Zawgyi






Ref – GSM Arena

Unicode

Samsung ကနေ ပြီးခဲ့တဲ့ သြဂုတ်လအစောပိုင်းတုန်းက Galaxy Note 10 နဲ့ Note 10+ စမတ်ဖုန်းတွေကို မိတ်ဆက်ခဲ့ပြီးတော့ အဆိုပါ Galaxy Unpacked Event မှာ Galaxy Note 10+ မှာ အသုံးပြုနိုင်တဲ့ Feature တစ်ခုကို ပြသသွားခဲ့ပါတယ်။ ဒါကတော့ ကိုယ်ကြိုက်တဲ့ အရုပ် ဒါမှမဟုတ် Object တစ်ခုခုကို 3D Model အနေနဲ့ Scan ဖတ်နိုင်မယ့် Feature ပဲဖြစ်ပါတယ်။

Samsung ဟာ အဆိုပါ 3D Scanning Feature ကို မိတ်ဆက်သွားခဲ့ပေမယ့် ထွက်ထွက်ခြင်းမှာတော့ အသုံးပြုနိုင်ခြင်းမရှိခဲ့ပါဘူး။ ဒါပေမယ့် အခုအချိန်မှာတော့ Samsung ကနေ Galaxy Note 10+ စမတ်ဖုန်းအတွက် 3D Scanner App ကို Galaxy Store မှာ Download ပြုလုပ်နိုင်အောင်ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။ အဲ့ဒီအတွက် 3D Scanning Feature ကို အသုံးပြုဖို့အတွက်က အဆိုပါ 3D Scanner App ကို အရင် Download ပြုလုပ်ထားဖို့လိုအပ်မှာပါ။

Samsung ရဲ့ 3D Scanning Feature ဟာ Galaxy Note 10+ မှာ ပါဝင်တဲ့ ToF DepthVision Camera နဲ့ အလုပ်လုပ်တာဖြစ်တဲ့အတွက် ပုံမှန် Galaxy Note 10 ဖုန်းမှာတော့ အသုံးပြုနိုင်မှာမဟုတ်ပါဘူး။ Samsung ကနေ ToF Camera နဲ့ ယခင်တုန်းက ထုတ်လုပ်ထားတဲ့ Samsung Galaxy S10 5G နဲ့ Galaxy A80 ဖုန်းတွေအနေနဲ့တော့ အသုံးပြုလို့ရနိုင်ပါတယ်။

3D Scanner App ကို အသုံးပြုချင်တယ်ဆိုရင်တော့ Samsung က Recommend ပေးထားတဲ့ အရွယ်အစားဖြစ်တဲ့ 20 – 80cm အရွယ်အစားရှိတဲ့ အရုပ် ဒါမှမဟုတ် Object တစ်ခုခုကို အဆိုပါ App နဲ့ Camera ရိုက်သလို ချိန်ပြီးတော့ နေရာအကုန်လုံးကို လိုက်ပြီး Scan ဖတ်ပေးရမှာဖြစ်ပါတယ်။ Scan ဖတ်ပြီးသွားတဲ့ 3D Model ကို Emoji အဖြစ်အသုံးပြုနိုင်သလို Video ထဲမှာလည်း ရိုက်ကူးနေတဲ့သူရဲ့ လှုပ်ရှားမှုအတိုင်း လိုက်ပြီး သရုပ်ဆောင်နိုင်ဦးမှာပါ။

ယခင်တုန်းက အခုလိုမျိုး 3D Scanning App ကို Sony က ပြုလုပ်ဖူးတယ်ဆိုပေမယ့် Galaxy Note 10+ မှာ ပါတဲ့ Feature က ပိုပြီးကောင်းမွန်တယ်လို့ပြောရမှာပါ၊

Ref – GSM Arena