HMD Global ဟာ အခုအချိန်မှာ Nokia စမတ်ဖုန်းတွေကို ဆက်တိုက်မိတ်ဆက်နေတာဖြစ်ပြီး လက်ရှိအချိန်မှာဆိုရင် Mid Range စမတ်ဖုန်းတွေကို အဓိကမိတ်ဆက်နေတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အခုအချိန်မှာတော့ India နိုင်ငံအတွက် ကွဲထွက်နေတဲ့ စမတ်ဖုန်းတစ်မျိုးကို အသစ်မိတ်ဆက်လိုက်ပါပြီ။

ဒါကတော့ Nokia XR20 စမတ်ဖုန်းဖြစ်ပြီး ထူးခြားချက်အနေနဲ့ကတော့ တခြားသော စမတ်ဖုန်းတွေနဲ့မတူညီဘဲ အကြမ်းခံနိုင်အောင် ပြုလုပ်ထားတာဖြစ်ပါတယ်။ အဲ့ဒီအတွက် သာမန် IP68 Dust & Water Resistant Feature တွေအပြင် MIL-STD 810H Standard ကိုပါရရှိထားတာဖြစ်ပါတယ်။ အဲ့ဒါကြောင့် ပြုတ်ကျဒါဏ်တွေနဲ့ တော်ရုံထိခိုက်မှုတွေကို ခံနိုင်ရည်ပိုရှိစေမှာဖြစ်ပါတယ်။

စွမ်းဆောင်ရည်ပိုင်းမှာတော့ Qualcomm Snapdragon 480 Chipset ကို အသုံးပြုထားပြီး RAM 6GB နဲ့ 128GB Storage ပါဝင်မှာဖြစ်ပါတယ်။ Display ပိုင်းကို 6.67″ Full HD+ IPS Display ကိုမှ လက်ရှိ Flagship ဖုန်းတွေမှာပဲ အသုံးပြုတဲ့ အကြမ်းအခံဆုံး Gorilla Glass Victus ကို အသုံးပြုပေးထားပါတယ်။ Nokia ရဲ့ ပြောကြားချက်အရဆိုရင် အဆိုပါ Display ဟာ လက်အိတ်တွေနဲ့ ရေစိုနေတဲ့အချိန်မှာပါ အသုံးပြုနိုင်စေမှာဖြစ်ပါတယ်။

Camera အနေနဲ့ 48MP f1.8 Primary Back Camera ကိုအသုံးပြုထားပြီး Zeiss-Branded Optics တွေနဲ့ ပြုလုပ်ထားတာဖြစ်ပါတယ်။ Secondary Camera ကိုတော့ 13MP Ultrawide Camera ကိုမှ 123-Degree Field of View အထိ ထောက်ပံ့ပေးထားမှာဖြစ်ပါတယ်။ Selfie Camera အနေနဲ့တော့ 8MP f2.0 Sensor ကို အသုံးပြုထားပါတယ်။

Battery ပိုင်းမှာတော့ 18W Fast Charging ကို ထောက်ပံ့ပေးနိုင်တဲ့ 4630mAh Battery ပါဝင်မှာဖြစ်ပါတယ်။ Wireless Charging ကိုလည်း 15W အထိရရှိနိုင်ဦးမှာပါ။ Nokia XR20 စမတ်ဖုန်းဟာ လောလောဆယ်မှာ India နိုင်ငံမှာပဲရရှိနိုင်ဦးမှာဖြစ်ပြီး စျေးနှုန်းအနေနဲ့ INR 46,999 (မြန်မာငွေ ၁၁ သိန်းဝန်းကျင်) ကျသင့်မှာဖြစ်ပါတယ်။

Ref – GSM Arena