Zawgyi

Samsung ကေန အခုအခ်ိန္မွာ 5G ကို အသုံးျပဳႏိုင္တဲ့ Galaxy S10 5G ၊ Galaxy Note 10 5G နဲ႔ Note 10+ 5G ေတြအျပင္ Mid Range ဖုန္းအေနနဲ႔ထြက္လာတဲ့ Galaxy A90 5G ကိုပါ မိတ္ဆက္ထားၿပီးၿပီျဖစ္ပါတယ္။ ဒါေပမယ့္ ၾကည့္ရတာ Samsung အေနနဲ႔ 5G ကို အသုံးျပဳႏိုင္တဲ့ Devices ေတြကို ထပ္ၿပီး မိတ္ဆက္သြားေတာ့မယ့္ပုံစံပါပဲ။

ဘာေၾကာင့္လဲဆိုရင္ အခုအခ်ိန္မွာ Samsung ကေန Mid Range စမတ္ဖုန္းေတြအတြက္ 5G Modem ပါဝင္ၿပီးသား Exynos 980 အမည္ရွိတဲ့ Mobile Processor တစ္ခုကို မိတ္ဆက္လိုက္တာေၾကာင့္ပါ။ ယခင္တုန္းက 5G ဖုန္းေတြက Exynos 5100 ဒါမွမဟုတ္ Snapdragon X50 5G Modem ကို အသုံးျပဳခဲ့တာျဖစ္ေပမယ့္ အခုအခ်ိန္မွာေတာ့ သီးျခား Modem ကို သုံးေနစရာမလိုေတာ့ပါဘူး။

အခု Exynos 980 Processor က ပထမဆုံးအေနနဲ႔ 5G Modem ပါဝင္ၿပီးသား Mobile Processor ျဖစ္လာသလို လာမယ့္ စက္တင္ဘာလ ၆ ရက္ေန႔မွာ မိတ္ဆက္သြားမယ့္ Huawei Kirin 990 Processor ကလည္း အခုလိုပဲ 5G Modem ပါဝင္ၿပီးျဖစ္လာမွာပါ။ ဒါေပမယ့္ ကမာၻ႔ပထမဆုံးအေနနဲ႔ကေတာ့ Samsung က ရရွိသြားတာျဖစ္ပါတယ္။

Specification ပိုင္းအေနနဲ႔ဆိုရင္ Exynos 980 Processor က Octa Core Processor အမ်ိဳးအစားျဖစ္ၿပီး Performance အေနနဲ႔ကေတာ့ အျမင့္ဆုံး 2.2GHz Clock Speed ပဲရွိမွာပါ။ 8nm Architecture ကို အေျခခံထားၿပီး GPU အေနနဲ႔ Mali-G76 MP5 ကို အသုံးျပဳထားတယ္လို႔လည္း သိရပါတယ္။

Camera အေနနဲ႔ကေတာ့ 108MP Single Camera ကို Support ေပးႏိုင္သလို Dual 20MP Camera ေတြကိုလည္း Support ရရွိမွာပါ။ Video Recording မွာလည္း 4K 120fps Video ေတြအထိ ႐ိုက္ႏိုင္တဲ့အတြက္ေတာ္ေတာ္ကို အဆင္ေျပတယ္လို႔ေျပာရမွာပါ။ Display အေနနဲ႔ကေတာ့ QHD+ Resolution အထိ သုံးႏိုင္ဦးမွာပါ။

အခု Exynos 980 Processor သုံးထားတဲ့ စမတ္ဖုန္းေတြကို လာမယ့္ ၂၀၁၉ ႏွစ္ကုန္ပိုင္းမွာ စတင္ထုတ္လုပ္သြားမွာျဖစ္တဲ့အတြက္ လာမယ့္ ၂၀၂၀ ႏွစ္စပိုင္းမွာ ဖုန္းေတြမွာ စတင္ေတြ႕လာႏိုင္ပါတယ္။

Ref – GSM Arena

Unicode

Samsung ကနေ အခုအချိန်မှာ 5G ကို အသုံးပြုနိုင်တဲ့ စမတ်ဖုန်းတွေဖြစ်တဲ့ Galaxy S10 5G ၊ Galaxy Note 10 5G နဲ့ Note 10+ 5G တွေအပြင် Mid Range ဖုန်းတစ်ခုအနေနဲ့ထွက်လာတဲ့ Galaxy A90 ကိုပါ 5G အနေနဲ့ မိတ်ဆက်ထားပြီးပြီဖြစ်ပါတယ်။ ဒါပေမယ့် ကြည့်ရတာ Samsung အနေနဲ့ 5G ကို အသုံးပြုနိုင်တဲ့ Devices တွေကို ထပ်ပြီး မိတ်ဆက်သွားတော့မယ့်ပုံစံပါပဲ။

ဘာကြောင့်လဲဆိုရင် အခုအချိန်မှာ Samsung ကနေ Mid Range စမတ်ဖုန်းတွေအတွက် 5G Modem ပါဝင်ပြီးသား Exynos 980 အမည်ရှိတဲ့ Mobile Processor တစ်ခုကို မိတ်ဆက်လိုက်တာကြောင့်ပါ။ ယခင်တုန်းက 5G ဖုန်းတွေက Exynos 5100 ဒါမှမဟုတ် Snapdragon X50 5G Modem ကို အသုံးပြုခဲ့တာဖြစ်ပေမယ့် အခုအချိန်မှာတော့ သီးခြား Modem ကို သုံးနေစရာမလိုတော့ပါဘူး။

အခု Exynos 980 Processor က ပထမဆုံးအနေနဲ့ 5G Modem ပါဝင်ပြီးသား Mobile Processor လည်းဖြစ်လာပြီး လာမယ့် စက်တင်ဘာလ ၆ ရက်နေ့မှာ မိတ်ဆက်သွားမယ့် Huawei Kirin 990 Processor ကလည်း အခုလိုပဲ 5G Modem ပါဝင်ပြီးဖြစ်လာမှာပါ။ ဒါပေမယ့် ကမ္ဘာ့ပထမဆုံးအနေနဲ့ကတော့ Samsung က ရရှိသွားတာဖြစ်ပါတယ်။

Specification ပိုင်းအနေနဲ့ဆိုရင် Exynos 980 Processor က Octa Core Processor အမျိုးအစားဖြစ်ပြီး Performance အနေနဲ့ကတော့ အမြင့်ဆုံး 2.2GHz Clock Speed ပဲရှိမှာပါ။ 8nm Architecture ကို အခြေခံထားပြီးတော့ GPU အနေနဲ့ Mali-G76 MP5 ကို အသုံးပြုထားတယ်လို့လည်း သိရပါတယ်။

Camera အနေနဲ့ကတော့ 108MP Single Camera ကို Support ပေးနိုင်သလို Dual 20MP Camera တွေကိုလည်း Support ရရှိမှာပါ။ Video Recording မှာလည်း 4K 120fps Video တွေအထိ ရိုက်နိုင်တဲ့အတွက်တော်တော်ကို အဆင်ပြေတယ်လို့ပြောရမှာပါ။ Display အနေနဲ့ကတော့ QHD+ Resolution အထိ သုံးနိုင်ဦးမှာပါ။

အခု Exynos 980 Processor သုံးထားတဲ့ စမတ်ဖုန်းတွေကို လာမယ့် ၂၀၁၉ နှစ်ကုန်ပိုင်းမှာ စတင်ထုတ်လုပ်သွားမှာဖြစ်တဲ့အတွက် လာမယ့် ၂၀၂၀ နှစ်စပိုင်းမှာ ဖုန်းတွေမှာ စတင်တွေ့လာနိုင်ပါတယ်။

Ref – GSM Arena