[Zawgyi]

သတင္းေတြ ထြက္ခဲ့ျပီး ျဖစ္တဲ့အတုိင္း ေနာက္လ ေဖေဖာ္ဝါရီ ၂၀ရက္မွာေတာ့ Samsung ကေန ဆန္ဖရန္စစၥကိုမွာ ပြဲတစ္ခုက်င္းပပါေတာ့မယ္။ အဲဒီပြဲမွာေတာ့ သူ႔ရဲ႕ ဖုန္းအသစ္သံုးလံုးကို မိတ္ဆက္လာမွာျဖစ္ျပီးေတာ့ စိတ္ဝင္စားဖို႔ေကာင္းတဲ့ သတင္းေလးေတြလည္း ထြက္လာျပန္ပါျပီ။

ကင္မရာ ၆လံုးပိုင္ရွင္ ဘယ္သူအရင္ဆံုး ျဖစ္လာေတာ့မွာလဲ? ဒီပံုစံအတုိင္းဆို Galaxy S10+ မ်ားျဖစ္မလားပါပဲ။ ေက်ာဘက္မွာ ကင္မရာ ၄လံုးပါမယ္ဆိုတဲ့ S10+ ေလးက အခုတစ္ေခါက္မွာေတာ့ Infinit-O Display အေပါက္ထဲမွာ ကင္မရာ၂လံုးနဲ႔ ပြဲဆူေစခဲ့ျပန္ပါျပီ။

အရင္ကေတာ့ ေကာလဟလေတြပဲထြက္ခဲ့ျပီး ထြက္ဖို႔ကလည္း ၁လေက်ာ္ေလာက္ လိုေနေသးေပမယ့္ အခုေတာ့ အျပင္မွာ ဖုန္းရဲ႕ပံုစံကို ေတြ႔ျမင္လိုက္ရပါျပီ။ ထြက္ဖူးတဲ့ သတင္းေတြအတိုင္း ညာဘက္အေပၚေထာင့္မွာ Selfie ကင္မရာ ၂လံုးျပဴးကို ျမင္ရမွာျဖစ္ျပီး ေဘာင္ေတြကေတာ့ Galaxy S9+ မွာ တုန္းကထက္ကို  ေတာ္ေတာ္ၾကီးပါးသြားတာ ေတြ႔ရပါတယ္။

စာအုပ္ပံု Flip Cover တပ္ထားတာလို႔ တစ္ခ်ိဳ႕လည္းေျပာၾကေပမယ့္ မဟုတ္မွန္းေတာ့ သိသာပါတယ္။ ဒီပံုေလးကို Samsung Electronics ရဲ႕ အဓိက Facilities ေတြရိွရာ Suwon Campus ကိုသြားတဲ့ ဘတ္စ္ကားေပၚမွာ ရိုက္မိထားတဲ့ပံုပါပဲ။ ဖုန္းကိုၾကည့္ရတာေတာ့ မထုတ္လုပ္ခင္ လက္ရိွအေျခအေနျဖစ္လို႔ ဒီဇုိင္းမျမင္ရေအာင္ Cover စြပ္တပ္ထားတဲ့ ပံုစံပါပဲ။

ဒီ S10+ ေလးက Galaxy Note 9 နဲ႔ ဆိုဒ္တူတူေလာက္ပဲဆိုေပမယ့္ Note 9 ထက္ ပိုေပါ့တယ္လို႔လည္း ဆိုထားပါတယ္။ ဂိမ္းေဆာ့ ဗီဒီယိုၾကည့္ေနတာမဟုတ္ေတာ့ ထိပ္က အေပါက္က သိပ္မသိသာဘူးလို႔ ထင္ရပါတယ္။ Under Display Fingerprint Scanner လည္း ပါဦးမယ္လို႔ ဆိုထားပါေသးတယ္။

အစက Screen မွာ အေပါက္ဆိုလို႔ Galaxy A8s တို႔ Honor View 20 တို႔လို ဘယ္ဘက္ထိပ္ေထာင့္မွာ အေပါက္ေလးနဲ႔ လာမယ္လို႔ ထင္ခဲ့ေပမယ့္ S10+ ကေတာ့ ထူးထူးျခားျခားပါပဲ။ ညာဘက္ေထာင့္မွာ အေပါက္ေလးထဲ ၂လံုးျပဴးကင္မရာေလး ထည့္ထားတာဆိုေတာ့ Status Bar icon ေတြကေတာ့ ဘယ္ဘက္ကို ေအာ္တိုိိုတိုးသြားမွာပါ။

တိုးသြားမယ္ဆိုေပမယ့္လည္း Clock, Notification, Bluetooth, Silent Mode, Wi-Fi Network Bars, Battery Percentage icon ေတြ အားလံုးကို ျမင္ရတာအျပင္ Selfie ၂လံုးျပဴးဆိုတာက ပိုစိတ္ဝင္စားဖို႔ ေကာင္းေစတာပါ။  မၾကာခင္လည္းထြက္ေတာ့မွာဆိုေတာ့ ေစာင့္ၾကည့္ၾကတာေပါ့။

Ref: GsmArena

[Unicode]

သတင်းတွေ ထွက်ခဲ့ပြီး ဖြစ်တဲ့အတိုင်း နောက်လ ဖေဖော်ဝါရီ ၂၀ရက်မှာတော့ Samsung ကနေ ဆန်ဖရန်စစ္စကိုမှာ ပွဲတစ်ခုကျင်းပပါတော့မယ်။ အဲဒီပွဲမှာတော့ သူ့ရဲ့ ဖုန်းအသစ်သုံးလုံးကို မိတ်ဆက်လာမှာဖြစ်ပြီးတော့ စိတ်ဝင်စားဖို့ကောင်းတဲ့ သတင်းလေးတွေလည်း ထွက်လာပြန်ပါပြီ။

ကင်မရာ ၆လုံးပိုင်ရှင် ဘယ်သူအရင်ဆုံး ဖြစ်လာတော့မှာလဲ? ဒီပုံစံအတိုင်းဆို Galaxy S10+ များဖြစ်မလားပါပဲ။ ကျောဘက်မှာ ကင်မရာ ၄လုံးပါမယ်ဆိုတဲ့ S10+ လေးက အခုတစ်ခေါက်မှာတော့ Infinit-O Display အပေါက်ထဲမှာ ကင်မရာ၂လုံးနဲ့ ပွဲဆူစေခဲ့ပြန်ပါပြီ။

အရင်ကတော့ ကောလဟလတွေပဲထွက်ခဲ့ပြီး ထွက်ဖို့ကလည်း ၁လကျော်လောက် လိုနေသေးပေမယ့် အခုတော့ အပြင်မှာ ဖုန်းရဲ့ပုံစံကို တွေ့မြင်လိုက်ရပါပြီ။ ထွက်ဖူးတဲ့ သတင်းတွေအတိုင်း ညာဘက်အပေါ်ထောင့်မှာ Selfie ကင်မရာ ၂လုံးပြူးကို မြင်ရမှာဖြစ်ပြီး ဘောင်တွေကတော့ Galaxy S9+ မှာ တုန်းကထက်ကို  တော်တော်ကြီးပါးသွားတာ တွေ့ရပါတယ်။

စာအုပ်ပုံ Flip Cover တပ်ထားတာလို့ တစ်ချို့လည်းပြောကြပေမယ့် မဟုတ်မှန်းတော့ သိသာပါတယ်။ ဒီပုံလေးကို Samsung Electronics ရဲ့ အဓိက Facilities တွေရှိရာ Suwon Campus ကိုသွားတဲ့ ဘတ်စ်ကားပေါ်မှာ ရိုက်မိထားတဲ့ပုံပါပဲ။ ဖုန်းကိုကြည့်ရတာတော့ မထုတ်လုပ်ခင် လက်ရှိအခြေအနေဖြစ်လို့ ဒီဇိုင်းမမြင်ရအောင် Cover စွပ်တပ်ထားတဲ့ ပုံစံပါပဲ။

ဒီ S10+ လေးက Galaxy Note 9 နဲ့ ဆိုဒ်တူတူလောက်ပဲဆိုပေမယ့် Note 9 ထက် ပိုပေါ့တယ်လို့လည်း ဆိုထားပါတယ်။ ဂိမ်းဆော့ ဗီဒီယိုကြည့်နေတာမဟုတ်တော့ ထိပ်က အပေါက်က သိပ်မသိသာဘူးလို့ ထင်ရပါတယ်။ Under Display Fingerprint Scanner လည်း ပါဦးမယ်လို့ ဆိုထားပါသေးတယ်။

အစက Screen မှာ အပေါက်ဆိုလို့ Galaxy A8s တို့ Honor View 20 တို့လို ဘယ်ဘက်ထိပ်ထောင့်မှာ အပေါက်လေးနဲ့ လာမယ်လို့ ထင်ခဲ့ပေမယ့် S10+ ကတော့ ထူးထူးခြားခြားပါပဲ။ ညာဘက်ထောင့်မှာ အပေါက်လေးထဲ ၂လုံးပြူးကင်မရာလေး ထည့်ထားတာဆိုတော့ Status Bar icon တွေကတော့ ဘယ်ဘက်ကို အော်တိုတိုးသွားမှာပါ။

တိုးသွားမယ်ဆိုပေမယ့်လည်း Clock, Notification, Bluetooth, Silent Mode, Wi-Fi Network Bars, Battery Percentage icon တွေ အားလုံးကို မြင်ရတာအပြင် Selfie ၂လုံးပြူးဆိုတာက ပိုစိတ်ဝင်စားဖို့ ကောင်းစေတာပါ။  မကြာခင်လည်းထွက်တော့မှာဆိုတော့ စောင့်ကြည့်ကြတာပေါ့။

Ref: GsmArena