[Zawgyi]

အားကစားပြဲေတြကို ၾကည့္ရႈ႕ဖို႔အတြက္ TV ရွာေနတယ္ဆိုရင္ေတာ့ Samsung ရဲ႕ ၂၀၁၉ခုႏွစ္ထုတ္ QLED TV ႀကီးေတြက သင့္အတြက္ ျဖစ္လာေစမွာပါ။ Samsung TV ေတြက ဘာေၾကာင့္ သင့္အတြက္ ျဖစ္ရတာလဲ ဆိုတာကို ေျပာမျပခင္ အားကစားပြဲေတြ ၾကည့္ရႈ႕ဖို႔အတြက္ ဘယ္လိုမ်ိဴး TV ေတြက အသင့္ေတာ္ဆုံး ျဖစ္မလဲဆိုတာကို ေျပာျပခ်င္ပါတယ္။

ေဘာလုံးပြဲအပါအဝင္ အားကစားပြဲေတြၾကည့္ရႈ႕ဖို႔အတြက္ TV တစ္လုံး ေ႐ြးခ်ယ္ဝယ္ယူေတာ့မယ္ဆိုရင္ တျခားေသာ Specification ေတြကို မစဥ္းစားခင္ ပထမဦးဆုံးအေနနဲ႔ ထည့္သြင္းစဥ္းစားရမယ့္အခ်က္က TV ရဲ႕ အ႐ြယ္အစား (TV Size) ပဲ ျဖစ္ပါတယ္။ TV Size ကို မိမိအသုံးျပဳမယ့္ ေငြပမာဏအေပၚမူတည္ၿပီး တတ္ႏိုင္သမွ် အႀကီးဆုံး အ႐ြယ္အစားျဖစ္ေအာင္ ေ႐ြးခ်ယ္ဝယ္ယူပါ။ BEST BUY က ပညာရွင္တစ္ေယာက္ကေတာ့ ၇၅လက္မနဲ႔ ၈၂လက္မတို႔လိုမ်ိဴး TV အႀကီးႀကီးေတြကို ဝယ္ယူဖို႔ မတတ္ႏိုင္ဘူးဆိုရင္ေတာင္ အနိမ့္ဆုံး ၅၅လက္မ ဝန္းက်င္ အ႐ြယ္အစားရွိ TV ေတြကို ေ႐ြးခ်ယ္ဖို႔ အႀကံေပးထားပါတယ္။

TV Size ကို ေ႐ြးခ်ယ္ၿပီးသြားၿပီဆိုရင္ ေနာက္ထပ္စဥ္းစားရမွာက Refresh Rate, Display Resolution, HDR နဲ႔ Display အမ်ိဴးအစားပဲ ျဖစ္ပါတယ္။ ဒီေန႔ေခတ္ TV ေတြမွာ မ်ားေသာအားျဖင့္ 60Hz, 120Hz နဲ႔ 240Hz ဆိုၿပီး Refresh Rate အသီးသီး ရွိၾကပါတယ္။ Screen ေပၚက ႐ုပ္ပုံေတြကို ၁စကၠန္႔အတြင္းမွာ အႀကိမ္ေရ ဘယ္ေလာက္မ်ားမ်ား ေျပာင္းလဲျပသေပးႏိုင္လဲဆိုတာကို Refresh Rate (Hz) နဲ႔ သတ္မွတ္တာ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ Refresh Rate ပိုျမန္ေလ၊ ပိုမ်ားေလ Screen ေပၚက ႐ုပ္ထြက္ေတြက ပို Smooth ျဖစ္ေလ ျဖစ္ပါတယ္။

Refresh Rate ဘယ္ေလာက္ပဲ ျမန္ေနပါေစ Display Resolution က အရမ္းႀကီး နိမ့္ေနျပန္ရင္လည္း အားကစားပြဲေတြၾကည့္ဖို႔အတြက္ အေကာင္းဆုံး TV လို႔ မဆိုႏိုင္ပါဘူး။ ဒါ့ေၾကာင့္ Display Resolution ကလည္း အနည္းဆုံး Full HD (1080 x 1920) ဒါမွမဟုတ္ 4K Ultra HD (2160 x 3840) Resolution ရွိဖို႔ လိုအပ္ပါေသးတယ္။ 4K နဲ႔ မေက်နပ္ေသးဘူးဆိုရင္လည္း 8K Ultra HD (4320 x 7680) အထိ ေ႐ြးခ်ယ္ဝယ္ယူႏိုင္ပါေသးတယ္။ ဒီေနရာမွာ တစ္ခုေျပာခ်င္တာက 8K TV ေတြနဲ႔ ပတ္သတ္ၿပီး လူေတာ္ေတာ္မ်ားမ်ားရဲ႕ အျမင္ပါ။ လူေတာ္ေတာ္မ်ားမ်ား ထင္ေနတဲ့ အေတြးက 8K TV ႀကီးပိုင္ဆိုင္ထားေပမယ့္ ၾကည့္စရာ ဗီဒီယိုရွားလို႔ မဝယ္သင့္ေသးဘူးဆိုတာမ်ိဴးပါ။ တကယ္ေတာ့ အဲ့ဒီလိုမ်ိဴး မဟုတ္ပါဘူး။ ဥပမာ – Samsung က ထုတ္လုပ္ထားတဲ့ 8K QLED TV ႀကီးေတြမွာဆိုရင္ Quantum Processor 8K Chip ကို အသုံးျပဳထားတဲ့အတြက္ အေကာင္းမြန္ဆုံးေသာ QLED ႐ုပ္ထြက္အရည္အေသြးေတြကို ေထာက္ပံ့ေပးႏိုင္ပါတယ္။ ဒါ့အျပင္ YouTube နဲ႔ Netflix တို႔လိုမ်ိဴး Streaming Service, Set-top Box, HDMI, USB ဒါမွမဟုတ္ Mobile Screen Mirroring စနစ္ကေန တစ္ဆင့္ TV ၾကည့္ရႈ႕တဲ့ အခါမွာလည္း မိမိၾကည့္ရႈ႕မယ့္ အေၾကာင္းအရာေတြက 8K Resolution အထိ ေထာက္ပံ့ေပးမထားဘူးဆိုရင္ေတာင္ အနီးစပ္ဆုံး 8K အရည္အေသြးရရွိေအာင္ A.I. (Artificial Intelligence) နည္းပညာနဲ႔ Upscale လုပ္ေပးႏိုင္တယ္လို႔ သိရပါတယ္။

High Dynamic Range လို႔ေခၚတဲ့ HDR ကလည္း ဖန္သားျပင္ကေနတစ္ဆင့္ ၾကည့္ရႈ႕မယ့္ အားကစားဝါသနာရွင္ေတြအတြက္ အေရးပါတဲ့ အဂၤါရပ္ပဲ ျဖစ္ပါတယ္။ HDR ေထာက္ပံ့ေပးထားတဲ့ Display ေတြဟာ သာမန္ Display ေတြထက္ Contrast နဲ႔ Brightness ေတြမွာ ပိုမိုေကာင္းပါတယ္။ ၂၀၁၉ခုႏွစ္ထုတ္ Samsung QLED TV ေတြမွာဆိုရင္ ၆၅လက္မကေန ၉၈လက္မ အ႐ြယ္အစားထိရွိတဲ့ 8K Q900R, ၄၃လက္မကေန ၈၂လက္မ အ႐ြယ္အစားထိရွိတဲ့ 4K Q90R, Q80R, Q70R နဲ႔ Q60R ဆိုၿပီး အမ်ိဴးမ်ိဴး ေ႐ြးခ်ယ္ဝယ္ယူႏိုင္ပါတယ္။ အဆိုပါ QLED TV ႀကီးေတြဟာ HDR စနစ္ကို ေထာက္ပံ့ေပးထားသလို Refresh Rate ကလည္း 120Hz ကေန 240Hz အထိ ရွိတာေၾကာင့္ ဖန္သားျပင္ကေန တစ္ဆင့္ ၾကည့္ရႈ႕မယ့္ အားကစားဝါသနာရွင္ေတြအတြက္ သင့္ေတာ္တဲ့ QLED TV အမ်ိဴးအစားေတြ ျဖစ္လိမ့္မယ္လို႔ ယုံၾကည္မိပါတယ္။

[Unicode]

ဖန်သားပြင်မှ ကြည့်ရှု့မယ့် အားကစားဝါသနာရှင်များအတွက် Samsung QLED TV များ

အားကစားပွဲတွေကို ကြည့်ရှု့ဖို့အတွက် TV ရှာနေတယ်ဆိုရင်တော့ Samsung ရဲ့ ၂၀၁၉ခုနှစ်ထုတ် QLED TV ကြီးတွေက သင့်အတွက် ဖြစ်လာစေမှာပါ။ Samsung TV တွေက ဘာကြောင့် သင့်အတွက် ဖြစ်ရတာလဲ ဆိုတာကို ပြောမပြခင် အားကစားပွဲတွေ ကြည့်ရှု့ဖို့အတွက် ဘယ်လိုမျိူး TV တွေက အသင့်တော်ဆုံး ဖြစ်မလဲဆိုတာကို ပြောပြချင်ပါတယ်။

ဘောလုံးပွဲအပါအဝင် အားကစားပွဲတွေကြည့်ရှု့ဖို့အတွက် TV တစ်လုံး ရွေးချယ်ဝယ်ယူတော့မယ်ဆိုရင် တခြားသော Specification တွေကို မစဥ်းစားခင် ပထမဦးဆုံးအနေနဲ့ ထည့်သွင်းစဥ်းစားရမယ့်အချက်က TV ရဲ့ အရွယ်အစား (TV Size) ပဲ ဖြစ်ပါတယ်။ TV Size ကို မိမိအသုံးပြုမယ့် ငွေပမာဏအပေါ်မူတည်ပြီး တတ်နိုင်သမျှ အကြီးဆုံး အရွယ်အစားဖြစ်အောင် ရွေးချယ်ဝယ်ယူပါ။ BEST BUY က ပညာရှင်တစ်ယောက်ကတော့ ၇၅လက်မနဲ့ ၈၂လက်မတို့လိုမျိူး TV အကြီးကြီးတွေကို ဝယ်ယူဖို့ မတတ်နိုင်ဘူးဆိုရင်တောင် အနိမ့်ဆုံး ၅၅လက်မ ဝန်းကျင် အရွယ်အစားရှိ TV တွေကို ရွေးချယ်ဖို့ အကြံပေးထားပါတယ်။

TV Size ကို ရွေးချယ်ပြီးသွားပြီဆိုရင် နောက်ထပ်စဥ်းစားရမှာက Refresh Rate, Display Resolution, HDR နဲ့ Display အမျိူးအစားပဲ ဖြစ်ပါတယ်။ ဒီနေ့ခေတ် TV တွေမှာ များသောအားဖြင့် 60Hz, 120Hz နဲ့ 240Hz ဆိုပြီး Refresh Rate အသီးသီး ရှိကြပါတယ်။ Screen ပေါ်က ရုပ်ပုံတွေကို ၁စက္ကန့်အတွင်းမှာ အကြိမ်ရေ ဘယ်လောက်များများ ပြောင်းလဲပြသပေးနိုင်လဲဆိုတာကို Refresh Rate (Hz) နဲ့ သတ်မှတ်တာ ဖြစ်ပါတယ်။ ဒါ့ကြောင့် Refresh Rate ပိုမြန်လေ၊ ပိုများလေ Screen ပေါ်က ရုပ်ထွက်တွေက ပို Smooth ဖြစ်လေ ဖြစ်ပါတယ်။

Refresh Rate ဘယ်လောက်ပဲ မြန်နေပါစေ Display Resolution က အရမ်းကြီး နိမ့်နေပြန်ရင်လည်း အားကစားပွဲတွေကြည့်ဖို့အတွက် အကောင်းဆုံး TV လို့ မဆိုနိုင်ပါဘူး။ ဒါ့ကြောင့် Display Resolution ကလည်း အနည်းဆုံး Full HD (1080 x 1920) ဒါမှမဟုတ် 4K Ultra HD (2160 x 3840) Resolution ရှိဖို့ လိုအပ်ပါသေးတယ်။ 4K နဲ့ မကျေနပ်သေးဘူးဆိုရင်လည်း 8K Ultra HD (4320 x 7680) အထိ ရွေးချယ်ဝယ်ယူနိုင်ပါသေးတယ်။ ဒီနေရာမှာ တစ်ခုပြောချင်တာက 8K TV တွေနဲ့ ပတ်သတ်ပြီး လူတော်တော်များများရဲ့ အမြင်ပါ။ လူတော်တော်များများ ထင်နေတဲ့ အတွေးက 8K TV ကြီးပိုင်ဆိုင်ထားပေမယ့် ကြည့်စရာ ဗီဒီယိုရှားလို့ မဝယ်သင့်သေးဘူးဆိုတာမျိူးပါ။ တကယ်တော့ အဲ့ဒီလိုမျိူး မဟုတ်ပါဘူး။ ဥပမာ – Samsung က ထုတ်လုပ်ထားတဲ့ 8K QLED TV ကြီးတွေမှာဆိုရင် Quantum Processor 8K Chip ကို အသုံးပြုထားတဲ့အတွက် အကောင်းမွန်ဆုံးသော QLED ရုပ်ထွက်အရည်အသွေးတွေကို ထောက်ပံ့ပေးနိုင်ပါတယ်။ ဒါ့အပြင် YouTube နဲ့ Netflix တို့လိုမျိူး Streaming Service, Set-top Box, HDMI, USB ဒါမှမဟုတ် Mobile Screen Mirroring စနစ်ကနေ တစ်ဆင့် TV ကြည့်ရှု့တဲ့ အခါမှာလည်း မိမိကြည့်ရှု့မယ့် အကြောင်းအရာတွေက 8K Resolution အထိ ထောက်ပံ့ပေးမထားဘူးဆိုရင်တောင် အနီးစပ်ဆုံး 8K အရည်အသွေးရရှိအောင် A.I. (Artificial Intelligence) နည်းပညာနဲ့ Upscale လုပ်ပေးနိုင်တယ်လို့ သိရပါတယ်။

High Dynamic Range လို့ခေါ်တဲ့ HDR ကလည်း ဖန်သားပြင်ကနေတစ်ဆင့် ကြည့်ရှု့မယ့် အားကစားဝါသနာရှင်တွေအတွက် အရေးပါတဲ့ အင်္ဂါရပ်ပဲ ဖြစ်ပါတယ်။ HDR ထောက်ပံ့ပေးထားတဲ့ Display တွေဟာ သာမန် Display တွေထက် Contrast နဲ့ Brightness တွေမှာ ပိုမိုကောင်းပါတယ်။ ၂၀၁၉ခုနှစ်ထုတ် Samsung QLED TV တွေမှာဆိုရင် ၆၅လက်မကနေ ၉၈လက်မ အရွယ်အစားထိရှိတဲ့ 8K Q900R, ၄၃လက်မကနေ ၈၂လက်မ အရွယ်အစားထိရှိတဲ့ 4K Q90R, Q80R, Q70R နဲ့ Q60R ဆိုပြီး အမျိူးမျိူး ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ အဆိုပါ QLED TV ကြီးတွေဟာ HDR စနစ်ကို ထောက်ပံ့ပေးထားသလို Refresh Rate ကလည်း 120Hz ကနေ 240Hz အထိ ရှိတာကြောင့် ဖန်သားပြင်ကနေ တစ်ဆင့် ကြည့်ရှု့မယ့် အားကစားဝါသနာရှင်တွေအတွက် သင့်တော်တဲ့ QLED TV အမျိူးအစားတွေ ဖြစ်လိမ့်မယ်လို့ ယုံကြည်မိပါတယ်။