ ျပဳလုပ္ေလ့ရွိၾကပါတယ္။ အခု ျဖစ္ရပ္အတြက္ေတာ့ OnePlus ဟာ စိတ္အေႏွာင့္အယွက္ ျဖစ္သြားမွာ ေသခ်ာပါတယ္။

Ref : androidheadlines

[Unicode]

Huawei P30 Pro သုံးပြီး Weibo မှာ OnePlus ကို ကြော်ငြာပေးခဲ့တဲ့ Robert Downey Jr.

OnePlus က Brand Ambassador အဖြစ် Iron Man ကို ခန့်အပ်လိုက်တယ်လို့ မေလက ကြေညာခဲ့ပါတယ်။ Iron Man ကတော့ လူတိုင်း သိကြတဲ့ Robert Downey Jr. ပါ။ အခုတော့ နာမည်ကျော် မင်းသားကြီးက လူတွေ ရီစရာ ဖြစ်စေတဲ့ အမှားတစ်ခုကို ပြုလုပ်မိခဲ့တယ်လို့ Digit.in က ရေးသားထားပါတယ်။

Robert Downey Jr. က Huawei P30 Pro သုံးပြီး တရုတ် လူမှုကွန်ရက် Weibo မှာ OnePlus ကို ကြော်ငြာပေးတဲ့ ပို့စ်တစ်ခု တင်ခဲ့ပါတယ်။ သူ့ရဲ့ ဝန်ထမ်းတစ်ယောက်က သူ့အကောင့်ကနေ ပို့စ်တင်ခဲ့တာလို့ထင်ရပါတယ်။ ပို့စ်တင်ပြီး သိပ်မကြာခင်မှာပဲ ပို့စ်ကို အမြန်ပြန်ဖျက်ခဲ့ပါတယ်။ OnePlus ဒါမှမဟုတ် Users တွေက ပြောလို့ သိသွားတာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အဲဒီ ပို့စ်ရဲ့ Screenshot တွေကတော့ အွန်လိုင်းမှာ ပျံ့နှံ့သွားခဲ့ပါတယ်။ အွန်လိုင်းမှာ တစ်ခုခု မှားပြီး တင်မိရင်တော့ အစဖျောက်ဖို့ မလွယ်ဘူးဆိုတာ သတိထားသင့်ပါတယ်။

ကုမ္ပဏီတွေရဲ့ Brand Ambassador လုပ်နေတဲ့ ဆယ်လီတွေ ဒီလို အမှားမျိုး ပြုလုပ်လေ့ရှိကြပါတယ်။ ဟောလီးဝုဒ်ရဲ့ နာမည်ကျော် မင်းသမီး Gal Gadot ဟာ iPhone ကနေ Android Phone အတွက် ကြော်ငြာပေးခဲ့ဖူးပါတယ်။ ရုရှားရဲ့ နာမည်ကျော် တီဗီ အစီအစဉ်တင်ဆက်သူ Ksenia Sobchak ဟာလည်း တိုက်ရိုက် ထုတ်လွှင့်တဲ့ တီဗီ အစီအစဉ်တစ်ခုမှာ ပြိုင်ဖက်ရဲ့ စမတ်ဖုန်းကို ကိုင်နေတာ မိသွားခဲ့ပါတယ်။

ဒါဟာ ဥပမာ အနည်းငယ်သာ ဖြစ်ပါတယ်။ နာမည်ကျော် ဆယ်လီတွေဟာ ဒီလို အမှားမျိုးတွေ ပြုလုပ်လေ့ရှိကြပါတယ်။ အခု ဖြစ်ရပ်အတွက်တော့ OnePlus ဟာ စိတ်အနှောင့်အယှက် ဖြစ်သွားမှာ သေချာပါတယ်။

Ref : androidheadlines