Zawgyi

Foldable Smartphone သို႔မဟုတ္ ေကြးေခါက္ႏိုင္ေသာဖုန္း/ေခါက္ခ်ိဴးဖုန္း ဆိုတဲ့ အသံကို ၾကားလိုက္ရင္ Samsung ကိုပဲ ေျပးျမင္မိၾကမွာပါ။ အဆိုပါ ဖုန္းအမ်ိဴးအစားနဲ႔ ပတ္သတ္ၿပီး လူေတာ္ေတာ္မ်ားမ်ားဟာ Samsung အေပၚကို အမ်ားႀကီး ေမွ်ာ္လင့္ထားခဲ့ၾကေပမယ့္ Samsung ကေတာ့ Prototype (စမ္းသပ္ဆဲ) ေမာ္ဒယ္ကိုသာ ထုတ္ျပႏိုင္ပါေသးတယ္။

တ႐ုတ္ႏိုင္ငံ အေျခစိုက္ နည္းပညာကုမၸဏီတစ္ခုျဖစ္တဲ့ Royole ကေတာ့ Foldable ဖုန္းကို Samsung ထက္အရင္ ထုတ္ျပႏိုင္ခဲ့တာ ျဖစ္ၿပီး ေစ်းကြက္ထဲကိုလည္း ဦးစြာတင္သြင္းေရာင္းခ်ႏိုင္ဖို႔အတြက္ ျပင္ဆင္ေနၿပီလို႔ သိရပါတယ္။ ဒီေနရာမွာေတာ့ တ႐ုတ္က ေတာင္ကိုရီးယားထက္ ႏွာတစ္ဖ်ားသာသြားၿပီလို႔ ေျပာရမွာပါ။

Royole ဟာ FlexPai လို႔ေခၚတဲ့ Foldable ဖုန္းကို သိပ္မၾကာခင္မွာ တရားဝင္ ေရာင္းခ်ေတာ့မွာ ျဖစ္ပါတယ္။ FlexPai က Snapdragon 855 SoC ကို အသုံးျပဳထားမွာ ျဖစ္တဲ့အတြက္ စြမ္းေဆာင္ရည္အပိုင္းကိုေတာ့ ေနာက္လွည့္ၾကည့္စရာ လိုအပ္မွာ မဟုတ္ပါဘူး။ ဒါ့အျပင္ Snapdragon 855 SoC အသုံးျပဳ ပထမဦးဆုံး စမတ္ဖုန္း ဆိုတဲ့ ဂုဏ္ပုဒ္ကိုလည္း ရရွိႏိုင္ပါေသးတယ္။

FlexPai ရဲ႕ Flexible AMOLED Display မ်က္ႏွာျပင္က ၇.၈လက္မ အက်ယ္ရွိၿပီး Resolution ကေတာ့ 1440 x 1920 pixels ပါ။ 4:3 Aspect Ratio Display အမ်ိဴးအစားျဖစ္ပါတယ္။ 16MP+20MP Camera ေတြကို တြဲလ်က္ တပ္ဆင္ေပးထားၿပီး ဘက္ထရီ ပမာဏက 3800mAh ပါဝင္တယ္လို႔ သိရပါတယ္။ ႏွစ္လိုဖြယ္ မေကာင္းတာက ဒီဇိုင္းပါ။ ဒီဇိုင္းအပိုင္းမွာ ေတာ္ေတာ္ေလး အားနည္းေနသလို ခံစားရပါတယ္။ ဒါကလည္း Foldable ဖုန္းေတြရဲ႕ ပထမဦးဆုံး မ်ိဴးဆက္ျဖစ္တာေၾကာင့္ ဒီဇိုင္းပိုင္း လိုအပ္ခ်က္ရွိေနတာ ျဖစ္ႏိုင္သလို နည္းပညာအခက္အခဲ တခ်ိဴ႕ရွိေနလို႔လည္း ျဖစ္ႏိုင္ပါတယ္။ ဘာဘဲျဖစ္ျဖစ္ Samsung ရဲ႕ Foldable ဖုန္းကို ေစာင့္ေမွ်ာ္ႏိုင္တဲ့ အခြင့္အေရး ကြၽန္ေတာ္တို႔မွာ ရွိေနပါေသးတယ္။

FlexPai ရဲ႕ RAM 6GB + Storage 128GB ေမာ္ဒယ္ကို ကန္ေဒၚလာ ၁၅၈၈ (ျမန္မာေငြ ၂၅သိန္း ဝန္းက်င္)၊ RAM 8GB + Storage 256GB ေမာ္ဒယ္ကို ကန္ေဒၚလာ ၁၇၅၉ (ျမန္မာေငြ ၂၇သိန္း ဝန္းက်င္)နဲ႔ ဒီဇင္ဘာလ ေႏွာင္းပိုင္းမွာ တရားဝင္ ေရာင္းခ်သြားမယ္လို႔ သိရပါတယ္။

Ref : gizmochina

Unicode

ကမ္ဘာ့ပထမဆုံး ခေါက်ချိူးဖုန်း FlexPai ဟာ Snapdragon 855 နဲ့အတူ ပွဲထွက်လာမည်

Foldable Smartphone သို့မဟုတ် ကွေးခေါက်နိုင်သောဖုန်း/ခေါက်ချိူးဖုန်း ဆိုတဲ့ အသံကို ကြားလိုက်ရင် Samsung ကိုပဲ ပြေးမြင်မိကြမှာပါ။ အဆိုပါ ဖုန်းအမျိူးအစားနဲ့ ပတ်သတ်ပြီး လူတော်တော်များများဟာ Samsung အပေါ်ကို အများကြီး မျှော်လင့်ထားခဲ့ကြပေမယ့် Samsung ကတော့ Prototype (စမ်းသပ်ဆဲ) မော်ဒယ်ကိုသာ ထုတ်ပြနိုင်ပါသေးတယ်။

တရုတ်နိုင်ငံ အခြေစိုက် နည်းပညာကုမ္ပဏီတစ်ခုဖြစ်တဲ့ Royole ကတော့ Foldable ဖုန်းကို Samsung ထက်အရင် ထုတ်ပြနိုင်ခဲ့တာ ဖြစ်ပြီး စျေးကွက်ထဲကိုလည်း ဦးစွာတင်သွင်းရောင်းချနိုင်ဖို့အတွက် ပြင်ဆင်နေပြီလို့ သိရပါတယ်။ ဒီနေရာမှာတော့ တရုတ်က တောင်ကိုရီးယားထက် နှာတစ်ဖျားသာသွားပြီလို့ ပြောရမှာပါ။

Royole ဟာ FlexPai လို့ခေါ်တဲ့ Foldable ဖုန်းကို သိပ်မကြာခင်မှာ တရားဝင် ရောင်းချတော့မှာ ဖြစ်ပါတယ်။ FlexPai က Snapdragon 855 SoC ကို အသုံးပြုထားမှာ ဖြစ်တဲ့အတွက် စွမ်းဆောင်ရည်အပိုင်းကိုတော့ နောက်လှည့်ကြည့်စရာ လိုအပ်မှာ မဟုတ်ပါဘူး။ ဒါ့အပြင် Snapdragon 855 SoC အသုံးပြု ပထမဦးဆုံး စမတ်ဖုန်း ဆိုတဲ့ ဂုဏ်ပုဒ်ကိုလည်း ရရှိနိုင်ပါသေးတယ်။

FlexPai ရဲ့ Flexible AMOLED Display မျက်နှာပြင်က ၇.၈လက်မ အကျယ်ရှိပြီး Resolution ကတော့ 1440 x 1920 pixels ပါ။ 4:3 Aspect Ratio Display အမျိူးအစားဖြစ်ပါတယ်။ 16MP+20MP Camera တွေကို တွဲလျက် တပ်ဆင်ပေးထားပြီး ဘက်ထရီ ပမာဏက 3800mAh ပါဝင်တယ်လို့ သိရပါတယ်။ နှစ်လိုဖွယ် မကောင်းတာက ဒီဇိုင်းပါ။ ဒီဇိုင်းအပိုင်းမှာ တော်တော်လေး အားနည်းနေသလို ခံစားရပါတယ်။ ဒါကလည်း Foldable ဖုန်းတွေရဲ့ ပထမဦးဆုံး မျိူးဆက်ဖြစ်တာကြောင့် ဒီဇိုင်းပိုင်း လိုအပ်ချက်ရှိနေတာ ဖြစ်နိုင်သလို နည်းပညာအခက်အခဲ တချိူ့ရှိနေလို့လည်း ဖြစ်နိုင်ပါတယ်။ ဘာဘဲဖြစ်ဖြစ် Samsung ရဲ့ Foldable ဖုန်းကို စောင့်မျှော်နိုင်တဲ့ အခွင့်အရေး ကျွန်တော်တို့မှာ ရှိနေပါသေးတယ်။

FlexPai ရဲ့ RAM 6GB + Storage 128GB မော်ဒယ်ကို ကန်ဒေါ်လာ ၁၅၈၈ (မြန်မာငွေ ၂၅သိန်း ဝန်းကျင်)၊ RAM 8GB + Storage 256GB မော်ဒယ်ကို ကန်ဒေါ်လာ ၁၇၅၉ (မြန်မာငွေ ၂၇သိန်း ဝန်းကျင်)နဲ့ ဒီဇင်ဘာလ နှောင်းပိုင်းမှာ တရားဝင် ရောင်းချသွားမယ်လို့ သိရပါတယ်။

Ref : gizmochina