ရုရှားနဲ့ ယူကရိန်းရဲ့ စစ်ပွဲမှာ တရုတ် Drone ထုတ်လုပ်သူ DJI လည်း ကြားညပ်ပါဝင်လာပါပြီ။ ရုရှားနဲ့ ယူကရိန်းတို့ဟာ စစ်ပွဲမှာ DJI Drone တွေကို အသုံးပြုနေကြပါတယ်။ DJI က စစ်ပွဲအတွက် Drone တွေကိုထုတ်လုပ်ထားတာ မဟုတ်ဘူးလို့ ပြောပေမယ့် ရုရှားနဲ့ ယူကရိန်းတို့ရဲ့ စစ်ပွဲတွေမှာ ပါဝင်လာနေကြပါတယ်။ အမေရိကန် စစ်တပ်ကတောင် DJI Drone တွေကို တချို့ ကိစ္စတွေမှာ အသုံးပြုနေကြပါတယ်။

Russia & Ukraine are deploying DJI drones for combat duties - Gizmochina

ယူကရိန်း ဒုတိယ ဝန်ကြီးချုပ် Mykhalio Fedorov က ရုရှားကို Drone ရောင်းချတာ ရပ်နားဖို့ DJI ကို တောင်းဆိုထားပါတယ်။ Fedorov က ရုရှားဟာ အမျိုးသမီးနဲ့ ကလေးတွေ အပါအဝင် အရပ်သား ပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်ဖို့ သူတို့ရဲ့ ဒုံးကျည်တွေအတွက် လမ်းကြောင်းရှာရာမှာ DJI ထုတ်ကုန်တွေကို အသုံးပြုနေတယ်လို့ ပြောပါတယ်။ Fedorov က DJI ရဲ့ Drone တွေကို အာရုံခံနိုင်တဲ့ AeroScope ကိရိယာနဲ့ ပတ်သက်ပြီး စိတ်ပူကြောင်းပြောလိုက်ပြီး ရုရှားတွေဟာ မိုင် ၃၀ အကွာကနေ ယူကရိန်းရဲ့ DJI Drone တွေကို ခြေရာခံနေတယ်လို့ ပြောပါတယ်။

How Military And Civilian DJI Drones Are Used In Ukraine - Special

Fedorov က DJI CEO Frank Wang ဆီကို ပေးပို့တဲ့စာမှာ ယူကရိန်းမှာ မဝယ်ယူထားတဲ့၊ မှတ်ပုံ မတင်ထားတဲ့ ရုရှားရဲ့ Drone ကို ယူကရိန်း နိုင်ငံထဲမှာ သုံးလို့မရအောင် ဖြတ်တောက်ပစ်ဖို့ တောင်းဆိုထားပါတယ်။ အဲဒီလို ပြုလုပ်ပေးမယ်ဆိုရင် ရုရှားရဲ့ ယူကရိန်း အပေါ် ကျူးကျော်စစ်ကို တစ်နည်းတစ်ဖုံ ထိန်းချုပ်ထားနိုင်မှာပါ။

DJI က ကုမ္ပဏီရဲ့ ထုတ်ကုန်တွေဟာ စစ်ပွဲအတွက် မဟုတ်ဘူးလို့ ပြောထားပေမယ့် လက်ရှိ ရုရှားနဲ့ ယူကရိန်း စစ်ပွဲမှာ လက်တွေ့ သုံးနေတာက ဥပမာ ဖြစ်ပါတယ်။ DJI ဟာ စစ်ပွဲတွေမှာ ကုမ္ပဏီရဲ့ ထုတ်ကုန်တွေကို အသုံးပြုလို့ မရမယ့် နည်းလမ်းတွေကို ရှာဖွေရတော့မှာ ဖြစ်ပါတယ်။

Ref : gizmochina