Samsung ကနေ Galaxy Tab Active 2 ဆိုတဲ့ Android Tablet အသစ်တစ်ခုကို မိတ်ဆက်လိုက်ပြီး Active ဆိုတဲ့နာမည်အတိုင်း ရေစိုခံ Tablet တစ်ခုဖြစ်တဲ့အပြင် အခြားသော အကောင်းစား Feature တွေလည်း ပါဝင်နေပါသေးတယ်။

အခုထွက်ရှိလာတဲ့ Galaxy Tab Active 2 Tablet မှာဆိုရင် ၈ လက်မအရွယ် HD Display ပါဝင်မှာဖြစ်ပြီးတော့ IP 68 Rating ရှိတဲ့အတွက် ရေအနက် ၁ မီတာမှာ မိနစ် ၃၀ အစိမ်ခံမှာဖြစ်ပြီးတော့ ဖုန်မှုန့်တွေဝင်ရောက်ခြင်းကနေလည်းတားဆီးပေးမှာဖြစ်ပါတယ်။ ဒါတင်ပဲလားဆိုတော့မဟုတ်သေးပါဘူး။ Military Standard STD-810 Certificate ရရှိထားတဲ့အတွက် သာမန်လွတ်ကျတာတွေကိုပါ ခံနိုင်ရည်ရှိမှာဖြစ်ပြီး Touch Screen က လက်အိတ်နဲ့တောင်သုံးလို့ရလောက်အောင် Sensitive ဖြစ်နေမှာပါ။

Galaxy Tab Active 2 မှာဆိုရင် Exynos Octa Core CPU, RAM 3GB နဲ့ Storage 16GB ပါပြီးတော့ MicroSD ကနေလည်းထပ်တိုးလို့ရဦးမှာပါ။ တခြား Features တွေဖြစ်တဲ့ Fingerprint Scanner ၊ Bixby Assistant ၊ S Pen ၊ Stereo Speakers တွေလည်း အပြည့်အစုံပါဝင်ပြီးတော့ Back Camera 8MP နဲ့ Front Camera 5MP ပါဝင်မှာဖြစ်ပါတယ်။

အခုလို Features တွေ စုံလင်ပြီး အကြမ်းခံတဲ့ Samsung Galaxy Tab Active 2 မှာ တခြား Tablet တွေမှာ တွေ့ရခဲတဲ့ Feature တစ်ခုလည်း ပါပါသေးတယ်။ အဲ့ဒါကတော့ Battery ကို ဖြုတ်ပြီးလဲလှယ်နိုင်တာပဲဖြစ်ပါတယ်။ အခုလိုမျိုး Battery အသေတပ်ထားတဲ့ Mobile Devices တွေကြားမှာ ဒီအချက်က အားသာချက်ဖြစ်နေမှာပါ။

အခု Samsung Galaxy Tab Active 2 ရဲ့ အကြမ်းဖြင်းဈေးကတော့ ယူရို ၅၀၀ ခန့်ရှိမှာဖြစ်တယ်လို့ သိရပါတယ်။