ပြီးခဲ့တဲ့လတုန်းက Nothing Phone (1) ကို မိတ်ဆက်တာနဲ့ ဖြန့်ချိတာကိုတွေ့ခဲ့ရပြီး OnePlus ရဲ့ တွဲဖက်တည်ထောင်သူလည်းဖြစ်ခဲ့၊ တီထွင်ဖန်တီးသူလည်းဖြစ်ခဲ့တဲ့ Carl Pei က OnePlus ကို ချန်ထားခဲ့ပြီး Nothing ကို စတင်ခဲ့ပါတယ်။

ကုမ္ပဏီရဲ့ ပထမဆုံးထုတ်ကုန်အဖြစ် Nothing ear (1) true wireless stereo earbuds ကို တွေ့မြင်ခဲ့ကြရပါတယ်။ အဲဒီနောက်မှာ Nothing Phone (1) က မီးမောင်းအောက်ရောက်ခဲ့ပြီး အခုအချိန်မှာတော့ ဒီဖုန်းဟာ အောင်မြင်မလား မအောင်မြင်ဘူးလားဆိုတာကို ပြောဖို့စောနေပါသေးတယ်။ ဒါပေမဲ့ ကုမ္ပဏီက ဒုတိယမြောက် ဟန်းဆက်အတွက် အလုပ်လုပ်နေပြီဆိုပြီး ကောလာဟလတွေ ထွက်ပေါ်နေပါပြီ။

ကောလာဟလအရ Nothing Phone (1) ရဲ့ Lite ဗားရှင်းကို ကုမ္ပဏီက လုပ်ဆောင်နေတာပါ။ Lite ဗားရှင်းဟာ ပုံမှန်ဗားရှင်းနဲ့ ကြီးမားတဲ့ခြားနားမှုမရှိဘဲ ကျောဘက်မှာ sport lights တွေအစား သာမန်ရိုးရိုး Plain glass ကိုပဲ အသုံးပြုထားမယ်လို့ ဆိုနေတာပါ။ ဒါ့အပြင် Nothing Phone (1) Lite ဟာ 33W အမြန်အားသွင်းစနစ်သုံးနိုင်ပေမဲ့ 42W charger နဲ့ ဈေးကွက်ထဲပို့ဆောင်မယ်လို့လည်း ဆိုထားပါတယ်။ Lite ဗားရှင်းမှာ Wireless charging တော့ ထောက်ပံ့ထားမှာမဟုတ်ဘူးလို့လည်း ဆိုပါတယ်။

Lite ဗားရှင်းဟာ 6GB of RAM နဲ့ 5,000mAh ဘက်ထရီကို တပ်ဆင်ထားမယ်ဆိုပြီးလည်း ဖော်ပြနေကြပါတယ်။ 6.55-inch OLED panel နဲ့အတူ FHD+ resolution 1080 x 2400 နဲ့ 60-120Hz refresh rate တို့လည်း ပါဝင်ပြီး Snapdragon 778G+ Chipset မောင်းနှင်ထားမယ်လို့လည်း ဖော်ပြနေကြပါတယ်။ အခုထွက်ရှိနေတဲ့ Specs တွေအရ Nothing Phone (1) Lite ဟာ အမှန်တကယ်ထွက်ရှိတော့မယ်လို့ ယုံကြည်ချင်စရာဖြစ်နေပါတယ်။

ဒါပေမဲ့ Nothing ကတော့ Lite ဗားရှင်းအတွက် လုပ်ဆောင်နေကြောင်းကို ငြင်းဆိုထားတယ်လို့ Phone Arena က ဖော်ပြလိုက်ပါတယ်။ ဒါ့အပြင် ကုမ္ပဏီ CEO Pei က Nothing ear (1) နဲ့ Nothing Phone (1) နှစ်ခုစလုံးတုန်းက ပေါက်ကြားမှုအများစုကို ပြုလုပ်ပေးခဲ့ပြီး ပွင့်လင်းမြင်သာမှုရှိခဲ့ကြောင်း၊ အခုကိစ္စမှာတော့ ကုမ္ပဏီကိုယ်၌က Lite ဗားရှင်းရဲ့ဖြစ်တည်မှုကို ငြင်းဆိုထားကြောင်း၊ ဒါကြောင့် ကောလာဟလတွေက အမှန်ဖြစ်လာမှာမဟုတ်ဘူးလို့ ယုံကြည်ကြောင်း Phone Arena က အခိုင်အမာရေးသားထားပါတယ်။

Ref: Phone Arena