[Zawgyi]





Ref : gsmarena

[Unicode]

Samsung က 120Hz Display Support ပါတဲ့ Exynos 990 ကို ကွညော

Samsung က ဒီနှစ်မှာ အလန်းစား စမတ်ဖုန်းတွေကို ကြေညာခဲ့ပြီးပါပြီ။ အခုတော့ နောက်နှစ်ထုတ် အလန်းစား စမတ်ဖုန်းတွေအတွက် အမိုက်စား Chipset ကို ကြေညာလိုက်ပါတယ်။ Exynos 990 ဖြစ်ပြီး GPU အသစ်ပါလာပါတယ်။ စွမ်းဆောင်ရည်ကလည်း အရမ်းကိုတိုးတက်လာပြီး 120Hz Display Support ပါလာပါတယ်။

7nm EUV Process နဲ့ တည်ဆောက်ထားတာ ဖြစ်ပြီး အရင်မျိုးဆက် Exynos 9820 နဲ့ Exynos 9825 တို့ထက် ၂၀ ရာခိုင်နှုန်း ပိုမြန်လာသလို စွမ်းအင် စားသုံးမှုက နည်းပါးလာပါတယ်။ 990 အတွက် Modem အသစ်ကိုလည်း ကုမ္ပဏီက မိတ်ဆက်လိုက်ပါတယ်။ 5G ဆက်သွယ်မှုပါတဲ့ Exynos Modem 5123 ဖြစ်ပါတယ်။

Samsung က CPU တွေရဲ့ Clock Speeds ကို ပြောလေ့မရှိပါဘူး။ စွမ်းရည်မြင့် Custom Cores ၂ လုံး ၊ စွမ်းရည်မြင့် Cortex A76 Cores ၂ လုံးနဲ့ စွမ်းအင်စားသုံးမှု သက်သာစေတဲ့ Cortex A55 Cores ၄ လုံး ပါလာမှာ ဖြစ်ပါတယ်။ Exynos 990 မှာ Dual-core NPU ထည့်ထားမှာ ဖြစ်ပေမယ့် DSP က ပိုလန်းလာပါတယ်။ Samsung က ၁ စက္ကန့်မှာ တွက်ချက်မှုပေါင်း ၁၀ ထရီလီယမ်ကျော် လုပ်ဆောင်နိုင်တယ်လို့ ပြောပါတယ်။

ဒေတာတွေ လုံခြုံစေဖို့အတွက် NPU ဟာ AI ကို အသုံးပြုမှာ ဖြစ်ပြီး ဒေတာတွေကို ဖုန်းထဲမှာပဲ Process လုပ်မှာပါ။ ဆာဗာနဲ့ အင်တာနက် ဆက်သွယ်မှုကို မှီခိုစရာ မလိုတော့ပါဘူး။ အဲဒီအတွက် Facial Recognition နဲ့ Scene Detection က ပိုမြန်လာမှာပါ။

Ref : gsmarena