[Zawgyi]

Samaung ဟာ လုပ္ငန္းခြင္ေၾကာင့္ ျဖစ္ေပၚခံစားခဲ့ရတဲ့ နာက်င္မႈေတြနဲ႔ ေရာဂါေဝဒနာေတြအတြက္ ဝန္ခံေတာင္းပန္ခဲ့ပါတယ္။ ဒီလိုမ်ိဳး ေရာဂါေဝဒနာ ခံစားခဲ့ရသူေတြကေတာ့ Samsung ရဲ႕ Chip နဲ႔ LCD ထုတ္လုပ္ေရး လုပ္ငန္းခြင္ပိုင္းမွာ လုပ္ကိုင္ခဲ့တဲ့ ဝန္ထမ္းေတြပဲ ျဖစ္ပါတယ္။

Samsung Electronic ရဲ႕ ဥကၠ႒နဲ႔ စီအီးအို ကင္မ္ကီနမ္က “ခ်စ္ခင္ရပါတဲ့ လုပ္ေဖာ္ကိုင္ဖက္မ်ားနဲ႔ မိသားစုဝင္မ်ား အားလုံးဟာ အခ်ိန္ကာလၾကာရွည္စြာ နာက်င္ခံစားခဲ့ၾကရပါတယ္။ Samsung Electronic အေနနဲ႔ ဒီကိစၥကို ဂ႐ုတစိုက္နဲ႔ ေစာေစာစီးစီး ကိုင္တြယ္ေျဖရွင္းေပးဖို႔ ပ်က္ကြက္ခဲ့ပါတယ္” လို႔ ေတာင္းပန္မႈ ျပဳလုပ္ခဲ့တာလည္း ျဖစ္ပါတယ္။

 

“Samsung Electronic ဟာ Chip နဲ႔ Liquid-crystal display ထုတ္လုပ္ေရး လုပ္ငန္းခြင္ပိုင္းမွာ ျဖစ္ေပၚလာႏိုင္တဲ့ က်န္းမာေရးဆိုင္ရာ ထိခိုက္မႈေတြကို ျပည့္ျပည့္ဝဝနဲ႔ ၿပီးျပည့္စုံေအာင္ မစီမံႏိုင္ခဲ့ပါဘူး။ ဒီေန႔မွွာေတာ့ လုပ္ငန္းခြင္ ဝန္ထမ္းေတြနဲ႔ သူတို႔ရဲ႕ မိသားစုေတြ ခံစားခဲ့ရတဲ့ နာက်င္ခံစားမႈေတြအတြက္ ေလးေလးနက္နက္ ေတာင္းပန္ပါရေစ” လို႔ ကင္မ္ကီနမ္က အေလးအနက္ ေတာင္းပန္သြားခဲ့တာ ျဖစ္ပါတယ္။

ဒီသေဘာတူညီခ်က္အတြက္ ေရာဂါေဝဒနာကို ခံစားခဲ့ရတဲ့ ဝန္ထမ္းေတြက ဆယ္စုႏွစ္တစ္ခုနီးပါး ႀကိဳးစားခဲ့ရတာ ျဖစ္ပါတယ္။ Hwang Sang-Ki ဟာ ၂၀၀၇ ခုႏွစ္တုန္းက Samsung ရဲ႕ Chip ထုတ္လုပ္ေရ: စက္႐ုံမွာ အလုပ္လုပ္ေနခဲ့ၿပီး သူ႔ရဲ႕သားဟာ လူကီးမီးယား နဲ႔ေသဆုံးခဲ့ရပါတယ္။ သူဟာ အလားတူ ခံစားခဲ့ရတဲ့ ကေလးငယ္ေတြနဲ႔ ဘဝတူဝန္ထမ္းေတြကို စုစည္းၿပီး SHARPS ကမ္ပိန္းကို ဦးေဆာင္ ျပဳလုပ္ခဲ့တာပဲ ျဖစ္ပါတယ္။

လုပ္ငန္းခြင္ေၾကာင့္ ေရာဂါေဝဒနာ ခံစားခဲ့ရတဲ့ ဝန္းထမ္းအေရအတြက္ဟာ ၂၀၀ ေလာက္ရွိၿပီး ၇၀ ေလာက္ကေတာ့ ေသဆုံးခဲ့ၾကရတယ္လို႔လည္း သိရပါတယ္။ Samsung ကေတာ့ ဒီျဖစ္ရပ္အတြက္ အမ်ားဆုံးပမာဏအျဖစ္ ကိုရီးယားဝမ္ သန္း ၁၅၀ ဝန္းက်င္ (ေဒၚလာ တစ္သိန္းသုံးေသာင္း ဝန္းက်င္) နစ္နာေၾကးေပးဖို႔ သေဘာတူညီခဲ့ပါတယ္။ နစ္နာေၾကးေထာက္ပံ့မႈကိုေတာ့ ၂၀၂၈ ခုႏွစ္ ေအာက္တိုဘာလ ၃၁ ရက္ေန႔မတိုင္မီ ျပဳလုပ္သြားရမွာပဲ ျဖစ္ပါတယ္။

 

Ref: The Verge

 

[Unicode]

Samaung ဟာ လုပ်ငန်းခွင်ကြောင့် ဖြစ်ပေါ်ခံစားခဲ့ရတဲ့ နာကျင်မှုတွေနဲ့ ရောဂါဝေဒနာတွေအတွက် ဝန်ခံတောင်းပန်ခဲ့ပါတယ်။ ဒီလိုမျိုး ရောဂါဝေဒနာ ခံစားခဲ့ရသူတွေကတော့ Samsung ရဲ့ Chip နဲ့ LCD ထုတ်လုပ်ရေး လုပ်ငန်းခွင်ပိုင်းမှာ လုပ်ကိုင်ခဲ့တဲ့ ဝန်ထမ်းတွေပဲ ဖြစ်ပါတယ်။

Samsung Electronic ရဲ့ ဥက္ကဋ္ဌနဲ့ စီအီးအို ကင်မ်ကီနမ်က “ချစ်ခင်ရပါတဲ့ လုပ်ဖော်ကိုင်ဖက်များနဲ့ မိသားစုဝင်များ အားလုံးဟာ အချိန်ကာလကြာရှည်စွာ နာကျင်ခံစားခဲ့ကြရပါတယ်။ Samsung Electronic အနေနဲ့ ဒီကိစ္စကို ဂရုတစိုက်နဲ့ စောစောစီးစီး ကိုင်တွယ်ဖြေရှင်းပေးဖို့ ပျက်ကွက်ခဲ့ပါတယ်” လို့ တောင်းပန်မှု ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။

 

“Samsung Electronic ဟာ Chip နဲ့ Liquid-crystal display ထုတ်လုပ်ရေး လုပ်ငန်းခွင်ပိုင်းမှာ ဖြစ်ပေါ်လာနိုင်တဲ့ ကျန်းမာရေးဆိုင်ရာ ထိခိုက်မှုတွေကို ပြည့်ပြည့်ဝဝနဲ့ ပြီးပြည့်စုံအောင် မစီမံနိုင်ခဲ့ပါဘူး။ ဒီနေ့မှှာတော့ လုပ်ငန်းခွင် ဝန်ထမ်းတွေနဲ့ သူတို့ရဲ့ မိသားစုတွေ ခံစားခဲ့ရတဲ့ နာကျင်ခံစားမှုတွေအတွက် လေးလေးနက်နက် တောင်းပန်ပါရစေ” လို့ ကင်မ်ကီနမ်က အလေးအနက် တောင်းပန်သွားခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့ သဘောတူညီချက်အတွက် ရောဂါဝေဒနာကို ခံစားခဲ့ရတဲ့ ဝန်ထမ်းတွေက ဆယ်စုနှစ်တစ်ခုနီးပါး ကြိုးစားခဲ့ရတာ ဖြစ်ပါတယ်။ Hwang Sang-Ki ဟာ ၂၀၀၇ ခုနှစ်တုန်းက Samsung ရဲ့ Chip ထုတ်လုပ်ရေ: စက်ရုံမှာ အလုပ်လုပ်နေခဲ့ပြီး သူ့ရဲ့သားဟာ လူကီးမီးယား နဲ့သေဆုံးခဲ့ရပါတယ်။ သူဟာ အလားတူ ခံစားခဲ့ရတဲ့ ကလေးငယ်တွေနဲ့ ဘဝတူဝန်ထမ်းတွေကို စုစည်းပြီး SHARPS ကမ်ပိန်းကို ဦးဆောင် ပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။

လုပ်ငန်းခွင်ကြောင့် ရောဂါဝေဒနာ ခံစားခဲ့ရတဲ့ ဝန်းထမ်းအရေအတွက်ဟာ ၂၀၀ လောက်ရှိပြီး ၇၀ လောက်ကတော့ သေဆုံးခဲ့ကြရတယ်လို့လည်း သိရပါတယ်။ Samsung ကတော့ ဒီဖြစ်ရပ်အတွက် အများဆုံးပမာဏအဖြစ် ကိုရီးယားဝမ် သန်း ၁၅၀ ဝန်းကျင် (ဒေါ်လာ တစ်သိန်းသုံးသောင်း ဝန်းကျင်) နစ်နာကြေးပေးဖို့ သဘောတူညီခဲ့ပါတယ်။ နစ်နာကြေးထောက်ပံ့မှုကိုတော့ ၂၀၂၈ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့မတိုင်မီ ပြုလုပ်သွားရမှာပဲ ဖြစ်ပါတယ်။

 

Ref: The Verge