Tesla က လျှပ်စစ်ကား နယ်ပယ်မှာ ပိုမိုအားကောင်းလာဖို့ ကြိုးစားနေပါတယ်။ ကုမ္ပဏီဟာ နည်းပညာအပိုင်း အထူးသဖြင့် မောင်းသူမဲ့ နည်းပညာမှာ ထိပ်တန်းက ဦးဆောင်နေပါတယ်။ ဒါပေမယ့် ရောင်းအားမှာ တရုတ်က BYD က ဦးဆောင်နေပါတယ်။ အခုတော့ ဒါဟာ အပြောင်းအလဲ ဖြစ်လာနိုင်ပါတယ်။ လျှပ်စစ်ကားဈေးကွက်ကို ဦးဆောင်ဖို့အတွက် Tesla ဟာ Samsung နဲ့ ပူးပေါင်းဖို့ မကြာခင်က ဆွေးနွေးခဲ့ပါတယ်။

မကြာခင်က Samsung  ဥက္ကဌ Lee Jae-yong နဲ့ Tesla CEO Elon Musk တို့ဟာ အစည်းအဝေးပြုလုပ်ခဲ့ကြပါတယ်။ ကုမ္ပဏီ ၂ ခု ပူးပေါင်းပြီး လျှပ်စစ်ကားနဲ့ နည်းပညာနယ်ပယ်တွေမှာ တိုးတက်အောင်လုပ်ဆောင်ဖို့ ဖြစ်နိုင်ပါတယ်။

Tesla and Samsung Electronics execs meet to discuss potential cooperation

အစည်းအဝေးမှာ အဓိက ဆွေးနွေးကြတာက မောင်းသူမဲ့ ကားနည်းပညာနဲ့ Semiconductor Chip အကြောင်း ဖြစ်ပါတယ်။ Samsung ဟာ ကမ္ဘာမှာ အကြီးမားဆုံး Semiconductor ထုတ်လုပ်သူတွေထဲက ၁ ခု ဖြစ်တဲ့အတွက် Tesla က အဲဒီ နည်းပညာတွေကို အသုံးချချင်ပုံရပါတယ်။ ကုမ္ပဏီ ၂ ခုက ဒီအကြောင်းကို တရားဝင် မပြောသေးပါဘူး။

Samsung နဲ့ Tesla တို့ဟာ အရင်ကလည်း ပူးပေါင်းမှုတွေ ပြုလုပ်ခဲ့ကြဖူးပါတယ်။ မောင်းသူမဲ့ ကား နည်းပညာမှာ ပူးပေါင်းခဲ့ကြပြီး Samsung ဟာ Tesla အတွက် ပထမဆုံး ကား ကင်မရာ ဆန်ဆာ ဖြစ်တဲ့ ISOCELL Auto 4AC ကို ထောက်ပံ့ပေးခဲ့ပါတယ်။ ဒါ့အပြင် Samsung ဟာ လျှပ်စစ်ကားတွေအတွက် ဘက်ထရီနဲ့ ယာဉ်မောင်းခန်း အစိတ်အပိုင်းတွေကို ထုတ်လုပ်ပေးခဲ့ပါတယ်။

Ref : gizmochina