Samsung ဟာ သူတို့ရဲ့ In-house Exynos 2200 chip အတွက် AMD GPU ကို စမ်းသပ်နေပါတယ်။ ဒီ Chip ဟာ အနည်းဆုံးတော့ Galaxy S22 range ထဲက အမျိုးအစားတစ်ခုခုမှာ အသုံးပြုလာမယ်လို့ မျှော်လင့်ရပါတယ်။ ထွက်ပေါ်လာတဲ့ စမ်းသပ်ချက်ရလဒ်ကတော့ မျက်ခုံးပင့်စရာပါပဲ။

တောင်ကိုရီးယားရဲ့ Clien message board နဲ့ Tron တို့မှာ ဖော်ပြထားတဲ့ နောက်ဆုံးထွက် Graphics benchmark ရမှတ်တွေအရ ဒါဟာ Apple A14 Bionic chip, M1 processor တို့နဲ့ ပုခုံးချင်းယှဉ်နိုင်တဲ့ အနေအထားရှိလာလိမ့်မယ်လို့ နည်းပညာမီဒီယာအတော်များများကလည်း အလေးပေးဖော်ပြထားခဲ့ပြီး ဖြစ်ပါတယ်။

Samsung AMD GPU benchmark စမ်းသပ်မှုကို ပြီးခဲ့တဲ့ ဇွန်လမှာ ပြုလုပ်ခဲ့တာပါ။ GPU မှာ Compute Unit (CU) ဟာ 1.31Ghz clocked ရှိပါတယ်။ Perform လုပ်တာက Manhattan 3.1: 170.7 Fps, Aztec Normal: 121.4 Fps, Aztec High: 51.5 Fps ဖြစ်ပါတယ်။ A14 သုံးထားတဲ့ iPhone 12 Pro ရဲ့ GFXBench က Manhattan 3.1: 146.4 Fps, Aztec Normal: 109.2 Fps, Aztec High: 39.9 Fps ဖြစ်ပါတယ်။

ပြောရရင် ဒီနှစ်အစောပိုင်းက တင်ခဲ့တဲ့ Benchmark ရလဒ်က ပိုပြီးအားရစရာကောင်းပါတယ်။ Samsung ဟာ အပူလွန်ကဲမှုပြဿနာတွေကို ကာကွယ်ဖို့အတွက် စွမ်းဆောင်ရည်ကောင်းကို အသုံးပြုထားတာပါ။ တစ်ဘက်မှာတော့ Apple ရဲ့ iPhone 13 range ကလည်း A15 Bionic chip နဲ့ ရှေ့ကိုတစ်လှမ်းတိုးထားတာကို မမေ့သင့်ပါဘူး။ ဒါကြောင့် ဘယ်သူက အပြတ်အသတ်ဦးဆောင်သွားမယ်ဆိုတာမျိုး ပြောလို့မရသေးပါဘူး။

Samsung အနေနဲ့ ARM ရဲ့ CPU cores ကိုရွေးချယ်လိုက်တဲ့အခါ ပိုကောင်းတဲ့အဖြေကိုတွေ့လာရပေမဲ့ ဂရပ်ဖစ်စွမ်းဆောင်ရည်မှာတော့ ပြဿနာအချို့ရှိနေဆဲပါပဲ။ ARM ရဲ့ Mali GPU တွေဟာ Qualcomm ရဲ့ Adreno GPU လောက်တော့ မမြန်တာအမှန်ပါပဲ။

Ref: Phone Arena