ရုရှားဟာ သူသိမ်းပိုက်ထားတဲ့ ယူကရိန်းနယ်တွေကို လွတ်လပ်ခွင့်ပေးမယ်လို့ ထင်ပါသလား။ အဖြေကတော့ “No” ကလွဲရင် တခြားဘာမှမဖြစ်နိုင်ပါဘူး။ အခုတော့ ဒွန်တက်စ် ဒေသမှာ Google services တွေအပါအဝင် Zoom နဲ့ Viber ကို ပိတ်ပင်လိုက်ပြီလို့ သိရပါတယ်။

ဒွန်တက်စ် ဒေသခံတွေရဲ့ ပြောဆိုချက်အရတော့ Zoom ကို VPN ခံပြီးအသုံးပြုနိုင်သေးတယ်လို့ သိရပါတယ်။ ဒါပေမဲ့ သူတို့ဟာ Google Play Store ကနေ Apps တွေကို Install လုပ်လို့မရဘူးလို့ ပြောကြပါတယ်။ ဒါ့အပြင် YouTube traffic ကလည်း နှေးကွေးလေးလံသွားတယ်လို့ ဆိုပါတယ်။

တကယ်တော့ ပြီးခဲ့တဲ့ အောက်တိုဘာလကတည်းက “ဆက်သွယ်ရေးဝန်ကြီးဌာန” က ဒေသတွင်းအော်ပရေတာတွေအနေနဲ့ Google, Viber နဲ့ Zoom တွေကို ပိတ်ထားဖို့ အမိန့်စာကို ပေးပို့ခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် ဒွန်တက်စ်ဒေသနေ ပြည်သူတွေအနေနဲ့ အခုလိုပိတ်ပင်ခံရခြင်းနဲ့ပတ်သက်ပြီး မအံ့သြဘူးလို့ ဆိုပါတယ်။

YouTube ဟာ Google ပိုင်ဖြစ်ပေမဲ့ ဒွန်တက်စ်ဒေသမှာ ဆက်ပြီးကြည့်ရှုလို့ရနေသေးတယ်ဆိုပေမဲ့ ခက်ခက်ခဲခဲ ကြည့်ရှုရတာသာဖြစ်တယ်လို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။ အကြောင်းရင်းက အာဏာပိုင်တွေက တောင်းဆိုထားတာဟာ ဒီဝန်ဆောင်မှုတွေကို လုံးဝ ပိတ်ချလိုက်တာမျိုးမဟုတ်ဘဲ အရည်အသွေးကျဆင်းသွားအောင် ပြုလုပ်တာမျိုးပဲဖြစ်တယ်လို့ ဒေသခံအော်ပရေတာတွေကက ရှင်းပြခဲ့ပါတယ်။

ဒွန်တက်စ် ပြည်သူ့သမ္မတနိုင်ငံအကြီးအကဲ Denis Pushilin ကတော့ Google ဝန်ဆောင်မှုတွေ ပိတ်ပင်တဲ့အကြောင်းကို ၂၀၂၂ ခုနှစ် ဇူလိုင်လလယ်မှာ ကြေညာခဲ့ပါတယ်။ အဆိုပါနှစ် ဇွန်လအစောပိုင်းမှာ ဒွန်တက်စ်နဲ့ လူဟန့်စ် ဒေသနှစ်ခုစလုံးမှာ Viber messenger ဝင်ရောက်ခွင့်ကို ပိတ်ခဲ့ပြီး မေလမှာတော့ Facebook နဲ့ Instagram လိုမျိုး လူမှုကွန်ရက်တွေကို ပိတ်ခဲ့ပါတယ်။

Ref: GSM Arena