[Zawgyi]

Samsung ဟာ Galaxy Fold ကို ေဈးကြက္ထဲ မျဖန႔္ခင္ကေရာ၊ ျဖန႔္ၿပီးခ်ိန္မွာပါ ျပႆနာေပါင္းမ်ားစြာနဲ႔ ေဝဖန္မႈေတြ ႀကဳံေတြ႕ခဲ့ရပါတယ္။ ၿပိဳင္ဘက္ Mate X ထက္အရင္ ေဈးကြက္ထဲဝင္ႏိုင္ခဲ့ေပမယ့္ အခုအခ်ိန္ထိ Galaxy Fold နဲ႔ပတ္သက္ၿပီး အျပစ္အနာအဆာကင္းကင္းနဲ႔ ေအာင္ျမင္ၿပီလို႔ မဆိုႏိုင္ေသးပါဘူး။

ဘယ္လိုပဲ လိုအပ္ခ်က္ေတြရွိရွိ ေတာင္ကိုရီးယားကုမၸဏီႀကီးကေတာ့ လာမယ့္ႏွစ္အတြင္းမွာ Galaxy Fold ဝယ္လိုအား တိုးလာဖို႔ ႀကိဳးစားသြားမွာျဖစ္ၿပီး Foldable ဖုန္းအလုံးေရ ၅ သန္းကေန ၆ သန္း အထိ တင္ပို႔ေရာင္းခ်သြားႏိုင္ဖို႔ ရည္မွန္းထားေၾကာင္း ၿပီးခဲ့တဲ့ ေအာက္တိုဘာလကုန္ပိုင္းေလာက္ကတည္းက ထုတ္ျပန္ေၾကညာခဲ့ပါတယ္။

လြန္ခဲ့တဲ့ ရက္အနည္းငယ္က ဆိုးလ္ၿမိဳ႕မွာ Samsung ရဲ႕ AI ဖိုရမ္ကို စတင္ခဲ့ၿပီး အနာဂတ္နည္းပညာ ဖြံ႕ၿဖိဳးတိုးတက္မႈအေၾကာင္းကို ေဆြးေႏြးခဲ့ၾကပါတယ္။ အဆိုပါပြဲမွာ Samsung ရဲ႕ CEO DJ Koh က “လာမယ့္ႏွစ္မွာ Foldable စမတ္ဖုန္းေတြရဲ႕ေရာင္းအားက သိသိသာသာ တိုးျမင့္လာမယ္” လို႔ အတည္ျပဳေပးသြားခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ေပါက္ၾကားမႈမွာေတာ့ Samsung ဟာ W20 5G ေခါက္ဖုန္းအမ်ိဳးအစားကို တ႐ုတ္ႏိုင္ငံမွာ မိတ္ဆက္သြားမယ္လို႔ သိခဲ့ရပါတယ္။ Foldable မ်က္ႏွာျပင္နဲ႔ ေခတ္ေဟာင္းေခါက္ဖုန္းပုံစံ W20 5G ကလည္း Samsung ရဲ႕ ရည္မွန္းခ်က္ ေဖာ္ေဆာင္မႈမွာ အဓိကေနရာက ပါဝင္ေနဖြယ္ ရွိပါတယ္။ ဒါ့အျပင္ ဒီတစ္ေခါက္ W20 5G clamshell ဖုန္းကို တ႐ုတ္ႏိုင္ငံျပင္ပ ေဈးကြက္ေတြဆီ တိုးခ်ဲ႕ပို႔ေဆာင္သြားဖြယ္လည္း ရွိေနတာပါ။

Galaxy Fold ဟာ ျမန္မာေငြ သိန္းသုံးဆယ္ အထက္မွာရွိေနတာေၾကာင့္ ေဈးႀကီးတယ္ဆိုရမွာျဖစ္သလို၊ W20 5G ရဲ႕တန္ဖိုးကလည္း ျမန္မာေငြ သိန္း၂၀ ဝန္းက်င္ေလာက္မွာ ရွိေနႏိုင္တာေၾကာင့္ ေပါ့ေသးေသးေတာ့ မဟုတ္ပါဘူး။ Galaxy Fold ရဲ႕ မ်က္ႏွာျပင္ဟာ ေခါက္႐ိုးေၾကာင္းေနရာမွာ ျပႆနာရွိေနၿပီး အခုအခ်ိန္ထိအျပည့္အဝေကာင္းမြန္ေနၿပီလို႔ မဆိုႏိုင္ေသးပါဘူး။

ဒါ့အျပင္ Samsung အေနနဲ႔ ပါးလႊာၿပီး အႀကိမ္ႀကိမ္ေခါက္လိုက္ျဖန႔္လိုက္လုပ္တဲ့ဒဏ္ကို ခံႏိုင္ရည္ရွိတဲ့ မ်က္ႏွာျပင္မ်ိဳးကို အလုံးလိုက္အရင္းလိုက္ထုတ္လုပ္ဖို႔ အခ်ိန္တစ္ခုလိုအပ္ေနပါေသးတယ္။ Galaxy Fold အေနနဲ႔ Mate X နဲ႔ ေဈးကြက္ခ်င္းယွဥ္သလို W205G လည္း Motorola RAZR နဲ႔ ပုခုံးခ်င္းယွဥ္လာမလားဆိုတာကေတာ့ ေစာင့္ၾကည့္ရဦးမွာပါ။

Ref: GSM Arena

[Unicode]

၂၀၂၀ မှာ Foldable ရောင်းအား သိသိသာသာတိုးမြင့်လာဖို့ ပစ်မှတ်ထားနေတဲ့ Samsung

Samsung ဟာ Galaxy Fold ကို ဈေးကွက်ထဲ မဖြန့်ခင်ကရော၊ ဖြန့်ပြီးချိန်မှာပါ ပြဿနာပေါင်းများစွာနဲ့ ဝေဖန်မှုတွေ ကြုံတွေ့ခဲ့ရပါတယ်။ ပြိုင်ဘက် Mate X ထက်အရင် ဈေးကွက်ထဲဝင်နိုင်ခဲ့ပေမယ့် အခုအချိန်ထိ Galaxy Fold နဲ့ပတ်သက်ပြီး အပြစ်အနာအဆာကင်းကင်းနဲ့ အောင်မြင်ပြီလို့ မဆိုနိုင်သေးပါဘူး။

ဘယ်လိုပဲ လိုအပ်ချက်တွေရှိရှိ တောင်ကိုရီးယားကုမ္ပဏီကြီးကတော့ လာမယ့်နှစ်အတွင်းမှာ Galaxy Fold ဝယ်လိုအား တိုးလာဖို့ ကြိုးစားသွားမှာဖြစ်ပြီး Foldable ဖုန်းအလုံးရေ ၅ သန်းကနေ ၆ သန်း အထိ တင်ပို့ရောင်းချသွားနိုင်ဖို့ ရည်မှန်းထားကြောင်း ပြီးခဲ့တဲ့ အောက်တိုဘာလကုန်ပိုင်းလောက်ကတည်းက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဆိုးလ်မြို့မှာ Samsung ရဲ့ AI ဖိုရမ်ကို စတင်ခဲ့ပြီး အနာဂတ်နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုအကြောင်းကို ဆွေးနွေးခဲ့ကြပါတယ်။ အဆိုပါပွဲမှာ Samsung ရဲ့ CEO DJ Koh က “လာမယ့်နှစ်မှာ Foldable စမတ်ဖုန်းတွေရဲ့ရောင်းအားက သိသိသာသာ တိုးမြင့်လာမယ်” လို့ အတည်ပြုပေးသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ပေါက်ကြားမှုမှာတော့ Samsung ဟာ W20 5G ခေါက်ဖုန်းအမျိုးအစားကို တရုတ်နိုင်ငံမှာ မိတ်ဆက်သွားမယ်လို့ သိခဲ့ရပါတယ်။ Foldable မျက်နှာပြင်နဲ့ ခေတ်ဟောင်းခေါက်ဖုန်းပုံစံ W20 5G ကလည်း Samsung ရဲ့ ရည်မှန်းချက် ဖော်ဆောင်မှုမှာ အဓိကနေရာက ပါဝင်နေဖွယ် ရှိပါတယ်။ ဒါ့အပြင် ဒီတစ်ခေါက် W20 5G clamshell ဖုန်းကို တရုတ်နိုင်ငံပြင်ပ ဈေးကွက်တွေဆီ တိုးချဲ့ပို့ဆောင်သွားဖွယ်လည်း ရှိနေတာပါ။

Galaxy Fold ဟာ မြန်မာငွေ သိန်းသုံးဆယ် အထက်မှာရှိနေတာကြောင့် ဈေးကြီးတယ်ဆိုရမှာဖြစ်သလို၊ W20 5G ရဲ့တန်ဖိုးကလည်း မြန်မာငွေ သိန်း၂၀ ဝန်းကျင်လောက်မှာ ရှိနေနိုင်တာကြောင့် ပေါ့သေးသေးတော့ မဟုတ်ပါဘူး။ Galaxy Fold ရဲ့ မျက်နှာပြင်ဟာ ခေါက်ရိုးကြောင်းနေရာမှာ ပြဿနာရှိနေပြီး အခုအချိန်ထိအပြည့်အဝကောင်းမွန်နေပြီလို့ မဆိုနိုင်သေးပါဘူး။

ဒါ့အပြင် Samsung အနေနဲ့ ပါးလွှာပြီး အကြိမ်ကြိမ်ခေါက်လိုက်ဖြန့်လိုက်လုပ်တဲ့ဒဏ်ကို ခံနိုင်ရည်ရှိတဲ့ မျက်နှာပြင်မျိုးကို အလုံးလိုက်အရင်းလိုက်ထုတ်လုပ်ဖို့ အချိန်တစ်ခုလိုအပ်နေပါသေးတယ်။ Galaxy Fold အနေနဲ့ Mate X နဲ့ ဈေးကွက်ချင်းယှဉ်သလို W205G လည်း Motorola RAZR နဲ့ ပုခုံးချင်းယှဉ်လာမလားဆိုတာကတော့ စောင့်ကြည့်ရဦးမှာပါ။

Ref: GSM Arena