ဒီနေ့ခေတ်မှာ စမတ်ဖုန်းကိုအသုံးပြုပြီး ဂိမ်းကစားတဲ့ယဉ်ကျေးမှုက လျင်လျင်မြန်မြန်ပဲ ကြီးထွားနေပါပြီ။ Android အသိုင်းအဝိုင်းမှာ ဂိမ်းအတွက် အမျိုးမျိုးသော တီထွင်မှုတွေ၊ ထောက်ပံ့မှုတွေပြုလုပ်နေပြီး ဂိမ်းမင်းဖုန်းတွေလည်း အစဉ်တစိုက်ထွက်ပေါ်နေတာက အထင်ရှားဆုံးဖြစ်ပါတယ်။

ROG (Republic of Gamers) ဆိုတဲ့နာမည်ဟာ ဂိမ်းကစားသူတွေကြားမှာ အထင်ကရပါပဲ။ အခုလည်း ROG ဟာ သူ့ရဲ့ ROG phone 6 ကို ဇူလိုင်လအစောပိုင်းမှာ ပွဲထုတ်နိုင်ဖို့ ကြိုးစားနေပါပြီ။ ဒီဖုန်းဟာ ဇန်နဝါရီလကတည်းက လူသိများလာခဲ့ပြီး မကြာသေးခင်ကပေါက်ကြားမှုတွေမှာ Hardware design ကို မြင်တွေ့စေခဲ့ပါတယ်။ အသေးစိတ်အချက်အလက်ကို မသိကြရသေးပေမဲ့ အခုပေါက်ကြားလားတဲ့ ရုပ်ပုံအချို့အရ AUSUS ကြံစည်ထားတဲ့ Controller accessories တွေကို ကောင်းကောင်းကြီး မြင်တွေ့နိုင်ကြပါပြီ။

ဒီ Renders သစ်တွေဟာ ယုံကြည်စိတ်ချရတဲ့ Leaker ဖြစ်တဲ့ Evan Blass ယူဆောင်လာတာပါ။ အနက်ရောင်နဲ့ အဖြူရောင်အရိပ်တွေကို ရောယှက်ထားတဲ့ ROG brand နဲ့ Gaming controller ဟာ ဂိမ်းကစားသူတွေအတွက်တော့ နှစ်ခါပြန်ကြည့်ချင်စရာ၊ စိတ်ကူးယဉ်ချင်စရာပါပဲ။ ဖျတ်ခနဲကြည့်လိုက်ရင်တော့ ရှိပြီးသား Kunai 3 Gamepad နဲ့ အတော်လေး ဆင်တူပါတယ်။

Bumper, trigger buttons, thumbstick စတာတွေက ရင်းနှီးပြီးသား ဒီဇိုင်းတြွေဖစ်ပါလိမ့်မယ်။ ASUS အနေနဲ့ အတွင်းပိုင်းပြောင်းလဲမှုတွေ၊ ဒါမှမဟုတ် အခြားအပြောင်းအလဲတွေကို ဘာတွေလုပ်ထားသေးလဲဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ သတင်းကောင်းတစ်ခုကတော့ ဒီ Gaming controller ကို အဖြူရောင် တစ်မျိုးထပ်တိုးပြီး ထုတ်လုပ်ပေးမယ်ဆိုတာပါပဲ။

မကြာခင်ထွက်လာမဲ့ ASUS flagship ဟာ AeroActive Cooler 6 snap-on colling fan နဲ့ Devilcase Guardian Lite Plus Case တွေနဲ့အတူ ဖုန်းရဲ့ တောက်ပနေတဲ့နောက်ကျောဘောင်ကို အတားအဆီးမရှိကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ ROG Phone 6 မှာ Qualcomm ရဲ့ နောက်ဆုံးထွက် Snapdragon 8+ Gen 1 chipset ကို အသုံးပြုထားမှာဖြစ်ပါတယ်။ ဒါဟာ Standard Snapdragon 8 Gen 1 ကို အဆင့်မြှင်တင်ထားတဲ့ ဗားရှင်းတစ်ခုပါ။

ဒါ့အပြင် ဂိမ်းမင်းဖုန်းတွေကြားမှာ ပထမဆုံးဖြစ်မဲ့ လာမဲ့ Flagship အတွက် IPX4 rating လည်း ပါဝင်နေပြီး ဒါဟာ ROG Phone 5 မှာ မျှော်လင့်ခဲ့ကြပေမဲ့ လွဲချော်ခဲ့တဲ့ Feature လည်းဖြစ်ပါတယ်။ ASUS ဟာ လာမဲ့ ဇူလိုင်လ ၅ ရက်နေ့မှာ မိတ်ဆက်ပွဲကျင်းပဖို့စီစဉ်ထားတာကြောင့် အပြည့်အစုံကိုသိဖို့ တစ်ပတ်ပဲ စောင့်ဆိုင်းရတော့မှာဖြစ်ပါတယ်။

Ref: Android Police