Samsung က အခုနောက်ပိုင်းမှာ Sony နဲ့ အပြိုင် Camera Sensor တွေကိုထုတ်လုပ်လာတာပဲဖြစ်ပါတယ်။ လက်ရှိအချိန်မှာလည်း Samsung စမတ်ဖုန်းတွေက ကင်မရာပိုင်းကောင်းမွန်တဲ့ စမတ်ဖုန်းတွေအဖြစ်သတ်မှတ်ခံထားရပြီး အထူးသဖြင့် အလင်းရောင်နည်းပါးတဲ့ အခြေအနေတွေမှာအကောင်းဆုံးရိုက်ကူးနိုင်တဲ့ ကင်မရာစနစ်တွေအဖြစ်သတ်မှတ်ခံထားရတာဖြစ်ပါတယ်။

အခုအချိန်မှာ Samsung ကနေ သူရဲ့ Samsung ဖုန်းတွေတင်မကပဲ အခြားစမတ်ဖုန်းတွေအတွက်ပါ အသုံးပြုနိုင်အောင် Dual Camera Sensor ၂ မျိုးကိုထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။ အခု Dual Camera တွေဟာ Highend စမတ်ဖုန်းတွေအတွက် Budget ဖုန်းတွေကို ဦးတည်ရောင်းချသွားမယ်လို့လည်း သိရပါတယ်။

အခု Dual Camera Sensor ၂ခု ရဲ့ အလုပ်လုပ်ပုံလည်း မတူညီကြပဲ ပထမတစ်ခုက Depth-of-field နဲ့ Portrait Shot တွေအတွက် အလုပ်လုပ်မှာဖြစ်ပြီးတော့ 13MP နဲ့ 5MP Camera တွေပါဝင်မှာဖြစ်ပါတယ်။ ဒုတိယတစ်မျိုးကတော့ Low-light Shooting အတွက် အဓိက ဖြစ်ပြီးတော့ 8MP Camera ၂ ခုပါဝင်မှာဖြစ်ပါတယ်။

Samsung ကတော့ အခုထုတ်လုပ်ထားတဲ့ Dual Camera စနစ် ၂ ခုဟာ လက်ရှိဈေးကွက်ထဲမှာရှိတဲ့ Dual Camera တွေထဲမှာ အကောင်းဆုံးသော Dual Camera Setup တွေဖြစ်ပြီးတော့ အခုလိုမျိုး ထုတ်လုပ်လိုက်တဲ့အတွက်မကြာခင်မှာ ဈေးနှုန်းသက်သာပြီး အရည်အသွေးကောင်းမွန်တဲ့ Dual Camera ဖုန်းတွေကို တွေ့မြင်ရတော့မှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။