Zawgyi

Asus ရဲ႕ Gaming စမတ္ဖုန္း တစ္လုံးျဖစ္တဲ့ ROG Phone ဟာ Performance အေကာင္းဆုံး စမတ္ဖုန္းအျဖစ္ Antutu Benchmark ဇယားရဲ႕ ထိပ္ဆုံးမွာ ရပ္တည္ေနပါတယ္။ အရင္တုန္းကေတာ့ နံပါတ္ ၁ ေနရာကို Xiaomi ရဲ႕ Mi Black Shark က သိမ္းပိုက္ထားတာ ျဖစ္ၿပီး၊ ယခုအခါမွာေတာ့ ROG Phone က မင္းမူေနပါတယ္။ နံပါတ္ ၃ ေနရာမွာ OnePlus 6 က ရပ္တည္ေနၿပီး နံပါတ္ ၄ ေနရာမွာေတာ့ Vivo NEX S က ရပ္တည္ေနပါတယ္။ Xiaomi Mi 8 ကေတာ့ နံပါတ္ ၅ ေနရာမွာပါ။

Asus အေနနဲ႔ သူတို႔ရဲ႕ ပထမဦး Gaming စမတ္ဖုန္းကို ၂၀၁၈ခုႏွစ္ ဇြန္လတုန္းက က်င္းပခဲ့တဲ့ Computex 2018 မွာ ျပသခဲ့တာ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ဇြန္လ ကတည္းက ျပသခဲ့တာ ျဖစ္ေပမယ့္ အခုခ်ိန္ထိ တရားဝင္ ေရာင္းခ်ျခင္း မရွိေသးပါဘူး။ ဒါေပမယ့္လည္း ROG Phone ရဲ႕ Performance Score က Antutu ဝက္ဆိုက္ေပၚကို ေရာက္ရွိေနၿပီ ျဖစ္ၿပီး လာမယ့္ ေအာက္တိုဘာလ ၁၈ရက္ေန႔မွာ တရားဝင္ ေရာင္းခ်သြားေတာ့မယ္လို႔ သိရပါတယ္။

ROG Phone ဟာ 2.96GHz ရွိတဲ့ Snapdragon 845 SoC ကို အသုံးျပဳထားတာ ျဖစ္ၿပီး အပူေလ်ာ့ခ်ဖို႔အတြက္ Vapor-chamber Cooling နည္းပညာလည္း ပါဝင္ပါတယ္။ Display အပိုင္းအတြက္ 90Hz refresh rate ရွိတဲ့ 6-inch AMOLED Display ကို အသုံးျပဳထားတာ ျဖစ္ၿပီး Resolution ကေတာ့ 1080 x 2160 pixels ရွိပါတယ္။ RAM အေနနဲ႔ 8GB ပါဝင္ၿပီး Memory Storage ကိုေတာ့ 128GB/256GB ဆိုၿပီး ၂မ်ိဴးေ႐ြးခ်ယ္ ဝယ္ယူႏိုင္မွာပါ။

ဘက္ထရီ သိုေလွာင္မႈ ပမာဏ 4000mAh ထည့္သြင္းေပးထားၿပီး Qualcomm ရဲ႕ Quick Charge 4+ 30W အျမန္အားသြင္းစနစ္လည္း ပါဝင္ပါတယ္။ ROG Phone ကို အေမရိကန္ႏိုင္ငံမွာ စတင္ေရာင္းခ်သြားမွာ ျဖစ္ၿပီး ေရာင္းခ်သြားမယ့္ ေစ်းႏႈန္းကေတာ့ ကန္ေဒၚလာ ၈၉၉ (ျမန္မာေငြ ၁၄သိန္း ဝန္းက်င္) ျဖစ္ပါတယ္။

Ref: antutu, mashable

Unicode

Antutu Benchmark မှာ Performance အကောင်းဆုံး စမတ်ဖုန်းအဖြစ် ရပ်တည်နေတဲ့ ROG Phone

Asus ရဲ့ Gaming စမတ်ဖုန်း တစ်လုံးဖြစ်တဲ့ ROG Phone ဟာ Performance အကောင်းဆုံး စမတ်ဖုန်းအဖြစ် Antutu Benchmark ဇယားရဲ့ ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။ အရင်တုန်းကတော့ နံပါတ် ၁ နေရာကို Xiaomi ရဲ့ Mi Black Shark က သိမ်းပိုက်ထားတာ ဖြစ်ပြီး၊ ယခုအခါမှာတော့ ROG Phone က မင်းမူနေပါတယ်။ နံပါတ် ၃ နေရာမှာ OnePlus 6 က ရပ်တည်နေပြီး နံပါတ် ၄ နေရာမှာတော့ Vivo NEX S က ရပ်တည်နေပါတယ်။ Xiaomi Mi 8 ကတော့ နံပါတ် ၅ နေရာမှာပါ။

Asus အနေနဲ့ သူတို့ရဲ့ ပထမဦး Gaming စမတ်ဖုန်းကို ၂၀၁၈ခုနှစ် ဇွန်လတုန်းက ကျင်းပခဲ့တဲ့ Computex 2018 မှာ ပြသခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ကတည်းက ပြသခဲ့တာ ဖြစ်ပေမယ့် အခုချိန်ထိ တရားဝင် ရောင်းချခြင်း မရှိသေးပါဘူး။ ဒါပေမယ့်လည်း ROG Phone ရဲ့ Performance Score က Antutu ဝက်ဆိုက်ပေါ်ကို ရောက်ရှိနေပြီ ဖြစ်ပြီး လာမယ့် အောက်တိုဘာလ ၁၈ရက်နေ့မှာ တရားဝင် ရောင်းချသွားတော့မယ်လို့ သိရပါတယ်။

ROG Phone ဟာ 2.96GHz ရှိတဲ့ Snapdragon 845 SoC ကို အသုံးပြုထားတာ ဖြစ်ပြီး အပူလျော့ချဖို့အတွက် Vapor-chamber Cooling နည်းပညာလည်း ပါဝင်ပါတယ်။ Display အပိုင်းအတွက် 90Hz refresh rate ရှိတဲ့ 6-inch AMOLED Display ကို အသုံးပြုထားတာ ဖြစ်ပြီး Resolution ကတော့ 1080 x 2160 pixels ရှိပါတယ်။ RAM အနေနဲ့ 8GB ပါဝင်ပြီး Memory Storage ကိုတော့ 128GB/256GB ဆိုပြီး ၂မျိူးရွေးချယ် ဝယ်ယူနိုင်မှာပါ။

ဘက်ထရီ သိုလှောင်မှု ပမာဏ 4000mAh ထည့်သွင်းပေးထားပြီး Qualcomm ရဲ့ Quick Charge 4+ 30W အမြန်အားသွင်းစနစ်လည်း ပါဝင်ပါတယ်။ ROG Phone ကို အမေရိကန်နိုင်ငံမှာ စတင်ရောင်းချသွားမှာ ဖြစ်ပြီး ရောင်းချသွားမယ့် စျေးနှုန်းကတော့ ကန်ဒေါ်လာ ၈၉၉ (မြန်မာငွေ ၁၄သိန်း ဝန်းကျင်) ဖြစ်ပါတယ်။

Ref: antutu, mashable