Huawei ဟာ အခုအချိန်မှာ US အစိုးရရဲ့ ပိတ်ဆို့မှုတွေကို ဆက်တိုက်ခံစားနေရတာဖြစ်ပြီး ပြီးခဲ့တဲ့လပိုင်းတုန်းကလည်း TSMC ကနေ Chip တွေထောက်ပံ့ပေးမှုကို ဖြတ်တောက်ခံခဲ့ရပါတယ်။ အဲ့ဒီအတွက် လက်ရှိအချိန်မှာ Huawei ကနေ ကိုယ်ပိုင် Kirin Chipset တွေထုတ်လုပ်နိုင်ဖို့ခက်ခဲနေပြီဖြစ်ပါတယ်။

အခုလည်း တောင်ကိုရီးယားစမတ်ဖုန်းထုတ်လုပ်သူတွေဖြစ်တဲ့ Samsung နဲ့ LG တို့ကနေ Huawei အတွက် Premium Smartphone Display တွေကို ထောက်ပံ့ပေးမှုကို ရပ်ဆိုင်းလိုက်ဖို့ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ရပ်ဆိုင်းမှုဟာ လာမယ့်စက်တင်ဘာ ၁၅ ရက်နေ့ကစတင်ပြီး အကျုံးဝင်မှာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ Huawei ဟာ Mid Range ဖုန်းတွေအတွက် တရုတ် Display ကုမ္ပဏီတွေဖြစ်တဲ့ BOE Display နဲ့ တခြားသော ကုမ္ပဏီတွေကို မှီခိုနေပေမယ့် Flagship ဖုန်းတွေအတွက်ကတော့ Samsung နဲ့ LG ဆီကပါ Display တွေ ဝယ်ယူသုံးစွဲနေတာဖြစ်ပါတယ်။ လာမယ့် Mate 40 Series အတွက်လည်း Samsung နဲ့ LG Display တွေကိုပါ ဝယ်ယူအသုံးပြုမယ်လို့ သတင်းထွက်ရှိထားပေမယ့် အခုအချိန်မှာတော့ မဖြစ်နိုင်တော့တဲ့ပုံစံပါပဲ။

ဒါတင်မဟုတ်သေးဘဲ Samsung နဲ့ SK Hynix ကုမ္ပဏီတွေကလည်း တခြားသော Chip အစိတ်အပိုင်းတွေဖြစ်တဲ့ RAM တွေ၊ Flash Storage တွေကို ထောက်ပံ့ပေးဖို့ကို ဖြတ်တောက်ဖို့အထိ ပြုလုပ်ဖို့ရှိနေတယ်လို့ သိရပါတယ်။ ဒါက Huawei အတွက်တော့ ကြီးမားတဲ့ထိခိုက်မှုတစ်ခုဖြစ်လာနိုင်ပြီး Quality ကောင်းမွန်တဲ့ ကုမ္ပဏီကြီးတွေအစား တရုတ်နိုင်ငံတွင်း ကုမ္ပဏီတွေပေါ်မှာပဲ မှီခိုရတော့မှာဖြစ်ပါတယ်။

သုံးသပ်သူတွေကတော့ Huawei ဟာ လက်ရှိအတိုင်းဆက်သွားမယ်ဆိုရင် လာမယ့် ၂၀၂၁ ခုနှစ်မှာ စမတ်ဖုန်းထုတ်လုပ်မှုသိသိသာသာလျော့ကျသွားနိုင်ပြီး တစ်နှစ်တာလုံးမှ စမတ်ဖုန်းအလုံးရေ သန်း ၅၀ ကျော်ပဲ ရောင်းချနိုင်လိမ့်မယ်လို့ ပြောကြားထားပါတယ်။

Ref – Android Authority