Zawgyi

Samsung ကေန ျပီးခဲ့တဲ့ရက္ပိုင္းတုန္းက ဒီႏွစ္အတြက္ေနာက္ဆံုး Flagship စမတ္ဖုန္းေတြျဖစ္တဲ့ Samsung Galaxy Note 10 နဲ႔ Note 10+ စမတ္ဖုန္းေတြကို မိတ္ဆက္ခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္ ဒီ Galaxy Note 10 ဖုန္းေတြရဲ႕ Promotion Video မွာ အမွားတစ္ခုကို ျပဳလုပ္ခဲ့ပါေသးတယ္။

ဒါကေတာ့ Galaxy Note 10 ဖုန္းေတြရဲ႕ ေဘးေဘာင္ကို Introduction Video နဲ႔ Official Website မွာ Stainless Steel ကို သံုးထားတယ္ဆုိျပီး ေရးသားခဲ့တာျဖစ္ပါတယ္။ Website မွာဆုိရင္လည္း “stainless steel and glass meld seamlessly to minimize bezel” ဆုိျပီး ေဖာ္ျပထားတာပါ။

ဒါေပမယ့္ တကယ္တမ္းၾကေတာ့ Samsung Galaxy Note 10 ဖုန္းေတြမွာ ေဘးေဘာင္က Stainless Steel အစား Aluminum Frame ကိုပဲ သံုးထားတာျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ ျဖစ္ႏုိင္တာက Samsung Marketing Team ေတြၾကားမွာ နားလည္မႈလြဲသြားတာတစ္ခုခုျဖစ္ပြားခဲ့တဲ့ပံုစံပါပဲ။

အခုအခ်ိန္မွာေတာ့ Samsung ကေန Galaxy Note 10 အတြက္ Introduction Video ကို Stainless Steel အစား High-polish Metal ဆုိျပီး ျပန္တင္ထားသလုိ Website မွာလည္း ျပန္ျပင္ထားလုိက္ျပီျဖစ္ပါတယ္။

ျဖစ္ႏုိင္တာက Samsung က Galaxy Note 10 ဖုန္းေတြမွာ iPhone X နဲ႔ XS ဖုန္းေတြမွာလုိပဲ Stainless Steel Frame ကို အသံုးျပဳဖုိ႔ အေစာပိုင္းတုန္းက စီစဥ္ထားျပီးေတာ့ ေနာက္ဆံုးၾကမွ Aluminum Frame ကိုပဲ ျပန္အသံုးျပဳလုိက္တဲ့ပံုပါပဲ။ ဘာပဲျဖစ္ျဖစ္ Aluminum Frame ကိုသံုးတာက Stainless Steel Frame ေလာက္ေတာ့ Premium မျဖစ္ေပမယ့္ အေလးခ်ိန္ကိုေတာ့ သိသိသာသာေလ်ာ႔သြားေစတာျဖစ္ပါတယ္။

Samsung အေနနဲ႔ အခုလုိမ်ိဳး မွားေၾကာ္ျငာမိတာကို ျပန္ျပင္ဆင္ခဲ့ေပမယ့္ တရားဝင္ေျဖရွင္းခ်က္ထုတ္ျပန္ခဲ့ျခင္းေတာ့မရွိပါဘူး။

Ref – SAM Mobile

Unicode

Samsung ကနေ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ဒီနှစ်အတွက်နောက်ဆုံး Flagship စမတ်ဖုန်းတွေဖြစ်တဲ့ Samsung Galaxy Note 10 နဲ့ Note 10+ စမတ်ဖုန်းတွေကို မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် Samsung ကနေ ဒီ Galaxy Note 10 ဖုန်းတွေရဲ့ Promotion Video မှာ အမှားတစ်ခုကို ပြုလုပ်ခဲ့ပါသေးတယ်။

ဒါကတော့ Galaxy Note 10 ဖုန်းတွေရဲ့ ဘေးဘောင်ကို Introduction Video နဲ့ Official Website မှာ Stainless Steel ကို သုံးထားတယ်ဆိုပြီး ရေးသားခဲ့တာဖြစ်ပါတယ်။ Website မှာဆိုရင်လည်း “stainless steel and glass meld seamlessly to minimize bezel” ဆိုပြီး ဖော်ပြထားတာပါ။

ဒါပေမယ့် တကယ်တမ်းကြတော့ Samsung Galaxy Note 10 ဖုန်းတွေမှာ ဘေးဘောင်က Stainless Steel အစား Aluminum Frame ကိုပဲ သုံးထားတာဖြစ်ပါတယ်။ အဲ့ဒါကြောင့် ဖြစ်နိုင်တာက Samsung Marketing Team တွေကြားမှာ နားလည်မှုလွဲသွားတာတစ်ခုခုဖြစ်ပွားခဲ့တဲ့ပုံစံပါပဲ။

အခုအချိန်မှာတော့ Samsung ကနေ Galaxy Note 10 အတွက် Introduction Video ကို Stainless Steel အစား High-polish Metal ဆိုပြီး ပြန်တင်ထားသလို Website မှာလည်း ပြန်ပြင်ထားလိုက်ပြီဖြစ်ပါတယ်။

ဖြစ်နိုင်တာက Samsung က Galaxy Note 10 ဖုန်းတွေမှာ iPhone X နဲ့ XS ဖုန်းတွေမှာလိုပဲ Stainless Steel Frame ကို အသုံးပြုဖို့ အစောပိုင်းတုန်းက စီစဉ်ထားပြီးတော့ နောက်ဆုံးကြမှ Aluminum Frame ကိုပဲ ပြန်အသုံးပြုလိုက်တဲ့ပုံပါပဲ။ ဘာပဲဖြစ်ဖြစ် Aluminum Frame ကိုသုံးတာက Stainless Steel Frame လောက်တော့ Premium မဖြစ်ပေမယ့် အလေးချိန်ကိုတော့ သိသိသာသာလျော့သွားစေတာဖြစ်ပါတယ်။

Samsung အနေနဲ့ အခုလိုမျိုး မှားကြော်ငြာမိတာကို ပြန်ပြင်ဆင်ခဲ့ပေမယ့် တရားဝင်ဖြေရှင်းချက်ထုတ်ပြန်ခဲ့ခြင်းတော့မရှိပါဘူး။

Ref – SAM Mobile