Samsung Galaxy S22 နဲ့ Galaxy Tab S8 တို့ကို လာမဲ့လ အစောပိုင်းမှာ တရားဝင်မိတ်ဆက်လာဖွယ်ရှိပါတယ်။ ဒီ Device နှစ်မျိုးစလုံးရဲ့ အချက်အလက်တွေကတော့ အစောကတည်းက ပေါက်ကြားထွက်ပေါ်နှင့်ပြီးသားဖြစ်တာကြောင့် ဒီဇိုင်းပိုင်း၊ Features, specifications နဲ့ ဈေးနှုန်းတွေအကြောင်းကို အားလုံးလည်း သိပြီးကြပြီဖြစ်ပါလိမ့်မယ်။

Tipster တွေကြောင့် သတင်းယိုစိမ့်ပေါက်ကြားမှုတွေကို မရှိတဲ့အချိန်မှာတောင် Samsung ဟာ သူကိုယ်တိုင် ဖော်ထုတ်ပေးနေတယ်လို့ ဆိုရမလိုပါပဲ။ အကြောင်းကတော့ Galaxy Tab S8 Ultra ရဲ့ပုံကို သူ့ရဲ့ကိုယ်ပိုင် Website မှာ မတော်တဆ Published လုပ်ခဲ့မိလို့ပါပဲ။

Galaxy Tab S8 Ultra ရဲ့ ပုံကို 91Mobile က ပြန်ဖြန့်ခဲ့ပြီးတဲ့နောက်မှာတော့ ပိုပြီးလူသိများသွားခဲ့ပါတယ်။ ပေါ်ထွက်လာတဲ့ ရုပ်ပုံအရ Devise ဟာ Notch ပါဝင်တဲ့ မျက်နှာပြင်နဲ့ဖြစ်နေတာကို တွေ့ရပါတယ်။ တောင်ကိုရီးယား နည်းပညာကုမ္ပဏီကြီးဟာ Notch ပါတဲ့ Tablet အကြောင်း တစ်ခါမှ မထုတ်ပြန်ခဲ့ဖူးပါဘူး။ ဒါကြောင့် ဒီ Tablet ဟာ Galaxy Tab S8 Ultra ပဲ ဖြစ်ရမယ်လို့ မှတ်ယူကြတာ ဖြစ်ပါတယ်။

Galaxy Tab S8 Ultra ဟာ 120Hz refresh rate နဲ့ Notch ပါဝင်တဲ့ 14.6-inch Super AMOLED မျက်နှာပြင်ကြီး ကို တပ်ဆင်ထားမယ်လို့ မျှော်လင့်ရပါတယ်။ 12MP အရှေ့ကင်မရာတွေဟာ 4K ဗီဒီယိုတွေ ရိုက်ကူးနိုင်မယ်ဆိုတာ ကနဦးပေါက်ကြားမှုတွေမှာ သိပြီးဖြစ်ပါလိမ့်မယ်။ ကျောဘက်မှာတော့ 13MP အဓိကကင်မရာနဲ့ 6MP ultrawide ကင်မရာ တို့ကို တပ်ဆင်ထားမယ်လို့ သိရပါတယ်။

Snapdragon 8 Gen 1 processor ကို အသုံးပြုထားပြီး 8/12/16GB of RAM နဲ့ 128/256/512GB storage တွေကို ရွေးချယ်နိုင်မယ်လို့လည်း ဆိုပါတယ်။ Android 12 မောင်းနှင်ထားပြီး ဘက်ထရီပမာဏကလည်း 11,500mAh ဖြစ်တာကြောင့် အရင်လိုစိတ်ပျက်ရဖွယ်မရှိဘူးလို့ ဆိုရမှာပါ။ စပီကာလေးခု၊ USB Type-C port, Wireless DeX စတာတွေပါဝင်မယ်လို့လည်း သိရပါတယ်။

Ref: SamMobile