iPhone 14 Plus ကလွဲပြီး ကျန်တဲ့ iPhone 14 Series အားလုံးကို မကြာခင်ကမှ ရောင်းချထားပေမယ့် iPhone 15 Series ရဲ့ သတင်းတွေ စတင် ထွက်ပေါ်လာနေပါပြီ။ iPhone 15 မော်ဒယ်အားလုံးမှာ Lightning အစား USB-C ကို အသုံးပြုထားနိုင်ပါတယ်။

Pro Max မော်ဒယ်ကို Ultra လို့ အမည်ပြောင်းထားနိုင်တယ်လို့ လေ့လာဆန်းစစ်သူ Ming-Chi Kuo နဲ့ Mark Gurman က သတင်းပေးထားပါတယ်။ ဒီလို အမည်ပြောင်းလိုက်ခြင်းဖြင့် Apple M1 , Watch တို့ရဲ့ အမည်ပေးတဲ့ ပုံစံနဲ့ တူညီသွားမှာ ဖြစ်တဲ့အတွက် သဘာဝကျပါတယ်။

iPhone 15 Ultra မှာ သီးသန့် ဟာ့ဒ်ဝဲတချို့ ပါလာနိုင်ပြီး 8K ဗီဒီယိုတွေ ရိုက်ကူးနိုင်မှာပါ။ iPhone 15 Pro မှာလည်း အဲဒီ လုပ်ဆောင်ချက် ထည့်ထားနိုင်ပါတယ်။ Kuo က Ultra မှာ Periscope Lens (6x or 5x) တပ်ဆင်ထားနိုင်ပြီး ဘက်ထရီ သက်တမ်းက ၃ နာရီ၊ ၄ နာရီ ပိုကြာလာနိုင်တယ်လို့ ပြောပါတယ်။

Rumor: iPhone 15 Ultra (formerly Pro Max) will have 8K video, better battery life

ဒီလို လုပ်ဆောင်ချက်တွေ ပါလာတဲ့အတွက် iPhone 15 Ultra ရဲ့ ဈေးနှုန်းဟာ 14 Pro Max ထက် ဒေါ်လာ ၁၀၀ ပိုများနိုင်ပြီး ဒေါ်လာ ၁,၂၀၀ ကနေ စတင်နိုင်ပါတယ်။

Possible timeline for the move away from the notched design for upcoming iPhones

iPhone 15 မော်ဒယ်အားလုံးမှာ Dynamic Island ပါလာမယ်လို့သတင်းထွက်နေပါတယ်။ Pro နဲ့ Ultra မှာ A17 Chipset ကို သုံးထားနိုင်ပြီး ရိုးရိုး iPhone 15 နဲ့ 15 Plus မှာတော့ လက်ရှိ A16 ကို ထည့်သွင်းထားနိုင်ပါတယ်။ ရိုးရိုး iPhone 15 နဲ့ Plus မှာ မြင့်မားတဲ့ Refresh Rate နဲ့ Always-on Display ပါလာမလားဆိုတာ ပြောဖို့ စောပါသေးတယ်။

ref : gsmarena