Samsung ဟာ ပုံမှန်အနေနဲ့ နှစ်စဥ် ဖေဖော်ဝါရီလအတွင်းမှာ Galaxy S Series Flagship ဖုန်းတွေကို မိတ်ဆက်လေ့ရှိပါတယ်။ အစောပိုင်းတုန်းက နာမည်ကြီး Leakster တစ်ဦးဖြစ်တဲ့ Ice Universe ကနေ S23 Series ကို ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ မိတ်ဆက်သွားမယ်ဆိုပြီး ဖော်ပြခဲ့ပါတယ်။

အခုအချိန်မှာတော့ Samsung Colombia Website စာမျက်နှာမှာ Galaxy S23 Series ဖုန်းကို မိတ်ဆက်မယ့် Galaxy Unpacked Event ကို ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ပြုလုပ်သွားမယ်ဆိုပြီး ဖော်ပြလိုက်ပါတယ်။ ဒါကြောင့် Galaxy S23 Series က ယခင် Galaxy S Series ဖုန်းတွေထက် ပိုမိုအချိန်စောပြီး မိတ်ဆက်မှာ သေချာသွားပါပြီ။

ဒါပေမယ့် Samsung ကနေ Social Media စာမျက်နှာတွေမှာ Galaxy S23 Series မိတ်ဆက်မယ့်အချိန်ကို Teaser အနေနဲ့ ကြေညာထားခြင်းမရှိသေးတဲ့အပြင် Samsung Colombia Website ကလည်း အဆိုပါ ကြေညာချက်ကို ပြန်လည်ဖျက်ချသွားခဲ့ပါတယ်။ ဒီအတွက် Samsung Colombia Website က မှားယွင်းဖော်ပြမိတာဖြစ်နိုင်တယ်လို့ ယူဆရပါတယ်။

Samsung Galaxy S23 Series ဖုန်းတွေဟာ Galaxy S23 ၊ Galaxy S23+ နဲ့ Galaxy S23 Ultra ဆိုပြီး ပါဝင်မှာဖြစ်ပါတယ်။ အဆိုပါ S23 Series ဖုန်းတွေဟာ Overclocked ပြုလုပ်ထားတဲ့ Qualcomm Snapdragon 8 Gen 2 Chipset ကို အသုံးပြုလာမှာဖြစ်တဲ့အပြင် Storage ပိုင်းမှာလည်း 128GB အစား 256GB ကနေ အနိမ့်ဆုံးထည့်သွင်းပေးသွားမှာဖြစ်ပါတယ်။

Ref – GSM Arena