Samsung ဟာ Galaxy Ax3 Series စမတ်ဖုန်းတွေကို စတင် ရောင်းချနေပါပြီ။ ပြီးခဲ့တဲ့ လအနည်းငယ်က Galaxy A03s ကို မိတ်ဆက်ခဲ့ပြီး‌နောက် Galaxy A03 Core ကို ပြီးခဲ့တဲ့ ၁ ပတ်က ချပြခဲ့ပါတယ်။ အခုတော့ ရိုးရိုး Galaxy A03 ကို Samsung က ကြေညာလိုက်ပါတယ်။

Samsung Galaxy A03 Featured A

Samsung က Galaxy A03 ရဲ့ Specs တချို့ကိုပဲ ကြေညာထားသေးပါတယ်။ အဲဒီ ဖုန်းဟာ Galaxy A02 ရဲ့ မျိုးဆက် ဖြစ်ပြီး ဒီဇိုင်း ဆန်းသစ်ထားကာ အနောက်ကင်မရာ ၂ လုံး တပ်ဆင်ထားပါတယ်။ Galaxy A03 မှာ ၆.၅ လက်မ Infinity-V HD+ မျက်နှာပြင် ထည့်သွင်းထားပြီး တန်ဖိုးနည်း စမတ်ဖုန်း ဖြစ်တဲ့အတွက် LCD ဖြစ်နိုင်ပါတယ်။

Samsung Galaxy A03 Specs

အမည်မသိရသေးတဲ့ 1.6GHz Octa-core Processor မောင်းနှင်ထားပြီး CPU မှာ 1.6GHz Core ၂ လုံးနဲ့ 1.6GHz Core ၆ လုံး တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၂ လုံး တပ်ဆင်ထားပြီး 48MP Main နဲ့ 2MP Depth တို့ ဖြစ်ပါတယ်။ ဆဲလ်ဖီး ကင်မရာအတွက် 5MP ကို အရွယ်သေး Notch မှာ တပ်ဆင်ထားပါတယ်။ အရွယ်ကြီး 5,000mAh ဘက်ထရီ ပါလာပြီး အရွယ်အစား အပြည့်အစုံက 164.2 x 75.9 x 9.1mm ဖြစ်ပါတယ်။ အနက်၊ အပြာနဲ့ အနီရောင်တွေ ထုတ်လုပ်ထားပါတယ်။

Samsung က Galaxy A03 ရဲ့ ဈေးနှုန်းနဲ့ ရောင်းချမယ့် အချိန်ကို မပြောသေးပါဘူး။ ဒါပေမယ့် ကုမ္ပဏီက 3GB+32GB , 4GB+64GB နဲ့ 4GB+128GB Memory Option တွေကို နိုင်ငံအလိုက် ရောင်းချမယ်လို့ အသိပေးထားပါတယ်။

Ref : gizmochina