[Zawgyi]

ဆမ္ေဆာင္းရဲ႕ Galaxy A50 (ေမာ္ဒယ္နံပါတ္ SM-A505FN) ကိုေတာ့ Geekbench ေပၚမွာ စတင္ ျမင္ေတြ႕လာရျပီ ျဖစ္ျပီး Exynos 7 9610 Chipset နဲ႔အတူ ေပၚထြက္လာခဲ့ပါတယ္။ ၄င္းမွာ 10nm SoC နဲ႔ Cortex-A73 (2.3GHz) Core ေလးခုနဲ႔ A53 (1.6GHz) ေလးခုတုိ႔ ပါဝင္ျပီး ဂရပ္ဖစ္ယူနစ္ကေတာ့ Mali-G72 MP3 ျဖစ္ပါတယ္။

စြမ္းေဆာင္ရည္ပုိင္းမွာေတာ့ ဒီခ်စ္ပ္ဆက္ဟာ Snapdragon 660 ရဲ႕ Single-core အျမန္ႏႈန္းနဲ႔ တန္းတူေလာက္က်ျပီး Multi-core စြမ္းေဆာင္ရည္မွာ Snapdragon 636 နီးပါး ျဖစ္တာကို Benchmark မွာ ျမင္ေတြ႕ရပါတယ္။

စိတ္ဝင္စားစရာ ေကာင္းတာကေတာ့ Android 9 Pie ကို အသုံးျပဳလာတာပါ။ ဒါဟာ လတ္တေလာမွ Oreo ကေန ခြာစျပဳလာတဲ့ ဆမ္ေဆာင္းအတြက္ သိသာတဲ့ အေရြ႕တစ္ခုျဖစ္ျပီး Galaxy A စီးရီးနဲ႔ Entry-level ခ်င္း အတူတူျဖစ္တဲ့ Galaxy M စီးရီးဖုန္းအခ်ဳိ႕က Oreo နဲ႔ပဲ Benchmark တင္လာခဲ့ပါတယ္။

Galaxy A နဲ႔ M စီးရီးႏွစ္ခုကို အေစာပိုင္းသတင္းေတြမွာ ယွဥ္ၾကည့္ခဲ့စဥ္က မန္မိုရီ အပါဝင္ အစိတ္အပုိင္း ေတြမွာ Galaxy A ကနည္းနည္းပိုျပီး Premium ဆန္ေနခဲ့ပါတယ္။ ဒါ့အျပင္ ယခု Benchmark မွာေတာ့ Galaxy A50 ဖုန္းကို 4GB RAM မန္မုိရီနဲ႔ ေတြ႕ရတဲ့အတြက္ 64GB Storage ဗားရွင္းလို႔ ယူဆရတယ္။ အေစာပိုင္း သတင္းေတြမွာေတာ့ 128GB ဗားရွင္းပါ ပါဝင္လာမယ္လို႔ ထြက္ထားပါတယ္။

Ref – GSM Arena

[Unicode]

ဆမ်ဆောင်းရဲ့ Galaxy A50 (မော်ဒယ်နံပါတ် SM-A505FN) ကိုတော့ Geekbench ပေါ်မှာ စတင် မြင်တွေ့လာရပြီ ဖြစ်ပြီး Exynos 7 9610 Chipset နဲ့အတူ ပေါ်ထွက်လာခဲ့ပါတယ်။ ၎င်းမှာ 10nm SoC နဲ့ Cortex-A73 (2.3GHz) Core လေးခုနဲ့ A53 (1.6GHz) လေးခုတို့ ပါဝင်ပြီး ဂရပ်ဖစ်ယူနစ်ကတော့ Mali-G72 MP3 ဖြစ်ပါတယ်။

စွမ်းဆောင်ရည်ပိုင်းမှာတော့ ဒီချစ်ပ်ဆက်ဟာ Snapdragon 660 ရဲ့ Single-core အမြန်နှုန်းနဲ့ တန်းတူလောက်ကျပြီး Multi-core စွမ်းဆောင်ရည်မှာ Snapdragon 636 နီးပါး ဖြစ်တာကို Benchmark မှာ မြင်တွေ့ရပါတယ်။

စိတ်ဝင်စားစရာ ကောင်းတာကတော့ Android 9 Pie ကို အသုံးပြုလာတာပါ။ ဒါဟာ လတ်တလောမှ Oreo ကနေ ခွာစပြုလာတဲ့ ဆမ်ဆောင်းအတွက် သိသာတဲ့ အရွေ့တစ်ခုဖြစ်ပြီး Galaxy A စီးရီးနဲ့ Entry-level ချင်း အတူတူဖြစ်တဲ့ Galaxy M စီးရီးဖုန်းအချို့က Oreo နဲ့ပဲ Benchmark တင်လာခဲ့ပါတယ်။

Galaxy A နဲ့ M စီးရီးနှစ်ခုကို အစောပိုင်းသတင်းတွေမှာ ယှဉ်ကြည့်ခဲ့စဉ်က မန်မိုရီ အပါဝင် အစိတ်အပိုင်း တွေမှာ Galaxy A ကနည်းနည်းပိုပြီး Premium ဆန်နေခဲ့ပါတယ်။ ဒါ့အပြင် ယခု Benchmark မှာတော့ Galaxy A50 ဖုန်းကို 4GB RAM မန်မိုရီနဲ့ တွေ့ရတဲ့အတွက် 64GB Storage ဗားရှင်းလို့ ယူဆရတယ်။ အစောပိုင်း သတင်းတွေမှာတော့ 128GB ဗားရှင်းပါ ပါဝင်လာမယ်လို့ ထွက်ထားပါတယ်။

Ref – GSM Arena