Zawgyi

Doogee ဆုိတဲ့အမွတ္တံဆိပ္ဟာ လက္ရွိစမတ္ဖုန္းေစ်းကြက္ထဲမွာေတာ့ လူသိမ်ားလွတဲ့သူမဟုတ္ပါဘူး။ ဒါေပမယ့္ မၾကာခဏဆုိသလို စိတ္ဝင္စားစရာထုတ္ကုန္ေတြကို ထုတ္လုပ္ျပလာတတ္ပါတယ္။ သူ႕ရဲ႕ေနာက္ဆုံးေပၚထုတ္ကုန္ကေတာ့ S95 Pro ျဖစ္ၿပီး Rugged ကိုယ္ထည္နဲ႔ Upper-midrange တန္းဝင္ Specs ေတြကို တြဲဖက္လာတာျမင္ရပါတယ္။

ဖုန္းကိုယ္ထည္ဟာ ေရနဲ႔ဖုန္မႈန္႔ဒဏ္ခံႏုိင္ရည္ရွိေၾကာင္း IP68 နဲ႔ IP69K သတ္မွတ္ခ်က္ေတြနဲ႔ ျပည့္ညီခ်က္ပါရွိပါတယ္။ ေရအနက္ ၃ မီတာမွာ ေလးနာရီတိတိထားလို႔ရတယ္။ ဟန္းဆက္ရဲ႕ကိုယ္ထည္အသားက စစ္သုံး MIL-STD-810G အရည္အေသြးျပည့္ အမာခံျဖစ္တယ္။ ဒီေလာက္အၾကမ္းခံတဲ့ ဖုန္းကိုယ္ထည္က ပုံမွန္ဆုိ ေတာ္ေတာ္ထူရမွာျဖစ္ေပမယ့္ ဒီဖုန္းကေတာ့ 13.8mm သာ ထူပါတယ္။ ဒါဟာ သာမာန္စမတ္ဖုန္းေတြနဲ႔ယွဥ္ရင္ ထူတယ္လို႔ ဆုိႏုိင္ေပမယ့္ Rugged ဖုန္းထဲမွာေတာ့ ေတာ္ေတာ္ေလး ပါးလႊာတာပါ။ အေလးခ်ိန္ကေတာ့ 285g ေတာင္ရွိတယ္။

အတြင္းမွာ Helio P90 ခ်စ္ပ္ဆက္ကို အသုံးျပဳထားၿပီး မန္မုိရီက 8GB RAM / 128GB Storage ျဖစ္ပါတယ္။ Resolution 1080 x 2160 pixels ရွိတဲ့ IPS LCD Display ကို အသုံးျပဳထားပါတယ္။ ေနာက္ဘက္မွာ Triple-cam ပါဝင္ၿပီး အဓိက 48MP Sony IMX586 Sensor ကိုမွ 8MP Telephoto နဲ႔ Ultrawide ကင္မရာႏွစ္ခုရံထားပါတယ္။ ေရွ႕ဘက္က Notch ေသးေသးေလးထဲမွာေတာ့ 16MP f/2.0 Selfie ကင္မရာတစ္ခု ပါဝင္ပါတယ္။

ဒီဖုန္းမွာ 5,150 mAh ဘကၳရီၾကီးကို အသုံးျပဳထားၿပီး ႀကိဳးမဲ့ဆုိရင္ 10W နဲ႔ ႀကိဳးနဲ႔ဆုိရင္ 24W အားအျမန္သြင္းစနစ္ေတြ ပါဝင္ပါတယ္။ Android Pie နဲ႔အသုံးျပဳရမယ့္ Doogee S95 Pro ဖုန္းဟာ သူ႕ရဲ႕ တရားဝင္ ဝက္ဆုိက္မွာ ေဒၚလာ ၃၉၉ (ျမန္မာေငြ ေျခာက္သိန္းတစ္ေသာင္း) နဲ႔ေရာင္းခ်ေနပါတယ္။ ေနာက္ထပ္ ေဒၚလာတစ္ရာ ထပ္သုံးရင္ ဖုန္းရဲ႕ေနာက္ဘက္မွာကပ္ထားလို႔ရမယ့္ Module ႏွစ္ခုကို ရရွိႏုိင္ၿပီး တစ္ခုက Hi-Fi စပီကာျဖစ္ၿပီးေတာ့ ေနာက္တစ္ခုကေတာ့ ဖုန္းရဲ႕ဘကၳရီကို ေနာက္ထပ္ 3,500 mAh ပမာဏ ထပ္ေပါင္းေပးမွာပါ။

Ref – GSM Arena

Unicode

Doogee ဆိုတဲ့အမှတ်တံဆိပ်ဟာ လက်ရှိစမတ်ဖုန်းဈေးကွက်ထဲမှာတော့ လူသိများလှတဲ့သူမဟုတ်ပါဘူး။ ဒါပေမယ့် မကြာခဏဆိုသလို စိတ်ဝင်စားစရာထုတ်ကုန်တွေကို ထုတ်လုပ်ပြလာတတ်ပါတယ်။ သူ့ရဲ့နောက်ဆုံးပေါ်ထုတ်ကုန်ကတော့ S95 Pro ဖြစ်ပြီး Rugged ကိုယ်ထည်နဲ့ Upper-midrange တန်းဝင် Specs တွေကို တွဲဖက်လာတာမြင်ရပါတယ်။

ဖုန်းကိုယ်ထည်ဟာ ရေနဲ့ဖုန်မှုန့်ဒဏ်ခံနိုင်ရည်ရှိကြောင်း IP68 နဲ့ IP69K သတ်မှတ်ချက်တွေနဲ့ ပြည့်ညီချက်ပါရှိပါတယ်။ ရေအနက် ၃ မီတာမှာ လေးနာရီတိတိထားလို့ရတယ်။ ဟန်းဆက်ရဲ့ကိုယ်ထည်အသားက စစ်သုံး MIL-STD-810G အရည်အသွေးပြည့် အမာခံဖြစ်တယ်။ ဒီလောက်အကြမ်းခံတဲ့ ဖုန်းကိုယ်ထည်က ပုံမှန်ဆို တော်တော်ထူရမှာဖြစ်ပေမယ့် ဒီဖုန်းကတော့ 13.8mm သာ ထူပါတယ်။ ဒါဟာ သာမာန်စမတ်ဖုန်းတွေနဲ့ယှဉ်ရင် ထူတယ်လို့ ဆိုနိုင်ပေမယ့် Rugged ဖုန်းထဲမှာတော့ တော်တော်လေး ပါးလွှာတာပါ။ အလေးချိန်ကတော့ 285g တောင်ရှိတယ်။

အတွင်းမှာ Helio P90 ချစ်ပ်ဆက်ကို အသုံးပြုထားပြီး မန်မိုရီက 8GB RAM / 128GB Storage ဖြစ်ပါတယ်။Resolution 1080 x 2160 pixels ရှိတဲ့ IPS LCD Display ကို အသုံးပြုထားပါတယ်။ နောက်ဘက်မှာ Triple-cam ပါဝင်ပြီး အဓိက 48MP Sony IMX586 Sensor ကိုမှ 8MP Telephoto နဲ့ Ultrawide ကင်မရာနှစ်ခုရံထားပါတယ်။ ရှေ့ဘက်က Notch သေးသေးလေးထဲမှာတော့ 16MP f/2.0 Selfie ကင်မရာတစ်ခု ပါဝင်ပါတယ်။

ဒီဖုန်းမှာ 5,150 mAh ဘက္ထရီကြီးကို အသုံးပြုထားပြီး ကြိုးမဲ့ဆိုရင် 10W နဲ့ ကြိုးနဲ့ဆိုရင် 24W အားအမြန်သွင်းစနစ်တွေ ပါဝင်ပါတယ်။ Android Pie နဲ့အသုံးပြုရမယ့် Doogee S95 Pro ဖုန်းဟာ သူ့ရဲ့ တရားဝင် ဝက်ဆိုက်မှာ ဒေါ်လာ ၃၉၉ (မြန်မာငွေ ခြောက်သိန်းတစ်သောင်း) နဲ့ရောင်းချနေပါတယ်။ နောက်ထပ် ဒေါ်လာတစ်ရာ ထပ်သုံးရင် ဖုန်းရဲ့နောက်ဘက်မှာကပ်ထားလို့ရမယ့် Module နှစ်ခုကို ရရှိနိုင်ပြီး တစ်ခုက Hi-Fi စပီကာဖြစ်ပြီးတော့ နောက်တစ်ခုကတော့ ဖုန်းရဲ့ဘက္ထရီကို နောက်ထပ် 3,500 mAh ပမာဏ ထပ်ပေါင်းပေးမှာပါ။

Ref – GSM Arena