ရုရှားနိုင်ငံတော်ဗဟိုဘဏ်ဟာ ရုရှားနယ်နိမိတ်အတွင်းမှာ Cryptocurrencies သုံးစွဲခြင်းနဲ့ Mining ပြုလုပ်ခြင်းတွေကို ပိတ်ပင်တားမြစ်ဖို့ အဆိုပြုခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ ငွေကြေးတည်ငြိမ်မှု၊ နိုင်ငံသားတွေရဲ့ ကောင်းကျိုးချမ်းသာနဲ့ ငွေကြေးမူဝါဒ အချုပ်အခြာအာဏာခြိမ်းခြောက်မှုတွေအတွက်ဖြစ်တယ်လို့ ပြီးခဲ့တဲ့ကြာသပတေးနေက တင်သွင်းခဲ့တဲ့အဆိုပြုလွှာမှာ ဖော်ပြထားပါတယ်။

ပုဂ္ဂလိကပိုင်အဖြစ် လည်ပတ်ပြီး မငြိမ်မသက်ဖြစ်နေတဲ့ ဒစ်ဂျစ်တယ်ငွေကြေးတွေဟာ သူတို့ရဲ့ဘဏ္ဍာရေ:ဆိုင်ရာနဲ့ ငွေကြေးစနစ်ထိန်းချုပ်နိုင်စွမ်းတွေကို လျော့ကျသွားစေမှာကို စိုးရိမ်တဲ့အချက်ကလည်း အဓိကအချက် ဖြစ်ပါလိမ့်မယ်။ ဒီစိုးရိမ်မှုဟာ အာရှကနေ အမေရိကန်အစိုးရအထိ ရှိနေခဲ့ကြတာဖြစ်ပြီး အတော်များများက Cryptocurrencies တွေကို ဖြိုခွဲဖို့ ကြိုးပမ်းခဲ့ကြဖူးတာ ဖြစ်ပါတယ်။

ရုရှားကတော့ Cryptocurrencies ဟာ အကြမ်းဖက်မှုအတွက် ငွေကြေးထောက်ပံ့ရာမှာ အသုံးပြုတာ၊ ငွေကြေးခဝါချမှုတွေမှာ အသုံးပြုတာမျိုးတွေ ပြုလုပ်နိုင်တယ်လို့ နှစ်ပေါင်းများစွာကတည်းက ငြင်းခုံလာခဲ့တာပါ။ ဒါပေမဲ့ ၂၀၂၀ ပြည့်နှစ်မှာတော့ Cryptocurrencies ကို တရားဝင်အဆင့်သတ်မှတ်ချက်တစ်ခုပေးခဲ့ရပေမဲ့ ငွေပေးချေမှုနည်းလမ်းအဖြစ် အသုံးပြုခြင်းကိုတော့ တားမြစ်ထားဆဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ကြာသပတေးက ထုတ်ပြန်ခဲ့တဲ့အစီရင်ခံစာမှာတော့ ဗဟိုဘဏ်အနေနဲ့ ဝယ်လိုအားကိုမှန်းဆတွက်ချက်ရာမှာ Cryptocurrencies ရဲ့ မြန်ဆန်တဲ့တိုးတက်မှုကိုလည်း အဓိကအားဖြင့် ဆုံးဖြတ်ပြီး ဒါတွေဟာ ဘဏ္ဍာရေ:ပိရမစ်ရဲ့ ဝိသေသလက္ခဏာတွေကို သယ်ဆောင်လာပြီး၊ ဈေးကွက်မှာဖြစ်နိုင်ချေရှိတဲ့ ပူဖောင်းတွေကိုသတိပေးတာပြုလုပ်နေရသလို၊ ငွေကြေးတည်ငြိမ်မှုနဲ့ နိုင်ငံကိုခြိမ်းခြောက်နေတယ်လို့ ထည့်သွင်းဖော်ပြခဲ့ပါတယ်။

ရုရှားဗဟိုဘဏ်ဟာ ဘယ်လုပ်ငန်းဆောင်တာကိုမဆို Cryptocurrencies နဲ့ မပြုလုပ်ရအောင်တားဆီးဖို့ အဆိုပြုခဲ့ပါတယ်။ ဒါ့အပြင် Crypto exchange တွေတားမြစ်ရေးလည်း အဆိုပြုလွှာမှာ ပါဝင်နေတယ်လို့လည်း သိရပါတယ်။ လက်ရှိအချိန်မှာ ရုရှားနိုင်ငံတွင်း Cryptocurrency အသုံးပြုသူအချင်းချင်း နှစ်စဉ်ငွေပေးငွေယူပမာဏဟာ ဒေါ်လာ ၅ ဘီလံယံဝန်းကျင်ရှိတယ်လို့ ဘဏ်ကထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

Ref: CNBC