Zawgyi

Samsung ရဲ႕ Flagship Android Tablet တစ္ခုျဖစ္တဲ့ Galaxy Tab S6 ကို အခုအခ်ိန္မွာေတာ့ တရားဝင္မိတ္ဆက္လုိက္ျပီပဲျဖစ္ပါတယ္။ Samsung ဟာ မႏွစ္တုန္းက Galaxy Tab S4 ကို မိတ္ဆက္ခဲ့ေပမယ့္ ဒီႏွစ္မွာေတာ့ Tab S5 အစား Tab S6 ကို ေက်ာ္ျပီး မိတ္ဆက္လာခဲ့တာလည္းျဖစ္ပါတယ္။

အခုမိတ္ဆက္လုိက္တဲ့ Samsung Galaxy Tab S6 ဟာ လက္ရွိအခ်ိန္မွာ အေကာင္းဆံုးေသာ Android Tablet တစ္ခုျဖစ္လာႏုိင္ျပီး ယခင္တုန္းက ထြက္ရွိထားတဲ့ Galaxy Tab S5e နဲ႔ ယွဥ္ရင္ေတာင္မွ အားသာခ်က္ေတြေတာ္ေတာ္မ်ားမ်ားပါဝင္ေနတာျဖစ္ပါတယ္။

အရင္ဆံုးအေနနဲ႔ Processor ကို Qualcomm Snapdragon 855 Processor ကို အသံုးျပဳထားျပီးေတာ့ RAM 6GB၊ 128GB ဒါမွမဟုတ္ RAM 8GB ၊ 256GB ပါဝင္မွာျဖစ္ပါတယ္။ Storage မေလာက္ရင္လည္း MicroSD Card Slot ကေန ထပ္တုိးႏုိင္ဦးမွာပါ။ အဲ့ဒီအတြက္ စြမ္းေဆာင္ရည္ပုိင္းကေတာ့ လံုးဝကို Flagship Level ရွိတယ္လုိ႔ ေျပာရမွာပါ။

Display အေနနဲ႔လည္း 10.5″ QHD+ (2560×1600) 16:10 OLED Display ကို အသံုးျပဳထားျပီးေတာ့ Security ပုိင္းအတြက္ Under-Display Fingerprint ကိုလည္း ထည့္သြင္းထားပါေသးတယ္။

Camera ပိုင္းအေနနဲ႔ကေတာ့ Samsung Tablet ေတြထဲမွာ ပထမဆံုးအေနနဲ႔ Dual Back Camera ကို အသံုးျပဳထားျပီး 13MP Primary Sensor အျပင္ 123-degree Ultra-wide 5MP Sensor ပါဝင္မွာျဖစ္ပါတယ္။ Selfie Camera အေနနဲ႔ကေတာ့ 8MP Sensor ပါဝင္မွာျဖစ္ပါတယ္။

Battery အေနနဲ႔ကေတာ့ 7040mAh Battery ပါဝင္မွာျဖစ္ျပီး S Pen မွာလည္း Galaxy Note 9 တုန္းကလုိမ်ိဳး Bluetooth Feature နဲ႔အတူ Battery လည္းပါဝင္မွာပါ။ အဲ့ဒီအတြက္ S Pen ကို အားျပန္သြင္းဖုိ႔အတြက္က Tablet ရဲ႕ ေနာက္ေက်ာဘက္မွာရွိတဲ့ Magnetic Charging Dock မွာ ၁၀ မိနစ္ျပန္ထားဖုိ႔လုိအပ္မွာျဖစ္ျပီး တစ္ခါအားသြင္းထားရင္ တစ္ေနကုန္သံုးႏုိင္မယ္လုိ႔ သိရပါတယ္။

ဒါ့အျပင္ Samsung Galaxy Tab S6 မွာ Samsung DeX နဲ႔ Laptop တစ္ခုလုိ အသံုးျပဳႏုိင္ဖုိ႔အတြက္ $179 တန္ Keyboard Cover ကိုပါ ေရာင္းခ်သြားမွာျဖစ္ပါတယ္။

ဒီ Samsung Galaxy Tab S6 ကိုေတာ့ လာမယ့္ ၾသဂုတ္လ ၂၃ ရက္ေန႔ကေန စတင္ျပီးေတာ့ $649 (ျမန္မာေငြ ၉၇၈,၀၀၀ က်ပ္ ဝန္းက်င္) နဲ႔ Pre-order မွာယူႏုိင္မွာျဖစ္ျပီး လာမယ့္ စက္တင္ဘာလ ၈ ရက္ေန႔မွာ စတင္ေရာင္းခ်သြားမယ္လုိ႔ သိရပါတယ္။

Ref – Android Police

Unicode

Samsung ရဲ့ Flagship Android Tablet တစ်ခုဖြစ်တဲ့ Galaxy Tab S6 ဟာ အခုအချိန်မှာတော့ တရားဝင်မိတ်ဆက်လိုက်ပြီပဲဖြစ်ပါတယ်။ Samsung ဟာ မနှစ်တုန်းက Galaxy Tab S4 ကို မိတ်ဆက်ခဲ့ပေမယ့် ဒီနှစ်မှာတော့ Tab S5 အစား Tab S6 ကို ကျော်ပြီး မိတ်ဆက်လာခဲ့တာလည်းဖြစ်ပါတယ်။

အခုမိတ်ဆက်လိုက်တဲ့ Samsung Galaxy Tab S6 ဟာ လက်ရှိအချိန်မှာ အကောင်းဆုံးသော Android Tablet တစ်ခုဖြစ်လာနိုင်ပြီး ယခင်တုန်းက ထွက်ရှိထားတဲ့ Galaxy Tab S5e နဲ့ ယှဉ်ရင်တောင်မှ အားသာချက်တွေတော်တော်များများပါဝင်နေတာဖြစ်ပါတယ်။

အရင်ဆုံးအနေနဲ့ Processor ကို Qualcomm Snapdragon 855 Processor ကို အသုံးပြုထားပြီးတော့ RAM 6GB၊ 128GB ဒါမှမဟုတ် RAM 8GB ၊ 256GB ပါဝင်မှာဖြစ်ပါတယ်။ Storage မလောက်ရင်လည်း MicroSD Card Slot ကနေ ထပ်တိုးနိုင်ဦးမှာပါ။ အဲ့ဒီအတွက် စွမ်းဆောင်ရည်ပိုင်းကတော့ လုံးဝကို Flagship Level ရှိတယ်လို့ ပြောရမှာပါ။

Display အနေနဲ့လည်း 10.5″ QHD+ (2560×1600) 16:10 OLED Display ကို အသုံးပြုထားပြီးတော့ Security ပိုင်းအတွက် Under-Display Fingerprint ကိုလည်း ထည့်သွင်းထားပါသေးတယ်။

Camera ပိုင်းအနေနဲ့ကတော့ Samsung Tablet တွေထဲမှာ ပထမဆုံးအနေနဲ့ Dual Back Camera ကို အသုံးပြုထားပြီးတော့ 13MP Primary Sensor အပြင် 123-degree Ultra-wide 5MP Sensor ပါဝင်မှာဖြစ်ပါတယ်။ Selfie Camera အနေနဲ့ကတော့ 8MP Sensor ပါဝင်မှာဖြစ်ပါတယ်။

Battery အနေနဲ့ကတော့ 7040mAh Battery ပါဝင်မှာဖြစ်ပြီး S Pen မှာလည်း Galaxy Note 9 တုန်းကလိုမျိုး Bluetooth Feature နဲ့အတူ Battery လည်းပါဝင်မှာပါ။ အဲ့ဒီအတွက် S Pen ကို အားပြန်သွင်းဖို့အတွက်က Tablet ရဲ့ နောက်ကျောဘက်မှာရှိတဲ့ Magnetic Charging Dock မှာ ၁၀ မိနစ်ပြန်ထားဖို့လိုအပ်မှာဖြစ်ပြီး တစ်ခါအားသွင်းထားရင် တစ်နေကုန်သုံးနိုင်မယ်လို့ သိရပါတယ်။

ဒါ့အပြင် Samsung Galaxy Tab S6 မှာ Samsung DeX နဲ့ Laptop တစ်ခုလို အသုံးပြုနိုင်ဖို့အတွက် $179 တန် Keyboard Cover ကိုပါ ရောင်းချသွားမှာဖြစ်ပါတယ်။

ဒီ Samsung Galaxy Tab S6 ကိုတော့ လာမယ့် သြဂုတ်လ ၂၃ ရက်နေ့ကနေ စတင်ပြီးတော့ $649 နဲ့ Pre-order မှာယူနိုင်မှာဖြစ်ပြီး လာမယ့် စက်တင်ဘာလ ၈ ရက်နေ့မှာ စတင်ရောင်းချသွားမယ်လို့ သိရပါတယ်။

Ref – Android Police