ကျူးကျော်စစ်ဆင်နွှဲနေတဲ့ ရုရှားတပ်တွေဟာ ယူကရိန်းရဲ့ ပြင်းထန်တဲ့ခုခံမှုတွေကြောင့် ထင်တိုင်းမပေါက်ဘဲ စစ်တုံ့ဆိုင်းနေရပါတယ်။ ရုရှားဟာ မြေပြင်မှာ ယူကရိန်းနဲ့ စစ်ဆင်နေသလို အခြားတစ်ဘက်မှာလည်း နည်းပညာကုမ္ပဏီကြီးတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ဗလာဒီမာပူတင်ဟာ စစ်ပွဲဆန့်ကျင်ရေးဝါဒဖြန့်မှုတွေနဲ့ပတ်သက်ပြီး ဖြိုခွင်းမှုတစ်ခုအဖြစ်သတ်မှတ်ထားသလို “Special military operation” အဖြစ်လည်း ဝါဒဖြန့်မှုတွေ ပြုလုပ်နေတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် မော်စကိုဖြိုခွဲမှုမှာ ပြည်တွင်းလွတ်လပ်တဲ့မီဒီယာတွေလည်း အပြည့်အဝ အသက်ဝင်လာတာကို တွေ့မြင်နိုင်ပါတယ်။

ပူတင်အစိုးရဟာ ပြည်ပမီဒီယာတွေကိုလည်း တင်းတင်းကျပ်ကျပ်ချုပ်ကိုင်ထားတာဖြစ်ပြီး ပြင်ပသတင်းအချက်အလက်တွေကို ဆင်ဆာမဲ့ရှာဖွေနေသူတွေအတွက် ကျန်ရင်းမြစ်တစ်ခုဖြစ်တဲ့ Instagram ကိုလည်း တားမြစ်လိုက်ပြီ ဖြစ်ပါတယ်။ ဒါကြောင့် Instagram ကို ရုရှားနိုင်ငံအတွင်းမှာ VPN မသုံးရင် Loading မလုပ်တော့ကြောင်း The Mosco Times နဲ့ Wire service AFP တို့က ဖော်ပြခဲ့ပါတယ်။

Instagram ကို “ကန့်သတ်” စာရင်းတွင်းမထည့်သွင်းခင်မှာ အသုံးပြုသူတွေကို ရွှေ့ပြောင်းထားဖို့ Communications regulator Roskomanadzor က သူ့ရဲ့ Telegram channel ကတစ်ဆင့် သတိပေးခဲ့ပါတယ်။ Meta ပိုင်ဆိုင်တဲ့ ပလက်ဖောင်းနှစ်ခုစလုံးဟာ “ရုရှားနိုင်ငံသားတွေ အကြမ်းဖက်လာဖို့ တောင်းဆိုမှုတွေ” ကို ဖြန့်ကျက်နေတယ်လို့ Roskomnadzor ကဆိုပါတယ်။

ရုရှားရဲ့ ဥပဒေသစ်အရ နိုင်ငံတွင်းရှိမည်သူမဆိုဟာ ကျူးကျော်စစ်ကို “special military operation” အဖြစ်သာ ရည်ညွှန်းရမှာ ဖြစ်ပါတယ်။ မနှစ်သက်သူတွေနဲ့ ဆန္ဒဖော်ထုတ်သူတွေဟာ အကျိုးဆက်အဖြစ် ထိန်းသိမ်းခံရနိုင်သလို၊ ထောင်ဒဏ်လည်း ချမှတ်ခံရနိုင်တာ ဖြစ်ပါတယ်။

Ref: Android Police