[Zawgyi]

Sakamoto Maths Myanmar သည္ ျမန္မာႏိုင္ငံတြင္ လက္ေတြ႕က်က် ေတြးေခၚတတ္ေစၿပီး ျပႆနာရပ္မ်ားကို ေျဖရွင္းတတ္ေအာင္ ေလ့က်င့္ေပးသည့္ ပညာေရး ေထာက္ပံ့ေပးေသာ ေက်ာင္းတစ္ေက်ာင္း ျဖစ္ၿပီး ၎၏ တတိယအႀကိမ္ေျမာက္ ေက်ာင္းေပါင္းစုံ သခ်ၤာထူးခြၽန္ၿပိဳင္ပြဲႀကီးကို ၂၀၁၉ ခုႏွစ္ ၾသဂုတ္လ ၁၈ ရက္ေန႔တြင္ တစ္ႏိုင္ငံလုံးရွိ Sakamoto Maths Myanmar ၏ ေက်ာင္းခြဲမ်ားတြင္ ေအာင္ျမင္စြာ က်င္းပနိင္ခဲ့ပါသည္။

သခ်ၤာထူးခြၽန္ၿပိဳင္ပြဲႀကီး၏ အဓိက ရည္႐ြယ္ခ်က္မွာ အေျခခံေက်ာင္းသား၊ ေက်ာင္းသူမ်ား သခ်ၤာဘာသာရပ္ကို ပိုမိုတက္ႂကြ စိတ္ဝင္စားလာေစၿပီး ၎တို႔၏ အေတြးအေခၚမ်ား၊ စြမ္းေဆာင္ရည္မ်ားကို တိုးတက္လာေစရန္ ျဖစ္ပါသည္။ ဂ်ပန္ႏိုင္ငံထုတ္ မူလသင္႐ိုးကို အသုံးျပဳထားေသာေၾကာင့္ ျမန္မာေက်ာင္းသား၊ ေက်ာင္းသူမ်ား ႏိုင္ငံတကာ အေတြ႕အႀကဳံမ်ား ရရွိေစရန္ ရည္႐ြယ္သကဲ့သို႔ ဤသခ်ၤာထူးခြၽန္ၿပိဳင္ပြဲႀကီး မွ သခ်ၤာဘာသာရပ္ဆိုင္ရာ စိန္ေခၚမႈမ်ား၊ ခြန္အားမ်ား၊ တိုးတက္မႈ မ်ားကိုပါ ေက်ာင္းသား၊ ေက်ာင္းသူမ်ား ရရွိလိမ့္မည္ဟု ေမွ်ာ္လင့္္ထားပါသည္။

အဆိုပါထူးခြၽန္ၿပိဳင္ပြဲႀကီးတြင္ ျမန္မာႏိုင္ငံရွိ အေျခခံ ပညာေက်ာင္းသား၊ ေက်ာင္းသူတိုင္း ဝင္ေရာက္ ယွဥ္ၿပိဳင္ခြင့္ ျပဳခဲ့ၿပီး ရန္ကုန္မွ ေက်ာင္းသား၊ေက်ာင္းသူ ၁၉၀ ေယာက္ ၊ မႏၲေလး မွ ၁၁၅ ေယာက္၊ ေတာင္ႀကီး မွ ၄၅ ေယာက္၊ မုံ႐ြာ မွ ၇၀ ေယာက္၊ ေမာ္လၿမိဳင္မွ ၁၅၀ေယာက္ ႏွင့္ ဘားအံ မွ ၁၃၀ ေယာက္၊ စုစုေပါင္း ေက်ာင္းသား၊ ေက်ာင္းသူ အေယာက္ ၇၀၀ တို႔က တစ္ႏိုင္ငံလုံးရွိ Sakamoto Maths Myanmar ၏ ေက်ာင္းခြဲမ်ားတြင္ သခ်ၤာထူးခြၽန္ၿပိဳင္ပြဲႀကီး၏ အဆင့္ ၅ ဆင့္၌ အသီးသီးတြင္ ဝင္ေရာက္ ယွဥ္ၿပိဳင္ခဲ့ၾကသည္။

သခ်ၤာထူးခြၽန္ၿပိဳင္ပြဲႀကီး၏ ပထမအဆင့္တြင္ တစ္ႏိုင္ငံလုံးမွ ဝင္ေရာက္ယွဥ္ၿပိဳင္သူ စုစုေပါင္း ၂၁၀ ေယာက္ ရွိၿပီး ရန္ကုန္သင္တန္းေက်ာင္းခြဲ-၃မွ ေမာင္လင္းသန႔္ေအာင္က ပထမဆု၊ ဘားအံသင္တန္းေက်ာင္းခြဲမွ မခင္ျပည့္ျပည့္ဝင္းက ဒုတိယဆု ႏွင့္ ရန္ကုန္သင္တန္းေက်ာင္းခြဲ-၃ မွ မထက္အိေျႏၵလင္းက တတိယဆု စသည့္ ဆု အသီးသီး ရရွိခဲ့ၾကသည္။

ဒုတိယအဆင့္တြင္ တစ္ႏိုင္ငံလုံးမွ ဝင္ေရာက္ယွဥ္ၿပိဳင္သူ စုစုေပါင္း ၁၆၀ ေယာက္ ရွိၿပီး ေမာ္လၿမိဳ င္သင္တန္းေက်ာင္းခြဲမွ ေမာင္သက္မႉးပိုင္ က ပထမဆု၊ ေမာ္လၿမိဳင္သင္တန္းေက်ာင္းခြဲမွ ေမာင္စြမ္းရည္ထက္က ဒုတိယဆု ႏွင့္ ရန္ကုန္သင္တန္းေက်ာင္းခြဲ-၃မွ ေမာင္ခန႔္ဟိန္းက တတိယဆု စသည့္ ဆုအသီးသီး ရရွိခဲ့ၾကသည္။

သခ်ၤာထူးခြၽန္ၿပိဳင္ပြဲႀကီး၏ တတိယအဆင့္တြင္ ရန္ကုန္သင္တန္းေက်ာင္းခြဲ-၃မွ ေမာင္လင္းအားမာန္ျပည့္ က ပထမဆု၊ ရန္ကုန္သင္တန္းေက်ာင္းခြဲ-၂မွ ေမာင္လေရာင္ခ်မ္းလင္းက ဒုတိယဆုႏွင့္ ဘားအံ သင္တန္းေက်ာင္းခြဲမွ ေမာင္မင္းပိုင္သူက တတိယဆု စသည့္ ဆုအသီးသီး ရရွိခဲ့ၾကၿပီး တစ္ႏိုင္ငံလုံးမွ ဝင္ေရာက္ယွဥ္ၿပိဳင္သူ စုစုေပါင္း ၁၄၅ ေယာက္ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့သည္။

စတုတၳအဆင့္တြင္ တစ္ႏိုင္ငံလုံးမွ ဝင္ေရာက္ယွဥ္ၿပိဳင္သူ စုစုေပါင္း ၁၂၂ ေယာက္ရွိၿပီး ရန္ကုန္သင္တန္းေက်ာင္းခြဲ-၂ မွ မဝင့္ရတီလြင္က ပထမဆု၊ ရန္ကုန္သင္တန္းေက်ာင္းခြဲ-၂ မွ ေမာင္လြင္ကိုကို က ဒုတိယဆု ႏွင့္ ရန္ကုန္သင္တန္းေက်ာင္းခြဲ- ၁ မွ ေမာင္ေအာင္မင္းခန႔္ က တတိယဆု စသည့္ ဆုအသီးသီး ရရွိခဲ့သည္။

ရန္ကုန္သင္တန္းေက်ာင္းခြဲ-၃မွ မဆုဝတ္ရည္လင္းက သခ်ၤာထူးခြၽန္ၿပိဳင္ပြဲႀကီး၏ ပၪၥမအဆင့္တြင္ ပထမဆု၊ ေမာ္လၿမိဳင္သင္တန္းေက်ာင္းခြဲမွ ေမာင္သာကီဝင္းက ဒုတိယဆုႏွင့္ ရန္ကုန္သင္တန္းေက်ာင္းခြဲ-၁မွ မသဒၵါရွင္းသန႔္ေဇာ္ က တတိယဆု စသည့္ ဆု အသီးသီး ရရွိခဲ့ၾကၿပီး ဝင္ေရာက္ယွဥ္ၿပိဳင္သူ စုစုေပါင္း ၆၃ ေယာက္ရွိခဲ့သည္။

Sakamoto Maths Myanmar ၏ တတိယအႀကိမ္ေျမာက္ ေက်ာင္းေပါင္းစုံ သခ်ၤာထူးခြၽန္ၿပိဳင္ပြဲႀကီးတြင္ ထူးခြၽန္စြာေအာင္ျမင္ခဲ့ၾကေသာ ေက်ာင္းသား၊ေက်ာင္းသူမ်ားအား ဆုေပးပြဲ အခမ္းအနားကိုလည္း ၾသဂုတ္လ ၂၅ ရက္ေန႔က ရန္ကုန္ၿမိဳ႕၊ ဆူးေလ ရွန္ဂရီလာ ဟိုတယ္တြင္ ခမ္းခမ္းနားနား က်င္းပခဲ့သည္။

အဆင့္ အသီးသီးလိုက္ ပထမ ရရွိသူမ်ားကို Sakamoto Maths Myanmar ေက်ာင္းမ်ားတြင္ တစ္ႏွစ္စာ ပညာသင္ဆု ႏွင့္ ဆု တံဆိပ္ မ်ားခ်ီးျမႇင့္ခဲ့ၿပီး ဒုတိယဆုရရွိသူမ်ားကို ေဒၚလာ ၂၀၀ တန္ ပညာသင္ဆု ႏွင့္ တတိယ ရရွိသူမ်ားကို ေဒၚလာ ၁၀၀ တန္ ပညာသင္ဆု စသျဖင့္ ဆုမ်ားကို အသီးသီး ဆုခ်ီးျမႇင့္ခဲ့သည္။ ထို႔အျပင္ တစ္ဦးခ်င္းစီ၏ စာေမးပြဲ ရလဒ္ရမွတ္မ်ားအေပၚ မူတည္ၿပီး ဂုဏ္ထူးေဆာင္ လက္မွတ္၊ ကြၽမ္းက်င္မႈ အသိအမွတ္ျပဳ လက္မွတ္ႏွင့္ ၿပိဳင္ပြဲဝင္ အသိအမွတ္ျပဳသည့္ ဂုဏ္ျပဳလက္မွတ္မ်ား အသီးသီးကိုလည္း ခ်ီးျမႇင့္ခဲ့သည္။

Sakamoto Maths Myanmar သည္ ၎၏ ပထမအႀကိမ္ႏွင့္ ဒုတိယအႀကိမ္ေျမာက္ ေက်ာင္းေပါင္းစုံ သခ်ၤာထူးခြၽန္ၿပိဳင္ပြဲႀကီးမ်ားကို ၂၀၁၇ ႏွင့္ ၂၀၁၈ ခုႏွစ္တြင္ ရန္ကုန္ႏွင့္ မႏၲေလးၿမိဳ႕မ်ားတြင္ က်င္းပခဲ့သည္။ ၂၀၁၇ ခုႏွစ္က က်င္းပခဲ့သည့္ Sakamoto Maths Myanmar ၏ ပထမအႀကိမ္ေျမာက္ ေက်ာင္းေပါင္းစုံ သခ်ၤာထူးခြၽန္ၿပိဳင္ပြဲႀကီးတြင္ ရန္ကုန္ၿမိဳ႕မွ ေက်ာင္းသား၊ေက်ာင္းသူ ၂၅၀ ေယာက္ႏွင့္ မႏၲေလးၿမိဳ႕မွ ၃၅၀ေယာက္ စုစုေပါင္း ေက်ာင္းသား၊ ေက်ာင္းသူ အေယာက္ ၆၀၀ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့သည္။ ရန္ကုန္ၿမိဳ႕တြင္ ေက်ာင္းသား၊ေက်ာင္းသူ ၂၀၀ ေယာက္ ႏွင့္ မႏၲေလးၿမိဳ႕တြင္ ၃၅၀ ေယာက္ စုစုေပါင္း ေက်ာင္းသား၊ ေက်ာင္းသူ အေယာက္ ၅၅၀ သည္ ၂၀၁၈ ခုႏွစ္က က်င္းပခဲ့သည့္ Sakamoto Maths Myanmar ၏ ဒုတိယအႀကိမ္ေျမာက္ ေက်ာင္းေပါင္းစုံ သခ်ၤာထူးခြၽန္ၿပိဳင္ပြဲႀကီးတြင္ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့သည္။

Sakamoto Maths Myanmar သည္ လာမည့္ႏွစ္မ်ားတြင္ ျမန္မာႏိုင္ငံမွ ေက်ာင္းသား၊ ေက်ာင္းသူမ်ား ႏိုင္ငံတကာ အေတြ႕အႀကဳံမ်ား ပိုမိုရရွိေစရန္ႏွင့္ ပညာပါရမီပိုမိုျပည့္ဝေစရန္ ႏိုင္ငံတကာအဆင့္မွီ သခ်ၤာသင္ၾကားနည္းမ်ားျဖင့္ သင္ၾကားကာ ႏိုင္ငံတကာၿပိဳင္ပြဲမ်ားစြာကို ပိုမိုက်င္းပသြားမည္ ျဖစ္သည္။

[Unicode]

Sakamoto Maths Myanmar ၏ တတိယအကြိမ်မြောက် သင်္ချာထူးချွန်ပြိုင်ပွဲကြီး အောင်မြင်စွာ ကျင်းပပြီးစီး

Sakamoto Maths Myanmar သည် မြန်မာနိုင်ငံတွင် လက်တွေ့ကျကျ တွေးခေါ်တတ်စေပြီး ပြဿနာရပ်များကို ဖြေရှင်းတတ်အောင် လေ့ကျင့်ပေးသည့် ပညာရေး ထောက်ပံ့ပေးသော ကျောင်းတစ်ကျောင်း ဖြစ်ပြီး ၎င်း၏ တတိယအကြိမ်မြောက် ကျောင်းပေါင်းစုံ သင်္ချာထူးချွန်ပြိုင်ပွဲကြီးကို ၂၀၁၉ ခုနှစ် သြဂုတ်လ ၁၈ ရက်နေ့တွင် တစ်နိုင်ငံလုံးရှိ Sakamoto Maths Myanmar ၏ ကျောင်းခွဲများတွင် အောင်မြင်စွာ ကျင်းပနိင်ခဲ့ပါသည်။

သင်္ချာထူးချွန်ပြိုင်ပွဲကြီး၏ အဓိက ရည်ရွယ်ချက်မှာ အခြေခံကျောင်းသား၊ ကျောင်းသူများ သင်္ချာဘာသာရပ်ကို ပိုမိုတက်ကြွ စိတ်ဝင်စားလာစေပြီး ၎င်းတို့၏ အတွေးအခေါ်များ၊ စွမ်းဆောင်ရည်များကို တိုးတက်လာစေရန် ဖြစ်ပါသည်။ ဂျပန်နိုင်ငံထုတ် မူလသင်ရိုးကို အသုံးပြုထားသောကြောင့် မြန်မာကျောင်းသား၊ ကျောင်းသူများ နိုင်ငံတကာ အတွေ့အကြုံများ ရရှိစေရန် ရည်ရွယ်သကဲ့သို့ ဤသင်္ချာထူးချွန်ပြိုင်ပွဲကြီး မှ သင်္ချာဘာသာရပ်ဆိုင်ရာ စိန်ခေါ်မှုများ၊ ခွန်အားများ၊ တိုးတက်မှု များကိုပါ ကျောင်းသား၊ ကျောင်းသူများ ရရှိလိမ့်မည်ဟု မျှော်လင့််ထားပါသည်။

အဆိုပါထူးချွန်ပြိုင်ပွဲကြီးတွင် မြန်မာနိုင်ငံရှိ အခြေခံ ပညာကျောင်းသား၊ ကျောင်းသူတိုင်း ဝင်ရောက် ယှဉ်ပြိုင်ခွင့် ပြုခဲ့ပြီး ရန်ကုန်မှ ကျောင်းသား၊ကျောင်းသူ ၁၉၀ ယောက် ၊ မန္တလေး မှ ၁၁၅ ယောက်၊ တောင်ကြီး မှ ၄၅ ယောက်၊ မုံရွာ မှ ၇၀ ယောက်၊ မော်လမြိုင်မှ ၁၅၀ယောက် နှင့် ဘားအံ မှ ၁၃၀ ယောက်၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ အယောက် ၇၀၀ တို့က တစ်နိုင်ငံလုံးရှိ Sakamoto Maths Myanmar ၏ ကျောင်းခွဲများတွင် သင်္ချာထူးချွန်ပြိုင်ပွဲကြီး၏ အဆင့် ၅ ဆင့်၌ အသီးသီးတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။

သင်္ချာထူးချွန်ပြိုင်ပွဲကြီး၏ ပထမအဆင့်တွင် တစ်နိုင်ငံလုံးမှ ဝင်ရောက်ယှဉ်ပြိုင်သူ စုစုပေါင်း ၂၁၀ ယောက် ရှိပြီး ရန်ကုန်သင်တန်းကျောင်းခွဲ-၃မှ မောင်လင်းသန့်အောင်က ပထမဆု၊ ဘားအံသင်တန်းကျောင်းခွဲမှ မခင်ပြည့်ပြည့်ဝင်းက ဒုတိယဆု နှင့် ရန်ကုန်သင်တန်းကျောင်းခွဲ-၃ မှ မထက်အိန္ဒြေလင်းက တတိယဆု စသည့် ဆု အသီးသီး ရရှိခဲ့ကြသည်။

ဒုတိယအဆင့်တွင် တစ်နိုင်ငံလုံးမှ ဝင်ရောက်ယှဉ်ပြိုင်သူ စုစုပေါင်း ၁၆၀ ယောက် ရှိပြီး မော်လမြို င်သင်တန်းကျောင်းခွဲမှ မောင်သက်မှူးပိုင် က ပထမဆု၊ မော်လမြိုင်သင်တန်းကျောင်းခွဲမှ မောင်စွမ်းရည်ထက်က ဒုတိယဆု နှင့် ရန်ကုန်သင်တန်းကျောင်းခွဲ-၃မှ မောင်ခန့်ဟိန်းက တတိယဆု စသည့် ဆုအသီးသီး ရရှိခဲ့ကြသည်။

သင်္ချာထူးချွန်ပြိုင်ပွဲကြီး၏ တတိယအဆင့်တွင် ရန်ကုန်သင်တန်းကျောင်းခွဲ-၃မှ မောင်လင်းအားမာန်ပြည့် က ပထမဆု၊ ရန်ကုန်သင်တန်းကျောင်းခွဲ-၂မှ မောင်လရောင်ချမ်းလင်းက ဒုတိယဆုနှင့် ဘားအံ သင်တန်းကျောင်းခွဲမှ မောင်မင်းပိုင်သူက တတိယဆု စသည့် ဆုအသီးသီး ရရှိခဲ့ကြပြီး တစ်နိုင်ငံလုံးမှ ဝင်ရောက်ယှဉ်ပြိုင်သူ စုစုပေါင်း ၁၄၅ ယောက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

စတုတ္ထအဆင့်တွင် တစ်နိုင်ငံလုံးမှ ဝင်ရောက်ယှဉ်ပြိုင်သူ စုစုပေါင်း ၁၂၂ ယောက်ရှိပြီး ရန်ကုန်သင်တန်းကျောင်းခွဲ-၂ မှ မဝင့်ရတီလွင်က ပထမဆု၊ ရန်ကုန်သင်တန်းကျောင်းခွဲ-၂ မှ မောင်လွင်ကိုကို က ဒုတိယဆု နှင့် ရန်ကုန်သင်တန်းကျောင်းခွဲ- ၁ မှ မောင်အောင်မင်းခန့် က တတိယဆု စသည့် ဆုအသီးသီး ရရှိခဲ့သည်။

ရန်ကုန်သင်တန်းကျောင်းခွဲ-၃မှ မဆုဝတ်ရည်လင်းက သင်္ချာထူးချွန်ပြိုင်ပွဲကြီး၏ ပဉ္စမအဆင့်တွင် ပထမဆု၊ မော်လမြိုင်သင်တန်းကျောင်းခွဲမှ မောင်သာကီဝင်းက ဒုတိယဆုနှင့် ရန်ကုန်သင်တန်းကျောင်းခွဲ-၁မှ မသဒ္ဒါရှင်းသန့်ဇော် က တတိယဆု စသည့် ဆု အသီးသီး ရရှိခဲ့ကြပြီး ဝင်ရောက်ယှဉ်ပြိုင်သူ စုစုပေါင်း ၆၃ ယောက်ရှိခဲ့သည်။

Sakamoto Maths Myanmar ၏ တတိယအကြိမ်မြောက် ကျောင်းပေါင်းစုံ သင်္ချာထူးချွန်ပြိုင်ပွဲကြီးတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား၊ကျောင်းသူများအား ဆုပေးပွဲ အခမ်းအနားကိုလည်း သြဂုတ်လ ၂၅ ရက်နေ့က ရန်ကုန်မြို့၊ ဆူးလေ ရှန်ဂရီလာ ဟိုတယ်တွင် ခမ်းခမ်းနားနား ကျင်းပခဲ့သည်။

အဆင့် အသီးသီးလိုက် ပထမ ရရှိသူများကို Sakamoto Maths Myanmar ကျောင်းများတွင် တစ်နှစ်စာ ပညာသင်ဆု နှင့် ဆု တံဆိပ် များချီးမြှင့်ခဲ့ပြီး ဒုတိယဆုရရှိသူများကို ဒေါ်လာ ၂၀၀ တန် ပညာသင်ဆု နှင့် တတိယ ရရှိသူများကို ဒေါ်လာ ၁၀၀ တန် ပညာသင်ဆု စသဖြင့် ဆုများကို အသီးသီး ဆုချီးမြှင့်ခဲ့သည်။ ထို့အပြင် တစ်ဦးချင်းစီ၏ စာမေးပွဲ ရလဒ်ရမှတ်များအပေါ် မူတည်ပြီး ဂုဏ်ထူးဆောင် လက်မှတ်၊ ကျွမ်းကျင်မှု အသိအမှတ်ပြု လက်မှတ်နှင့် ပြိုင်ပွဲဝင် အသိအမှတ်ပြုသည့် ဂုဏ်ပြုလက်မှတ်များ အသီးသီးကိုလည်း ချီးမြှင့်ခဲ့သည်။

Sakamoto Maths Myanmar သည် ၎င်း၏ ပထမအကြိမ်နှင့် ဒုတိယအကြိမ်မြောက် ကျောင်းပေါင်းစုံ သင်္ချာထူးချွန်ပြိုင်ပွဲကြီးများကို ၂၀၁၇ နှင့် ၂၀၁၈ ခုနှစ်တွင် ရန်ကုန်နှင့် မန္တလေးမြို့များတွင် ကျင်းပခဲ့သည်။ ၂၀၁၇ ခုနှစ်က ကျင်းပခဲ့သည့် Sakamoto Maths Myanmar ၏ ပထမအကြိမ်မြောက် ကျောင်းပေါင်းစုံ သင်္ချာထူးချွန်ပြိုင်ပွဲကြီးတွင် ရန်ကုန်မြို့မှ ကျောင်းသား၊ကျောင်းသူ ၂၅၀ ယောက်နှင့် မန္တလေးမြို့မှ ၃၅၀ယောက် စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ အယောက် ၆၀၀ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ရန်ကုန်မြို့တွင် ကျောင်းသား၊ကျောင်းသူ ၂၀၀ ယောက် နှင့် မန္တလေးမြို့တွင် ၃၅၀ ယောက် စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ အယောက် ၅၅၀ သည် ၂၀၁၈ ခုနှစ်က ကျင်းပခဲ့သည့် Sakamoto Maths Myanmar ၏ ဒုတိယအကြိမ်မြောက် ကျောင်းပေါင်းစုံ သင်္ချာထူးချွန်ပြိုင်ပွဲကြီးတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

Sakamoto Maths Myanmar သည် လာမည့်နှစ်များတွင် မြန်မာနိုင်ငံမှ ကျောင်းသား၊ ကျောင်းသူများ နိုင်ငံတကာ အတွေ့အကြုံများ ပိုမိုရရှိစေရန်နှင့် ပညာပါရမီပိုမိုပြည့်ဝစေရန် နိုင်ငံတကာအဆင့်မှီ သင်္ချာသင်ကြားနည်းများဖြင့် သင်ကြားကာ နိုင်ငံတကာပြိုင်ပွဲများစွာကို ပိုမိုကျင်းပသွားမည် ဖြစ်သည်။