Apple ဟာ WWDC 2020 Developers Conference မှာ iOS 14 နဲ့ပတ်သက်တဲ့ အချက်အလက်အချို့ကို ထုတ်ဖော်ပြောဆိုဖွယ်ရှိပါတယ်။ iOS 14 ကို လာမယ့် စက်တင်ဘာလထဲမှာ ချပေးမယ်လို့ မျှော်လင့်ရပါတယ်။ ဒီ Developers Conference မှာ  Software တွေရဲ့ နောက်ဆုံး Update တွေနဲ့ တီထွင်ဆန်းသစ်မှုတွေကြောင်း သိရမယ်လို့ Apple က ဆိုပါတယ်။


အခုထိသိရသလောက်တော့ Apple ဟာ ဒီ Conference မှာ Apple ရဲ့ Operating Systems တွေ ဘယ်လိုပြောင်းလဲလာလဲဆိုတဲ့အကြောင်း အသေးစိတ်ဆွေးနွေးသားမယ်ဆိုတာပါပဲ။ ဒီအကြောင်းတွေပါဝင်မယ့် Keynote က ဇွန်လ ၂၂ ရက်နေ့မှာထွက်လာမယ်လို့လည်း သိရပါတယ်။

လတ်တလောသတင်းထွက်နေတာကတော့ iOS 14 ဟာ အသုံးပြုသူတွေရဲ့ အသံနဲ့ FaceTime call တွေကို မှတ်တမ်းတင်ခွင့်ပြုထားမယ်ဆိုတာပါပဲ။ IT Home နဲ့ 9To5Mac တို့ကဖော်ပြတဲ့သတင်းအရ Jailbreak community ထဲက တစ်စုံတစ်ယောက်ဟာ ပေါက်ကြားလာတဲ့ System engineering image ကို ရရှိခဲ့တယ်လို့ သိရပါတယ်။


Enable Audio Call Recording toggle ကို ဖွင့်ထားရင်တော့ အသုံးပြုသူရဲ့ iPhone ကို အခြားသူတွေနဲ့ မျှဝေခွင့်မပြုဘူးလို့ ဆိုပါတယ်။ ဒီလိုမျိုး အပြန်အလှန်စကားပြောတာကို မှတ်တမ်းတင်ခွင့်ပြုတဲ့ Feature ဟာ General Public အတွက်တော့ မရည်ရွယ်ဘဲ Apple ဝန်ထမ်းတွေသာ ရုံးတွင်းပိုင်းအသုံးပြုဖို့ရည်ရွယ်တယ်လို့ 9To5Mac က ဖော်ပြခဲ့ပါတယ်။

ဒါဟာ iOS 14 အသုံးပြုသူတွေ ကြုံတွေ့ရမယ့် အခြေအနေအချို့ကို စမ်းသပ်ပြီး Bug တွေကို ဖယ်ရှားမယ့်လုပ်ငန်းစဉ်မှာ အသုံးပြုဖို့အတွက်ပဲလို့ မျှော်လင့်ရပါတယ်။ iOS 14 နဲ့ပတ်သက်တဲ့ အခြားသတင်းတွေကတော့ Home Screen customization လုပ်နိုင်တယ်ဆိုတာရယ်၊ Offline Siri, builtin translator, AR Maps, iMessage retraction, picture-in-picture for videos, a fitness app အစရှိတာတွေလည်း ပါဝင်လာမယ် ဆိုတာပါပဲ။

Ref: Phone Arena