Robinhood က Customer တချို့ရဲ့ Crypto တွေအတွက် Key တွေကို ထုတ်ပေးနေပါတယ်။ ရင်းနှီးမြှပ်နှံမှု ကုမ္ပဏီ ၁ ခု ဖြစ်တဲ့ Robinhood ဟာ User တွေ သူတို့ ကိုယ်ပိုင် Crypto နဲ့ NFT တွေကို သီးခြား App  ၁ ခုမှာ သိမ်းဆည်းခွင့်ပေးမယ်လို့ ပြီးခဲ့တဲ့ အင်္ဂါနေ့က ကြေညာလိုက်ပါတယ်။ ကုမ္ပဏီဟာ Stock အရောင်းအဝယ်လုပ်တဲ့ နယ်ပယ်ကို ကျော်လွန်ကာ ဒစ်ဂျစ်တယ် ပစ္စည်း နယ်ပယ်ထဲကို ဝင်ရောက်လာတာပါ။

Vlad Tenev, CEO and co-founder Robinhood Markets, Inc., is displayed on a screen during his company's IPO at the Nasdaq Market site in Times Square in New York City, U.S., July 29, 2021.

Robinhood ရဲ့ App အသစ်ဟာ Coinbase နဲ့ MetaMask တို့ကို ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ Coinbase CEO Brian Armstrong က သူ့ ကုမ္ပဏီရဲ့ Wallet ဟာ အမေရိကန်မှာ Download ပြုလုပ်မှု အများဆုံးလို့ တနင်္လာနေ့က တွစ်တာမှာ ပြောထားပါတယ်။

Younger traders don't realize crypto isn't regulated, UK's FCA says

Robinhood က အဲဒီ App မှာ User တွေဟာ NFT Token တွေကို သိမ်းထားနိုင်မှာ ဖြစ်ပြီး NFT Marketplace နဲ့ Decentralized Stock Exchange တွေကို ဆက်သွယ်နိုင်မယ်လို့ ပြောပါတယ်။ တခြား ပလက်ဖောင်းတွေကနေလည်း User တွေဟာ ဝင်ငွေရရှိနိုင်မှာ ဖြစ်ပြီး တခြား Exchange တွေက Crypto မျိုးစုံကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

အဲဒီ App အသစ်မှာ Network Fees ကောက်ခံမှာ မဟုတ်ပေမယ့် တချို့ ကိစ္စတွေမှာ Ethereum နဲ့ Bitcoin အတွက် ဒေါ်လာ ၇၀ ကောက်ခံမှာ ဖြစ်ပါတယ်။

Ref : cnbc